Main menu

HighLight News

Powered by Drupal

လက်ပံတန်းမြို့ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          အွန်လိုင်းစနစ်ဖြင့်‌ရောင်း ဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှအမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့်သတ်မှတ်ကြညာခဲ့ပြီးဖြစ်ရာ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လက်ပံတန်းမြို့ ပေါက်ကုန်း၊ ဆင်ဖြူတော်လမ်းရှိ  ဒေါ်ယုနန္ဒာအေး၏ ဘိုရင်းမေမေအိမ်လုပ်ကလေးအစားအစာများ Online  Sale  မှတ်ပုံတင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်း   စစ်ဆေး၍လျှောက်ထားသည့် အချက်အလက်များနှင့်အမှန် တကယ် ကိုက်ညီမှုရှိမှသာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည် ဖြစ်သည့်အတွက်  သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီ၊ဒု-ဦးစီးမှူး ဒေါ်ကြည်ကြည်ချိုတို့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ Online  Sale  မှတ်ပုံတင်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများအနေဖြင့် စားသုံးသူတိုင်ကြားမှုကို ဥပဒေအရခုခံကာကွယ်ပိုင်ခွင့်ရရှိခြင်း၊ တရားဥပဒေနှင့်အညီ  ဆောင်ရွက်နေသည့်အတွက် တရားဝင်အရေးဆိုတင်ပြခွင့်ရှိခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချတဲ့လုပ်  ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းကို မဖြစ်မနေမှတ်ပုံတင်ရန်လိုအပ်ပါကြောင်း ဆွေးနွေးစစ်  ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့မဈေးအတွင်း စားသုံးဆီ လက်လီလက်ကား ရောင်းချသည့် ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေး

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့မဈေးအတွင်း ရောင်းချလျက်ရှိ သော စားသုံးဆီ လက်လီလက်ကား ရောင်းချသည့်ဆိုင်များအား ဈေးကွက်အတွင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမရှိစေရန်၊ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ ဈေးကွက်အတွင်း စားသုံးဆီ ပြတ်လပ်မှု မရှိစေရန် ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက်ကျော်နှင့် မြို့ နယ်တာဝန်ခံ ဦးကျော်သက်မိုးတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာအဖွဲ့တို့နှင့်အတူ စားသုံးဆီလက်လီလက်ကား ရောင်းချသည့်ဆိုင်များအားသတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချရေး၊ ရောင်းချရာတွင်လည်း (၂)ရာခိုင်နှုန်းထက်ပို၍ ရောင်းချမှုမရှိစေရေး၊ အရောင်းအဝယ် လက်ခံသည့် ဘောင်ချာများထားရှိရေး၊ ကုန်စုံဆိုင်အမည် နှင့် ရောင်းချသည့် ဈေးနှုန်းကပ်ထားသည့် ဗီနိုင်း၊ ပိုစတာ တို့အား အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိ တို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သတ်မှတ်ရည်ညွှန်းဈေး အတိုင်းရောင်းချရန် စားသုံးဆီလက်လီလက်ကား ရောင်းချသည့် လုပ်ငန်းရှင်များအား ခေါ်ယူဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အပြင် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့၌ ကျောက်တံခါးမြို့နယ်တွင် လက်လီလက်ကား ရောင်းချနေသည့် စားသုံးဆီလုပ်ငန်းရှင်များအား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူ၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

            တွေ့ဆုံပွဲတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူး နှင့် ကျောက်တံခါးမြို့နယ်တာဝန်ခံတို့သည် စားသုံးဆီလက်လီလက်ကား ရောင်းချသည့်လုပ်ငန်းရှင်များအား  သတ်မှတ်ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်၊ ဈေးကွက်ထဲတွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန် သတိပေးပြောကြားခဲ့ပြီး ဆီလုပ်ငန်းရှင်များမှ တင်ပြသည့် အခက်အခဲများကိုလည်း ပေါင်းစပ်ညှိနှိုင်းပေးကာ ဆွေးနွေးအဖြေရှာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ် ချောင်းဖြူကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် (၂၄.၂.၂၀၂၅)ရက် နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား/ကျောင်းသူ ၇၀ ဦးအားလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေ ပြည်သူ ၄၀ ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

            အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားရှိပြီးဖြစ်ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲသင့်ပုံများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးဟောပြောခဲ့ပါသည်။

            ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အသိပညာပေးဟောပြောရာတွင် စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ အွန်လိုင်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များ၊ ကုန်စည်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားခြင်းများအား ဖြေရှင်းဆောင်ရွက်ပေးမှုများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အထက(၂)ကျောင်းမုန့်ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများသည်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်းကာတောင်ငူမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်များအရ (၂၄.၂.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

              အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်များ၊ အသင့်သောက်အချိုရည်များ၊ မြန်မာ့ရိုးရာမုန့်များ၊ အသုပ်များ၊ သစ်သီးသုပ်များကိုရောင်းချလျက်ရှိ ရာ အသင့်စားမုန့်များနှင့် အချိုရည်များတွင်ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား စစ်ဆေးခြင်း၊ မြန်မာ့ရိုးရာမုန့်များ၊ အသုပ်စုံများနှင့် သစ်သီးသုပ်များတွင် စားသုံးရန်မသင့်သည့် ဓါတုဆေးများ မပါရှိစေရေးနှင့် သန့်ရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

              စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးမှ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းမရှိသော မုန့်နှင့်အချိုရည်များအား ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ အစားအသောက်များသန့်ရှင်းရေး၊ ဓါတုဆေးဝါးများမရှိစေရေးတို့ကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးအောင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ဇင်မာဌေးတို့ဦးဆောင်သောဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၄:၃၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့်ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်  ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူများ မြင်သာသောနေရာတွင် မြင်သာသည့်စာလုံးအရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်( ၀၈:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ အလက-ဒေါတမ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.လ.က-ဒေါတမ ကျောင်းဝန်းအတွင်းရှိ ကျောင်း မုန့်ဈေးတန်းများ၌ ရောင်းချနေသော မုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/ ၂၀၁၉ ) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များ ရောင်းချ နေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံး လက်အိတ် များသုံးစွဲခြင်း၊ ယင်လုံဇကာများဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိ ရပါသည်။

          ကျောင်းမုန့်ဈေးတန်း၌ မုန့်ရောင်းချနေသူများအနေဖြင့် အစားအသောက်များကိုင်တွယ်ရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာ ဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၄ ) ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မုန့်မျိုးစုံ ရောင်းချနေသော အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လောဓမ္မရပ်ကွက်ရှိ မုန့်အများစုတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသော မုန့်မျိုးစုံများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး မုန့်ဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် မုန့်များ ကိုသာ တင်သွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်ကမ်းများနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ရေကြည်မြို့နယ်တာဝန်ခံရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း

            ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် ၂၀.၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်တာဝန်ခံသည် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MYRO မှတ်ပုံတင်ရန် ကျန်ရှိသောဆန်စက်များအား အမြန်ဆုံးမှတ်ပုံတင်ဆောင်ရွက်ရန်နှင့် MRF မှ သတ်မှတ်ပေးထားသော ဆန်သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့် ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုတွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန်ကြီးထောင့်မြို့နယ်၊ ဒါးကဈေးတွင် သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ စာသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၁၉.၂.၂၀၂၅ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဒါးကဈေးအတွင်းရှိ ဆေးဆိုင်များဖြစ်သော ကိုအောင်သူ (၁) နှင့် (၂) ၊ ဦးလှရှိန်၊ ကိုသန့်ဇင်၊ သစ္စာ၊ ဆုထူးအောင်၊ သင်းပြည့်အောင်နှင့် ခရေနီ ဆေးဆိုင်များတွင် ရောင်းချသည့် ဆေးဆိုင်များတွင် FDA ထောက်ခံချက်ပါရှိသော ဆေးဝါးကိုသာ ရောင်းချခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများအား FDAမှ ပြန်လည်သိမ်းဆည်းခြင်းများပြုလုပ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News