Main menu

HighLight News

Powered by Drupal

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကိုလည်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မူလွန်တိုက်ကြီး ဆင်ဦးကျေးရွာကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် စာပေအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးဖြင့် ကုသနိုင်သည့် ရောဂါများအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကုန်စည်များဝယ်ယူခြင်းမပြုမီ ကြိုတင်သတိပြုရမည့်အချက်များ အကြောင်းတို့ကို အသီးသီးဆွေးနွေးဖော်ပြခဲ့ကြသည်။

        အဆိုပါ အသိပညာပေးဟောပြောသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း (၁၅၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြူမှ ယခုကဲ့သို့ အသိပညာပေး ဟောပြောခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ဈေးကွက်များအတွင်းဆပ်ပြာခဲ အမျိုးမျိုးတို့အားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း စစ်ဆေးရမည့် ဆပ်ပြာခဲအမျိုးမျိုးတို့အား  ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်းရောင်းချသော နွေးနွေး အလှကုန်နှင့် ကုန်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး၊ ဒေါ်ငြိမ်းငြိမ်းသူ အလှကုန်နှင့်ကုန်မျိုးစုံဆိုင်၊ ဒေါ်မိုးစန္ဒာ ကုန်စုံဆိုင်တို့မှ NUVO (ပိုးမွှားကင်းစင်ရေချိုးဆပ်ပြာခဲ)၊ DOMI (ကြည်လင်အေးမြ ပြင်သစ်မွှေးရနံ့ဆပ်ပြာ)၊ Family Care (မိသားစုဆပ်ပြာ)၊ PARIS (ဆပ်ပြာမွှေး)၊ Life Plus (ဆပ်ပြာမွှေး)တို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူများ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် နေ့စဉ်သုံးစွဲနေရသော ဆပ်ပြာခဲအမျိုးမျိုးတို့အား ရောင်းချရာတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၇.၁.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ City Martများ၊ ဆီအရောင်းဆိုင်များသို့ သွားရောက်၍ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများဖြစ်သော သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)၊ ရွှေ(မြေပဲဆီသန့်)၊ City Selection(မြေပဲဆီ)၊ ရွှေအုံ (မြေပဲဆီသန့်)၊ ဧရာဝတီ(မြေပဲဆီသန့်)နှင့် Meizan (အဆင့်မြင့်ဟင်းသီးဟင်းရွက်ဆီ) စသည့်အမှတ် တံဆိပ်များတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့် ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၁.၂၀၂၆) ရက် နေ့ နံနက်(၀၉:၄၀)နာရီအချိန်တွင် သဲကော်လရှင်အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၁၂၂/က)၊ ရွှေဝါ(၁)လမ်း၊ မြို့သစ်(ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်မှ (၃၁)ရက်အတွင်း ပြည်ခရိုင်တွင် တရားမဝင်ဆင်းကတ်ရောင်းချမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်အတွင်း တရားမဝင်ဆင်းကတ်များ ရောင်းချမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ (၃၁)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဗိုလ်ချုပ်လမ်း၊ ဆံတော်ရပ်ကွက်ရှိ ဦးနေသူရိန်၏ “AEC Mobile” ဖုန်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ပရိက္ခရာတန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဒေါ်သဉ္ဇာစိုး၏ “ရွှေစည်ဟိန်း” ဆင်းကတ် အမျိုးမျိုးရောင်းချသည့်ဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်ရှိ ဒေါ်မေဖြိုးနိုင်၏ “ဖြိုးဖြိုးမိုဘိုင်း” ဖုန်းအမျိုးမျိုးရောင်းချမည့်ဆိုင်များသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဆင်းကတ်အရောင်းကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များအပါအဝင် ဆင်းကတ်ရောင်းချသူမည်သူမဆို အော်ပရေတာများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/ မရှိ သက်ဆိုင်ရာအော်ပရေတာနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့် ဆင်းကတ်အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များမှ ဆင်းကတ်ရောင်းချခြင်းမပြုစေရန် ကြိုတင်မှတ်ပုံတင်ထားသော ဆင်းကတ်များ ရောင်းချမှုမရှိစေရေးနှင့် ဆင်းကတ်များကို ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချမှုရှိ/ မရှိ၊ ဆင်းကတ်ရောင်းချသူများမှ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက် မှန်ကန်စွာဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းတို့နှင့် ပတ်သက်၍ လိုက်နာရမည့် အမိန့်ကြော်ညာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ဖုန်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်ရာများတွင် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဈေးကွက်ရောက်ကုန်စည် အသင့်သောက်အချိုရေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၅.၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် မအူပင်မြို့၊ ၁၂ရပ်ကွက်ရှိ အချိုရည်လက်ကား ဆိုင်(၅)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်သောက်များတွင် အချိုရည်ဗူးများ တွင်   ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ လက်ကားဆိုင်ကြီးများတွင် ရောင်းချနေသော အသင့်သောက်များတွင်အချိုရည်ဗူးများဖြစ်သော  Asia သီးစုံအချိုရည်အမျိုးမျိုး၊ Caraboa အားဖြည့်အချိုရည်၊ V Coode အချိုရည်၊ SPEED အားဖြည့်အချိုရည်၊ Royal D သီးစုံဓါတ်ဆား အားဖြည့်အချိုရည်၊ Max + အချိုရည်၊ PEPSI  ကိုလာအချိုရည်၊ Sunkist အချိုရည်၊ SHARK အားဖြည့်အချိုရည် Sprite အချိုရည်စသည့်အမှတ်တံဆိပ်များတွင်  ကုန်အညွှန်အမှတ်အသားစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ၊ ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ် ကင်းဝေးစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း ဆိုင်ရှင်များကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးတွင်(..၂၀၂) နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါ လုပ်ငန်းရှင်များအသိပညာပေး တွေ့ဆုံဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် စပါးရောင်းဝယ်မှုအခြေအနေများ၊ စပါး/ ဆန်ဈေးကွက်နှင့် ကြိတ်ခွဲမှု ဆန်အရည်အသွေး ကောင်းမွန်စေရေး၊ ဆန်တင်ပို့ရာတွင် ကုန်ပို့လွှာနှင့် အတူ တင်ပိုဆောင်ရွက်ရန်ကိုလည်းကောင်း တင်ပြမေးမြန်းဆွေးနွေးပြီး၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် MyRo တွင် လစဦ်ကုန်ရ၊ ကုန်ထုတ် စာရင်းများကို လဆန်းရက်များတွင် မဖြစ်မနေဖြည့်သွင်းရန်၊ သက်တမ်းတိုးပြည့်မီသူ လုပ်ငန်းရှင်များက သက်တမ်းတိုးလုပ်ငန်းကို ဆောင်ရွက်ရန်ကိုလည်းကောင်း၊  ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်တို့မှ သိရှိလိုသည်များရှိပါက Call Center 1535 သို့ စားသုံးသူကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးသူကာကွယ် ပေးရေးဥပဒေ၏ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားပြီး ဆန်စက်လုပ် ငန်းရှင် (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Msme လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဆွေးနွေးခြင်း

         ၅.၁.၂၀၂၆ ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခမ်းမတွင် မအူပင်မြို့နယ် Msmeလုပ်ငန်းရှင်(၇)ဦးအား မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို နိုင်ငံတော်မှ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ လစဉ် ဆီရရှိမှုများကိုလည်း လုပ်ငန်းရှင်ထံသို့ ရရှိမှုပိဿာများအတိုင်း မှန်ကန်စွာထုတ်ယူအသုံးပြုနိုင်ရန်အတွက် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်းကောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းရှင်တိုမှ ထုတ်လုပ်သော ကုန်စည်များတွင်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်စေရေးတို့ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းကျင်စဉ်နှင့် အညီထုတ်လုပ်ပြီး သက်ဆိုင်ရာဌာနဆို့၏ ထုတ်ပြန်ထားသော ဥပဒေ၊ ပြဌာန်းချက်၊ အမိန့်ညွှန်ကြားချက်များကို လိုက်နားဆောင်ရွက်ကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်နှင့်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအကြောင်းကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ လုပ်ငန်းရှင်(၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် ပြည်သူအသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၅.၁.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ(၇၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဟင်္သာတမြို့နယ်အတွင်းရှိ အိမ်ထောင်စုအလိုက် ကုမ္မဏီများမှစားသုံဆီ ဖြန့်ဖြူးပေးနေသည့်အပေါ် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကြီးကြပ်စီစစ်ဆောင်ရွက်မှုများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(ConsumerInformation and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုအသိပညာပေး ဆွေးနွေးခဲ့  ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

         (၆.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင် ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊  စံပြဖဆပလရပ်ကွက်၊ ဖဆပလဈေးအတွင်းရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ဧရာဝတီပေါ်ဆန်း၊ ဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News