Main menu

HighLight News

Powered by Drupal

MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၆-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ထွန်းသူရဆန်စက်သပြုကျေးရွာသို့သွားရောက်၍ ဆန်စပါးဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုရှိ/မရှိ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊ ဆန်စက်ကြိတ်ခွဲထွက်ရှိသော ဆန်များကို မြို့နယ်တွင်းလက်ကားဖြန့်ဖြူးရောင်းချသူများသို့ သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချမှု ရှိ/မရှိကိုလည်းကောင်း စားသုံးသူပြည်သူကို တိုက်ရိုက်ဆန်စက်မှ သတ်မှတ်ရည်ညွှန်းဈေး ၁ပြည်လျှင် ၃၀၀၀/-ကျပ်ဖြင့်ရောင်းချနေမှုကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းမုန့်ဈေးတန်းရှိ မုန့်များအား စားသုံးရန်သင့်/မသင့်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အကျော် (အ.ထ.က) စာသင်ကျောင်းတွင် ပညာသင်ယူသူလူငယ်များ ပစ္စုပ္ပန်တွင်သာမက ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်းကို (၁၄-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
         ဓနုဖြုမြို့အကျော် အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင်  ရောင်းချနေသည့် မုန့်ဆိုင် ၆ဆိုင်ရှိ အစားအသောက်နှင့်မုန့်များတွင် FDA မှတားမြစ်ထားသော မုန့်များရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်မုန့်များကိုစစ်ဆေးခြင်း၊ မသန့်ရှင်းသော အစားအသောက်များရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ မိုးရာသီဖြစ်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်သည့်အတွက် ယင်နားစာများကိုမရောင်းချကြရန်၊ အုပ်ဆောင်း၊ စကာ၊ အဖုံးများအုပ်၍ရောင်းချကြရန်၊ မြန်မာမုန့်ရောင်းချသူများအနေဖြင့် ခေါင်းစွပ်၊ လက်အိတ်များအသုံးပြု၍ မြန်မာမုန့်များကို ကိုင်တွယ်ရောင်းချကြရန်၊  တစ်ကိုယ်ရည်သန့်ရှင်းကို အထူးဂရုစိုက်ကြရန်၊ မုန့်ဈေးတန်းပတ်ဝန်ကျင်အနီး ရေဝပ်ခြင်းများမရှိရန်နှင့် ခြင်မပေါက်ဖွားစေရေးတို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အချက်များကို အပတ်စဉ်စစ်ဆေးမှုများလုပ်ဆောင်ကြရန် ဈေးဆိုင်ရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်စေရေး မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ညောင်တုန်းမြို့နယ်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နယ်မြေစခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် ၁၅-၈-၂၀၂၄ ရက်နေ့၊ ညနေပိုင်းတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှုရှိ/မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ကြသည်။

      ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်း‌ချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများသိုလှောင်ထားရှိမှုအခြေအနေတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး မိုးတွင်းကာလ မိုးများရွာသွန်းသဖြင့် ရေများမြင့်တက်ဝင်ရောက်လာပါက သိုလှောင်ကန်များ၏ ဗားများစနစ်တကျပိတ်ထားရန်နှင့် စက်သုံးဆီဆုံးရှုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ စက်သုံးဆီများကို  သိုလှောင်ထားခြင်းများမပြုလုပ်ရန်၊  မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာရောင်းချပေးနိုင်ခြင်းရှိ/မရှိ၊ စက်သုံးဆီလက်ကျန်ကျန်ရှိမှုအခြေအနေစစ်ဆေးခြင်း၊ ပြင်ပတွင် ပြန်လည်ရောင်းချရန်အလို့ငှာ အကြိမ်ကြိမ်လာရောက် တန်းစီဝယ်ယူမှုများမရှိစေရေးနှင့် တရားမဝင်သိုလှောင်၍ ပြန်လည်ရောင်းချမှုများမရှိစေရေးတို့အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်များအား သတိပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ပုဒ်မ၅၏ ပြစ်မှုပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံးထောင်ဒဏ် (၃)နှစ်အထိချမှတ်နိုင်သည်ကို ဆီဆိုင်ရောင်းချသူလုပ်ငန်းရှင်များသိရှိနိုင်ရန်နှင့် အပတ်စဉ် ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

      ထိုသို့တင်ပြမှုများဆောင်ရွက်လျက်ရှိရာ (၁၈-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်အတွင်း တာဝန်ကျဝန်ထမ်းများက တာမွေမြို့နယ်ရှိ ၂၀၀၀စက်သုံးဆီဆိုင်၊ သူရိယစွမ်းအင်စက်သုံးဆီဆိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ Max Energy စက်သုံးဆီဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး PPRD မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်သည့်အချိန်၊ ဆီကားရောက်ချိန်နှင့် ဆီဈေးနှုန်းတင်ထားသည့် Ledboard များကိုပါစစ်ဆေးခဲ့ပြီး တရားမဝင်စက်သုံးဆီများကိုရောင်းချခြင်းမပြုကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီရောင်းချရာတွင် အရည်အသွေးမှန်ကန်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရောနှောဆီများအပါအဝင် စားသုံးဆီအမျိုးမျိုးကို စာသုံသူကာကွယ်ရေးဥပ‌‌‌ဒေအရ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဌာများ၏ဥပဒေအရ ထုတ်ပြန်ချက်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်ကျွန်းမြို့နယ်များရှိ စားအုန်းဆီအရောင်းဆိုင်များအား ဌာနဆိုင်ရာအဖွဲ့များဖြင့် (၁၇-၈-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။  ထိုသို့စစ်ဆေးခဲ့ကြရာ၌ ယနေ့ခေတ်လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စားအုန်းဆီဈေးကွက်တည်ငြိမ်မှုကိုပျက်ပြားစေနိုင်သည့်  မမှန်မကန်သတင်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းစဉ်တစ်လျှောက် ထုတ်ပြန်ထားသည့် ရည်ညွှန်း‌ဈေးနှုန်းမျာအပေါ် သယ်ယူပို့ဆောင်ခများအပါအဝင် ၂ % အမြတ်ဖြင့်သာရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး မြို့နယ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်

      မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်စေပြီး စိုက်ပျိုးတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၏လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များရှိ ဈေးအရောင်းစင်တာများနှင့် ဒေသဈေးကွက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး၊ မြို့သက်ဆိုင်ရာနယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ ၁၆-၈-၂၀၂၄ ရက်နေ့တွင်  မြောက်ဒဂုံမြို့နယ်၊ (၃၅) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင် (၄)ဆိုင်အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ရန်ကုန်)

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

       ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ခွဲဝေရောင်းချပေးသော စားအုန်းဆီ ၇၇ပေပါ (သို့) ပိဿာ၈၄၇၀သည် ရန်ကုန်မြို့မှ 2J-5724 မော်တော်ယာဥ်ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)  

မြိတ်မြို့ရှိ စားသုံးဆီဆိုင်များသို့သွားရောက်၍ သုံးစွဲရန်မသင့်သော စားသုံးဆီများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      လူမှုကွန်ရက်ပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော စျေးကွက်အတွင်း စားသုံးရန်မသင့်သော ဆီများရောင်းချနေမှုအပေါ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်၌ ဗဟိုစာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၆)ဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

        အဆိုပါဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြော်ပြီးသောဆီ (ဝက်ဆီ၊ ဝက်ဆီဖတ်ဆီ၊ အာလူးကြော်ဆီ၊ ကြက်ကြော်ဆီ) စသော သုံးစွဲပြီးသည့် စားသုံးဆီများ ပြန်လည်ရောင်းချနေခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး စားသုံးဆီရောင်းချရာတွင် ဘေးအန္တရာယ်ကင်းသော ဆီများသာရောင်းချကြရန်နှင့် စားသုံးသူများထိခိုက်နစ်နာမှုရှိစေမည့် စားသုံးရန်မသင့်သောဆီများအား ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် အခြားပြည်နယ်များမှဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့တွင် ပြည့်ဖြိုးအောင်(၉)ရေယာဉ်တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀)တို့အားသယ်ယူလာခဲ့ပြီး မြိတ်မြို့သို့ (၁၈-၈-၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ဆန်တင်ဆောင်လာသော ရေယာဉ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့်  ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀) တို့အားစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဓာတ်မြေဩဇာဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဩဂုတ်လ ပထမပတ်တွင် ဓာတ်မြေဩဇာရောင်းချသည့် ဓာတ်မြေဩဇာဆိုင်များသို့ ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချမှုမရှိစေရေး၊ ဝယ်ယူစရိတ်နှင့် အမြတ်ရာခိုင်နှုန်းဖြင့်သာရောင်းချပြီး စိုက်ပျိုးတောင်သူများ၏ သွင်းအားစုဈေးနှုန်းများမြင့်တက်မှုမှ ကာကွယ်နိုင်ရေး၊ မြို့နယ်မိတ်ဖက်ဌာနအဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စီမံကိန်းဦးစီးဌာနများနှင့်ပူးပေါင်းကာ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေးဆေး၊ ဓာတ်မြေဩဇာဆိုင်များတွင် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာအမျိုးအမည်အလိုက်ရောင်းချကြရန်၊ လက်ကျန်နည်းပါးမှုများရှိနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့် ဇွန်လ နောက်ဆုံးပတ်မှစတင်ပြီး ကြိုတင်ဝယ်ယူထားမှုများရှိရာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရောင်းချနေသောဈေးနှုန်းများမှာ  ကွန်ပေါင်း(Complex)  ဓာတ်မြေဩဇာ 15:15:15 ပတ်လည် 50g  တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ နွားခေါင်းတံဆိပ် 10:10:5 ကွန်ပေါင်းဓာတ်မြေဩဇာ 50g တစ်အိတ်လျှင် (၁၂၂၀၀၀မှ ၁၃၀၀၀၀)ကျပ်ဖြစ်ပြီး အခြားအာမို၊ ဩဘာနှင့် ကောမတ်တံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာများမှာ လက်ကျန်မရှိကြောင်းတွေ့ရှိရပြီး ယူရီးယား (၄၆%) SU SAN အမှတ်တံဆိပ် ဓာတ်မြေဩဇာတစ်အိတ်လျှင်  (၉၅၀၀၀မှ ၁၁၀၀၀၀)ကျပ်နှုန်းဖြစ်ကြောင်းသိရပြီး တောင်သူများသွင်းအားစုအသုံးပြုကာလအပေါ် သယ်ယူစရိတ်၊ အမြတ်ရာခိုင်နှုန်းအပေါ်မူတည်ပြီး အခြားယူရီးယားအမှတ်တံဆိပ်များကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိသည်ကိုတွေ့ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News