Main menu

HighLight News

Powered by Drupal

ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာရှိ ဓာတ်မြေဩဇာဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာအတွင်း (၁၈.၂.၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စိုက်ပျိုးရေးအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းရှိ/မရှိ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော တရားမဝင် ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေးအတွက် ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း များသည် မြို့နယ်ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်၊ စည်ပင်သာယာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၁၉.၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၁၅) အချိန်တွင်၊ ရေကြည်မြို့နယ် စည်ပင်သာယာဈေး အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းကြီးမြင့် ရောင်းချခြင်းရှိ/မရှိ၊ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်ပါရှိခြင်း ရှိ/မရှိကို မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့များဖြစ်သော မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ မြို့နယ်အခွန်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သက်ဆိုင်ရာထောက်ခံချက် အမှတ်ပါဝင်မှု ရှိ/မရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           ၂၀.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့ရှိ ဘုရင့်နောင်လမ်းမပေါ်ရှိ ဒေါ်မြအေး ကုန်မျိုးစုံ၊ ဒေါ်အေးကုန်စုံဆိုင်၊ ပြည်စုံလှိုင်ကုန်စုံဆိုင်၊ ဦးအောင်သန်း ကုန်စုံဆိုင်သို့သွားရောက်၍ ကလေးအသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံ အညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ရှင်းလင်းပြောကြားခဲ့ပြီး Lotus ဗူးသွပ် ရောနှောဆီများတွင် ရောနှောဆီရောင၈်းချမှု သက်မှတ်ချက်များအတိုင်းဖော်ပြထားပြီး သက်ဆိုင်ရာထောက်ခံချက် အမှတ်များ ပါဝင်ကြောင်း နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Online Salesနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

 

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိဦးအောင်ဇော်ဦးသည်  ecomreg system တွင် အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်း ဦးစိုးပိုင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင်လျှောက်ထားမှု လုပ်ငန်းရှိသည့်အတွက်  လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းသို့ သွားရောက် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

              စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိဦးအောင်ဇော်ဦးက အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း ecomreg system  တွင် မှတ်ပုံတင်လှောက်ထားစဉ်က အချက်အလက်များ ပြည်စုံမှန်ကုန်မှု ရှိ/မရှိကို Online Sales application ဖြင့်စစ်ဆေးခြင်း၊ လုပ်ငန်းအမှန် တကယ်ဆောင်ရွက်မှု မှန်ကန်မှု ရှိ/မရှိကို စစ်ဆေးပြီး ဦးစီးဌာနသို့ ဆက်လက်တင်ပြနိုင်ရန် မြေပြင်စစ်ဆေးချက် မှတ်တမ်းရယူခြင်း များ ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းမှတ်ပုံတင် certificate ရရှိနိုင်ရေး တက်လက်ဆောင်ရွက်ခဲ့ကြောင်းနှင့် လုပ်ငန်းရှင်အား အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုရှိ/မရှိကို မြေပြင် ကွင်းဆင်း ဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်စားအုန်းဆီလက်လီ၊လက္ကားရောင်းချသောဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

              ၁၉-၂-၂၀၂၄ရက်နေ့ နံနက် (၁၁:၀၀)အချိန်က ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များသည် ဓနုဖြူမြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ဆီအရောင်းဆိုင်များအား တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဆင့်တို့၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

              ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားအုန်းဆီ လက်ကား/လက်လီ အရောင်းဆိုင်(၁၀)ဆိုင်ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ဆိုင်ရှင်များကို ပြေကြားရာ ဝန်ကြီးဌာနအနေဖြင့် စားအုန်းဆီတင်သွင်းမှုအပေါ်အခြေခံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အလိုက် ဖြန့်ဖြူးရမည့်ပမာဏကို လျာထားသတ်မှတ်ပေးပြီး သတ်မှတ်ရည် ညွှန်းဈေးအပေါ် ဆီခွဲတမ်းထုတ်ယူမှု ကုန်ကျစရိတ် ထပ်ပေါင်း၍ အမြတ်၂ရာခိုင်နှုန်းဖြင့်သာ ဗီနိုင်းချိတ်၍ ရောင်းချရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ ဖွဲ့စည်းထားသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၊ စားသုံးဆီဖြန့်ဖြူး ရောင်းချမှုကြီး ကြပ်စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း  ဆီရောင်းချသူများမှ သတ်မှတ်ချက် များကို လိုက်နာ၍ သတ်မှတ်အရေအတွက်အတိုင်း သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူလက်ဝယ်သို့ မဖြစ်မနေ ရောက်ရှိစေရေး၊ စနစ်တကျ ဖြန့်ဖြူးရောင်းချစေရေးနှင့် စားအုန်းဆီတင်သွင်းသည့် လုပ်ငန်းရှင် များ၊ လက်ကား၊ လက်လီများ၏ ဖြန့်ဖြူးရောင်းချမှုများကို နေ့စဉ် ရောင်းချမှု စာရင်းပြုစုထားပြီး စစ်ဆေးရေးအဖွဲ့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေး မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှု မရှိသော လုပ်ငန်းရှင်များကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များက သိရှိလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ကြပြီး စစ်ဆေးတွေ ရှိချက်များကို ဦးစီးဌာနသို့ မှတ်တမ်းများနှင့်အတူ ပြန်လည် တင်ပြဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်စားအုန်းဆီလက်လီရောင်းချသောဆိုင်များ အားကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

             ၁၉-၂-၂၀၂၄  ရက်နေ့ နံနက် ၁၁:၀၀ အချိန်တွင် ပန်းတနော်မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းတနော်မြို့နယ် စားအုန်းဆီလက်လီရောင်းချ သောဆိုင်များအား ကွင်းဆင်းဈေးကွက် စောင့်ကြည့် စစ်ဆေးမှု ကိုဆောင်ရွက်ခဲ့ပါသည်။

              ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော် စာအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်(၃၃)ဆိုင် အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာ တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ စားအုန်းဆီ ကုန်သည်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန အစရှိသော မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ ပါဝင်ခဲ့ပြီး ဆိုင်များ၏ တစ်ဦးခြင်း ဆီထုတ်ယူ ရရှိမှုအပေါ် စားသုံးသူပြည်သူများ  နေ့စဉ်ရောင်းချပေးမှု နေ့စဉ် မှတ်တမ်း ရှိ/မရှိ၊ ဈေးနှုန်း ဗီနိုင်း ချိတ်ဆွဲရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ဆီလက်ကား ရောင်းချသူဦးနေဝင်းစိုး ဆီခွဲတမ်းရရှိမှု ပိဿာ ၁၁၀ အပေါ် ပြည်သူ ၂၂၀ ဦးအား ရည်ညွှန်းဈေး (၇၆၅၀)ကျပ်ဖြင့် ရောင်းချပေးရမည့်အပေါ် ရောင်းချပြီး ပိဿာ လက်ကျန် ပိဿာတို့ကို စစ်ဆေးပြီး ရောင်းချမှု စာရင်းနေ့စဉ် မှတ်တမ်းရေးသွင်းထားရန်နှင့် ကျန်ရှိသော ဆီလက်ကားဆိုင်များကိုလည်း ထိုနည်းတူစွာ စစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ရှိပါက လိုက်နာဆောင်ရါက်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

              ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များက လုပ်ငန်းရှင်များကို  ဆီထုတ်ယူပြီး ပြန်လည်ရောင်းချသည့်အခါတွင် ကုန်ကျစရိတ် ထပ်မံဖြည့်သွင်း၍ ၂ရာနှုန်း အမြတ်ဖြင့်သာ ရောင်းချမှုရန်၊ သတ်မှတ်ချက်များကို လိုက်နာမှုမရှိသောပါက  အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်မည်ကို လိုက်နာဆောင်ရွက် မည်ဖြစ်ကြောင်း အဖွဲ့စုံရှေ့တွင် ဝန်ခံကတိပြု မှတ်တမ်းသွင်းခဲ့ကြပြီး သိရှိကြောင်း လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်စားအုန်းဆီလက်လီရောင်းချသောဆိုင်များအားကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

                ၁၉-၂-၂၀၂၄  ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားအုန်းဆီလက်လီရောင်းချ သောဆိုင်များအားကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကိုဆောင်ရွက်ခဲ့ပါသည်။

           ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ်အတွင်း ဆီရောင်းချသည့် လက်ကား/လက်လီအရောင်းဆိုင်(၂၈)ဆိုင်မှ စားအုန်းဆီရောင်းချနေမှု အခြေအနေများကို စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို အဖွဲ့စုံဖြင့်  စားအုန်းဆီ ပြည်သူများ လက်ဝယ်အရောက် ဝယ်ယူရရှိရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်  ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စစ်ဆေးတွေ့ရာတွင် ဆီအရောင်းဆိုင်ရှင်များကို တစ်ဦးခြင်း ဆီထုတ်ယူရရှိသည့် ပိဿာကို စစ်ဆေးခြင်း၊ ဈေးနှုန်းများ ဗီနိုင်းချိတ်ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ နေ့စဉ် ခွဲတမ်းရရှိသော ဆီများကို စားသုံးသူဝယ်ယူမှု ကျန်ရှိပိဿာများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ဆီရောင်းချမှု ပိဿာစာရင်းများကို Reg စာအုပ်ဖြင့် ရေးသွင်းထားခြင်း မရှိသည့် ဆိုင်များကို စစ်ဆေးခြင်း၊ ဆီထုတ်ယူပြီး ကုန်ကျစရိတ် ထပ်မံဖြည့်သွင်း၍ ၂ရာနှုန်းအမြတ်ဖြင့်သာရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာမှု မရှိသော ဆိုင်များကို ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း၊ နောက်ဆုံးအကြိမ် ဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး၊ ဆီအရောင်းဆိုင်များမှ သိရှိလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းကို အဖွဲ့စုံရှေ့တွင် ဝန်ခံကတိပြု မှတ်တမ်းသွင်းခဲ့ကြပြီး ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်မည်ဖြစ်၍ လိုက်နာမှု မရှိကြောင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ စီမံခန့်ခွဲရေးနည်းလမ်း များအရ အရေးယူဆောင်ရွက်မည်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုင်ရှင်များက သိရှိကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

              မအူပင် စာအုန်းဆီအရောင်းဆိုင်(၂၆)တိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ စားအုန်းဆီကုန်သည်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန အစရှိသော မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် ကလေးဖြည့်စွက်စာ အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချသော ကလေးဖြည့်စွက်စွာ အာဟာရမှုန့်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုးဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး  ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း အသိ ပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် “မြန်မာ့စွမ်းအား”ခေါက်ဆွဲခြောက်လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊မင်းရဲကျော်စွာလမ်း၊မြို့မရပ်ကွက်ရှိ  “မြန်မာ့စွမ်းအား” ခေါက်ဆွဲခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည် များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်တွင် စားသုံးသူရေးရာအသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၈.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက် ခဲ့ပါသည်။

           အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက  စားသုံးသူကာကွယ်ရေးဥပဒေပါ ကြော်ငြာခြင်းဆိုင်ရာတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူများ အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက Consumer Call Center 1535 သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကို လည်းကောင်း၊ တိုင်ကြားရာတွင် နစ်နာသည့် စားသုံးသူကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်များ၊ နစ်နာသည့် စားသုံးသူနှင့်ဆက်နွယ်သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများမှလည်းကောင်း၊ စားသုံးသူကာ ကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှလည်း တိုင်ကြားနိုင်ကြောင်း   အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News