Main menu

HighLight News

Powered by Drupal

“ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက် အ.မ.က အရှေ့ပိုင်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ စားသုံးသူရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦး၊ မြို့နယ် တိုင်းရင်းဆေးပညာကုသရေးဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက်တွင် အ.မ.က အရှေ့ပိုင်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကလေး များစာဖတ်ကြစေဖို့ကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးများ၊ အလိမ္မာစာမှာရှိ၊ ပညာရွှေအိုး လူမခိုး စသည့်ဖြင့် ဆောင်ပုဒ်များနှင့် လူငယ်လူကောင်းဖြစ်ရန်စာများများ ဖတ်စေလိုကြောင်း ဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန် လက်ဆေးကြရန်၊ လက်မဆေးခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်မည့်ရောဂါများအကြောင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အဓိပ္ပါယ်နှင့် အစားအစာများ ဝယ်ယူရာတွင် ကြည့်ရှု့ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သတိပြု ရမည့်အချက်များနှင့် စားသုံးသူများ နစ်နာမှုရှိလျှင် တိုင်ကြားနိုင်ခြင်းများအကြောင်းတို့ကို ကလေးများ နားလည်နိုင်သည့် အရွယ်နှင့်ညီမျှသော အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၀)ဦးတက်ရောက်ခဲ့ပြီး အ.မ.က အရှေ့ပိုင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မေက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက်ရှိ အခြေခံအထက်တန်းကျောင်း၌စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့ စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေးအတွက် ကော့မှူးမြို့နယ် ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပ စေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ဇွန်လ (၅)ရက်နေ့၊ နံနက်(၀၇:၀၀) နာရီအချိန်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကော့မှူမြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ကော့မှူးမြို့နယ် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့သစ်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ အုတ် ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် စာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင်စားသောက်ဆိုင်များ ဝန်ဆောင်မှုဆိုင်ရာ Talk Show ပြုလုပ်ခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသောက်ဆိုင်များ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့သည် အစားအသောက် ရောင်းချဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း၊ အစားအသောက်ချက်ပြုတ်သူနှင့် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားဆောင်ရွက်သင့်ကြောင်း အသုံးပြုသည့် အိုးခွက်ပစ္စည်း ကိရိယာများနှင့် အစားအသောက်များ ထည့်ရန်ပစ္စည်း အသုံးအဆောင်များ သန့်ရှင်းသပ်ရပ်စွာ ထားရှိရေးနှင့် အစားအသောက်များအား ကျက်သည်အထိ သေချာစွာချက်ပြုတ်ရန် လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများအား သတ်မှတ် ကာလများအလိုက် ဈေးကွက်စောင့်ကြည့် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ပြည်တော်သာရပ်ကွက်အခြေခံပညာမူလတန်းကျောင်းမျက်နှာစာရှိ ပျံကျဈေးဆိုင်များရှင်းလင်းဖယ်ရှားပြီး”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက် အခြေခံပညာမူတန်းကျောင်း မျက်နှာစာရှိ ပျံကျဈေးဆိုင်များအား ဇွန်လ (၄)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် စာသင်ကျောင်း ဥပတိရက် ကောင်းမွန်စေရေး၊ သန့်ရှင်းလှပစေရေးတို့အတွက် ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးသွားကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ပြည်တော်သာရပ်ကွက် အခြေခံပညာမူလတန်း ကျောင်း မျက်နှာအတွင်း အခြေခံစားသောက်ကုန်၊ အလှကုန်ပစ္စည်းများအား အချိန်ပိုင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များမှ ဆိုင်ပိုင်ရှင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများအား ဇွန်လကုန်ပိုင်းတွင် လမ်းတစ်ဖက်ခြမ်းကပ် ပျံကျဈေးတန်းအား ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန် တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများဈေးဝယ်သူ ဈေးဝယ်သားများ၊ ရပ်ကွက်သူရပ်ကွက်သားများ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးပါ (၂)ဉီးတို့သည် (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အောင်သုလမ်း၊ ဈေးရပ်ကွက်ရှိ ဒေါ်ကြူကြူကုန်မျိုးစုံသို့ ရောက်ရှိခဲ့ရာ ကျေးရွာအုပ်စုပေါင်း(၁၂)အုပ်စုသို့ ခွဲဝေပေးပါ ကြောင်း၊ ကျေးရွာနေပြည်သူများမှ လည်း မိမိတို့ရရှိသောခွဲတမ်းများအား နေ့စဉ်လာရောက်ထုတ်ယူပါ ကြောင်း၊ စနစ်တကျ ခွဲဝေပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း သိုလှောင် ထားခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဉီးကြည်စိုးစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးပါ (၂)ဦးတို့သည် ဌာနလမ်းရှိ စားအုန်း ဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် ဆိုင်ရှင် ဉီးကြည်စိုးမှ မိမိရရှိသောစားအုန်းဆီများသည် ကိုယ်စားလှယ် ဦးဇေမှ ခွဲဝေပေးခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၁)လလျှင် (၂.၅၀)ကျပ်သားရရှိပြီး ကျေးရွာအုပ်စုပေါင်း (၄)အုပ်စုသို့ နေ့စဉ်ခွဲဝေရောင်းချပေးပါ ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် လာရောက်ထုတ်ယူကြပါကြောင်း၊ ဈေးနှုန်း လည်းမြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း၊ ရရှိသောခွဲတမ်းများကိုလည်း နေ့စဉ်လက်ကျန်များ မရှိအောင် ရောင်းချပေးပါကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ မှော်ဘီမြို့ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၅)နာရီအချိန်တွင် မြို့မဈေးရှိ ဉီးအောင်ကျော်ထူး စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် ဘီ(၂)၊ အခန်း(၇/၈)၊ မြို့မဈေးရှိ စားအုန်းဆီလက်လီရောင်းချနေသော ဆိုင်သို့ ရောက်ရှိခဲ့ရာ မိမိရရှိသောခွဲတမ်းသည် Aung Oo Thar Co.,Ltd မှ ရရှိပြီး ပြည်သူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် နံနက်(၈)နာရီမှ ညနေ (၃)နာရီအထိ ရောင်းချပေးပါ ကြောင်း၊ အများပြည်သူမြင်သာအောင် ဈေးနှုန်း Vinyl ကိုလည်း ချိတ်ဆွဲထားကြောင်း စစ်ဆေးတွေ့ရှိ ရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ အစည်းအဝေးကျင်းပ

(၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ အထွထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးနိုင်နိုင်ဉီး၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဉီးဇော်မြင့်၊ မြို့နယ်ခွဲတာဝန်ခံနှင့်သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေး ရန်ကိစ္စ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံချက်အရ တောင်သူများအား “ဟိန်းသစ်ရှင်”ကုမ္ပဏီမှ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ရာတွင် လက်ခံရရှိပြီးသော တောင်သူများအနေဖြင့် ကြွေးကျန်စပါးတင်းများ သတ်မှတ်ရက်အတွင်း ပြန်လည်ပေးသွင်းရန် မြို့နယ်အုပ်ချုပ် ရေးမှူး ဉီးနိုင်နိုင်ဉီးက ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း တောင်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ုကုန်)

မှော်ဘီမြို့နယ်ရှိ ဥစားကြက်မွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေးခြင်း

မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဉီးဆောင်၍ (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ လျှပ်စစ်နှင့်ဓါတ်အားပေးရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့သည် မှော်ဘီမြို့နယ်ရှိ ဥစားကြက်မွေးမြူရေး (၃)ခြံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောကုန်း(၁)ရှိ CRYSTAL DRAMANT ဥစားကြက်မွေးမြူရေး ခြံ၊ ဝါးနက်ချောင်းကျေးရွာရှိ Feed Maf ဥစားကြက်မွေးမြူရေးနှင့် ညောင်နှစ်ပင်ရှိ ရွှေစံပယ်ဥစား ကြက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ကြက်ခြံတစ်ခြံတွင် မဒန်းကြက် အကောင်ရေ၊ ဥစားကြက်အကောင်ရေ၊ တစ်ရက်ဥနှုန်း၊ ကြက်အစာနှင့်ဆေးအသုံးတန်ဖိုးများ မေးမြန်းခဲ့ပြီး ကြက်ဥများကို မှော်ဘီမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်ရှိ ကြက်ဥဒိုင်များသို့ (၁)ပိဿာ လျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart ကျန်စစ်မင်းမှ မန်နေဂျာ ဒေါ်မျိုးမျိုးမြင့်အောင်က မိမိရောင်းချနေ သော အမှတ်တံဆိပ်များမှာ JAJUAR, SAMSONIC, SHARP, MIDEA, ALPHA နှင့် FUSU တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာလိုများရေးသားဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်အချက်များကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

Pages

Subscribe to RSS - HighLight News