Main menu

HighLight News

Powered by Drupal

ကလေးဝမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) သည် ကလေးဝမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် စားအုန်းဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် ( ၁/၂၀၂၁ ) နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခဲ့ရာ ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် အသားတင်အလေးချိန်များအား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) သည် ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများပြတ်လပ်မှု ရှိ/ မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/ မရှိနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိစေရန်အတွက် ဈေးကွက်အတွင်း မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ရှိ အောင်ရတနာ နှစ်ပြန်ကြော် အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ( ၁၇.၁၂.၂၀၂၅ ) ရက်နေ့တွင် အောင်မင်္ဂလာရပ်ကွက်အတွင်းတည်ရှိသည့် အောင်ရတနာ အမှတ်တံဆိပ်ဖြင့် ရောင်းချလျက်ရှိသည့် နှစ်ပြန်ကြော်အလုပ်ရုံအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အောင်ရတနာ အမှတ်တံဆိပ် နှစ်ပြန်ကြော် ထုပ် ( ၁၀ ) ကျပ်သား၊ ( ၂၅ ) ကျပ်သားနှင့် ( ၁ ) ပိဿာ ထုပ်များပေါ်တွင် “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိပြီး နှစ်ပြန်ကြော်ထုပ်များတွင် ဖော်ပြထားသည့် အသားတင် အလေးချိန်အားပြည့်မှီစွာ ချိန်တွယ်ရောင်းချရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းများဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း ( ၁၀ ) ပါ “ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ” ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ဟုမ္မလင်းမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) သည် ဟုမ္မလင်းမြို့၊ မြို့ဈေးအတွင်း ရောင်းချလျက်ရှိသည့်ကုန်စုံဆိုင်များအား မိတ်ဖက်ဌာများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသည့် သွားတိုက်ဆေးအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် ( ၂/၂၀၁၉ )ပါ မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင် ရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံနည်းလမ်းများအတိုင်း ထားသိုရောင်းချခြင်း ရှိ/ မရှိများကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ အ-ထ-က ( ၇ ) ကျောင်းအတွင်းရှိ မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်ရှိ အထက ( ၇ ) ကျောင်းဝန်းအတွင်းရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးတန်းအား ( ၁၆.၁၂.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

              ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသည့် မုန့်ဆိုင် ( ၃ ) ဆိုင်တွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာစာဖြင့်ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/ မရှိနှင့် ကျောင်းသား/ ကျောင်းသူများ အတုယူလွဲမှားစေနိုင်သည့် အစားအသောက်ပုံစံများ ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်၏ (၁၂/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

        ရွှေဘိုခရိုင်အနေဖြင့်(၁၂/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးစိန်အောင် (ကလေး ကစားစရာနှင့်စတိုး) စိန်သရဖူ(ကုန်စုံဆိုင်) ဖွေးဖွေး(ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်) အမှတ်()ရပ်ကွက်ရှိ ရွှေဖီညွှန့် (ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီ ကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့ အမှတ်(၄)ရပ်ကွက်၊ ကျီတော်စုရပ်ရှိ ဝင်းဝင်းတောက်အမှတ်တံဆိပ် ပဲချောင်းထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၁၂/၂၀၂၅)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          (၁၀.၁၂.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၁၂/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

        ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂.၁၂.၂၀၂၅) ရက်နေ့တွင် ဆေးဆိုင်လုပ်ငန်းရှင်၊ (၅.၁၂.၂၀၂၅)ရက်နေ့တွင် ဆေးဆိုင်လုပ်ငန်းရှင်၊ (၉.၁၂.၂၀၂၅) ရက်နေ့တွင် ဆန်ရွေးစက်လုပ်ငန်းရှင်၊ (၁၇.၁၂.၂၀၂၅)ရက်နေ့တွင် မုန့်လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊  အမိန့်၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးနှင့် ဟင်းနုနွယ်ရွက်များကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲစောင်းလျားသီး(၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ၁ ပိသာလျှင် (၂၈၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်းမှာ အစီးသေးတစ်စီးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူမျးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် လမ်းလျှောက်ပွဲအထိမ်းအမှတ် စားအုန်းဆီရောင်းချပေး

       စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ဒီဇင်ဘာလတတိယပတ် လူထုလမ်းလျောက်ပွဲအထိမ်းအမှတ်အဖြစ် စစ်ကိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် လမ်းလျောက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားသူများ၊ ရပ်ကွက်ကျေးရွာရှိ ပြည်သူများ အားကန့်ဘလူမြို့နယ်လက်လီကိုယ်စားလှယ်ဦးနွေဦးမှ စားအုန်းဆီရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါလမ်းလျှောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ကန့်ဘလူမြို့၊ မြို့တော်ခန်းမရှေ့မှစတင်ကာ အစိုးရစက်မှုလက်မှု(သိပ္ပံ)ကျောင်းအထိ တစ်ပျော်တစ်ပါးလမ်းလျှောက်ခဲ့ရာ ကိုယ်ကာယလေ့ကျင့်ခန်းစုပေါင်းပြုလုပ်ပြီး နံနက်စာကော်ဖီနှင့် မုန့်တို့ဖြင့်ဧည့်ခံကာ ကံစမ်းမဲများဖောက်ပေးခဲ့ကြောင်း၊ ဆက်လက်၍ လမ်းလျှောက်ပွဲတွင်ပါဝင်ခဲ့သူ လူဦးရေ(၄၀၀၀)ကျော်ကို ဆန်()ပြည်အခမဲ့ပေးခဲ့ပြီး ()ဦးလျှင်စားအုန်းဆီ(၅၀)ကျပ်သား ရောင်းချရောင်းချပေးခဲ့ရာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News