Main menu

HighLight News

Powered by Drupal

ခရေကန်ကျေးရွာအုပ်စုတွင်  ဆီထုတ်ယူခွင့်စာအုပ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ခရေကန်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကို  (၁၁.၁၂.၂၀၂၅ ) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူများ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပေးအပ်ခဲ့ပြီး ဆီထုတ်ယူခွင့်စာအုပ်များနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ် ခရေကန်‌ကျေးရွာတွင် အိမ်ထောင်စု ၉၅၀ခန့်ရှိပြီး ကျေးရွာနေပြည်သူများကို စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် လစဉ် အိမ်ထောင် တစ်စုလျှင် ဆီ ၁ပိဿာခန့် လစဉ် သတ်မှတ်ရက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆီရောင်းချသူ ကိုယ်စားလှယ်ထံမှဝယ်ယူရန်၊ ဆီစာအုပ်များကို မပျောက်မပျက်စေရန် သေခြာသိမ်းဆည်းထားရန်ကိုလည်းကောင်း၊ မိမိဆီထုတ်ယူရာတွင် ရောင်းချသူမှ ဗီနိုင်းချိန်ဆွဲဖော်ပြသည့်ဈေးထက် ပိုမိုရောင်းချကြောင်းသိရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ သတ်မှတ်ရက်အတွင်းတွင် ဆီများကိုဝယ်ယူရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများထံ စားအုန်းဆီ အမှန်တကယ်ရောက်ရှိစေရေးကို စားအုန်းဆီ ဖြန့်ဖြူးမှုမှတ်တမ်း (၆)မျိုး မှန်(၆)မှန်ဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊  လက်ကား/လက်လီ စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့် အရည်အသွေးမှန်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းတို့အား ပြည်သူများသိရှိနိုင်ရန် အသိပညာပေးခဲ့ပါသည်။

         ထို့နောက် တက်ရောက်သူပြည်သူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် တက်ရောက်သူ ၂၅ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်တာဝန်ခံရုံး၌ စတိုးဆိုင်နှင့်ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ငဝန်ဧရာလမ်းရှိ  မြို့နယ်တာဝန်ခံရုံး၌ စတိုးဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

            ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းကိုဆိုလိုကြောင်း၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက် များကို ရှင်းလင်းဆွေးနွေးခြင်း၊ အွန်လိုင်းရောင်းချသူများမှ စားသုံးသူပြည်သူများအား လိမ်လည်မှု ပုံစံ(၂)မျိုး၊ စားသုံးသူများက အွန်လိုင်းဝယ်ယူသည့်အခါ စိစစ်သင်သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလာဒ်များ၊ အွန်လိုင်းဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် အ.လ.က(အင်းလပ်အရှေ့ကျောင်း)တွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

 စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ် အင်းလပ်ကျေးရွာ အရှေ့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၆ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူစကားရပ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိက ဖက်ရှု့ရမည်ဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြည်သူအသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၅) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ အဗျဉ်းကျေးရွာအုပ်စု၊ ဓမ္မာရုံ၌ စားသုံးသူပြည်သူ(၆၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည်ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ဆန်စပါး သို လှောင်ရုံများကို MyRO မှတ်ပုံတင်ရန် ကျန်ရှိသူများ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိ

         စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့် အညီ  မှတ်ပုံတင်ဆောင်ရွက်လုပ်ကိုင်ရန် အမိန်ညွှန်ကြားချက်များ ၈၂/၂၀၂၄ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန်ထွက်ရှိပြီးWebsite တွင် မှတ်ပုံတင်ဆောင်ရွက်လျောက်ထားရမည်ဖြစ်ကြောင်း ကြော်ငြာထားရှိပြီးဖြစ်သည်။

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ သိုလှောင်ရုံ (၃၉)လုံး မှတ်ပုံတင်ပြီးဖြစ်သော်လည်း မအူပင်မြို့နယ်အနေဖြင့် မှတ်ပုံတင်ရန်ကျန်ရှိသူများ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်နှင့် ဒီဇင်ဘာလ ပထမပါတ် အကြားတွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရန် ရွှေတော်မှော်ကျေးရွာရှိ ဦးဂျင်မီ၏ ကောင်းမြင့်မြတ် ဆန်စက်၊ တလုပ်လပ်နောက်၊ တာကောက်ကျေးရွာရှိ စိုးမိုးအောင်ဆန်စက်၊ ပန်းပင်စုကျေးရွာရှိ ဦးမောင်ဝင်း သိုလှောင်ရုံ (၃) MyRO တွင် မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ဆန်စက်(၂)လုံးနှင့် သိုလှောင်ရုံ(၁)လုံး သည် ဝင်ဆံ့နိုင်သည့်ပမာဏမှာ ကောင်းမြင့်မြတ် ဆန်စက်မှ စပါး(၅၀၀၀)တင်း၊ စိုးမိုးအောင်ဆန်စက်မှ  စပါး(၁၃၅၀၀)တင်း၊ သိုလှောင်ရုံမှ စပါး (၄၅၀၀)တင်းရှိပြီး အမျိုးအစားအရယ်စားတွင် ပါဝင်ပါသည်။ သိုလှောင်ရုံအဆောက်အဦမှာ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၀)ပေရှိပြီး အမိုး(သွပ်)၊ အကာ (အုတ်)၊ အခင်း(ကွန်ကရစ်) ဖြင့် ဆောက်လုပ်ထားပါသည်။ သိုလှောင်ထားသော စပါးအမျိုးအစားမှာ ဧည့်မထအုပ်စု မျိုးစုံဖြစ်ကြောင်း  သိရှိရသည်။

          မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများ မှ MyRO တွင် မှတ်ပုံတင်ရန် ဆန်လုပ်ငန်းရှင်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များအား MyRO Website အသုံးပြုနည်းများကို ကူညီဆောင်ရွက်ပေး လျက်ရှိပြီး စပါး၊ ဆန်လက်ကျန်များကို MyRO တွင် လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ဖြည့်သွင်းရမည်ဖြစ် ကြောင်းကိုပါ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စစ်ကိုင်းမြို့၊ “747” ခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် အညီထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စီမံချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ “747” ခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         “747”ခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သည့် “မုန့်ဟင်းခါးခြောက်” (၃၂၀)ဂရမ် ကုန်စည်အမျိုးအစားအားစစ်ဆေးခဲ့ရာ ထိုကုန်စည်၏ ထုပ်ပိုးမှုပေါ်တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်မှုများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။စားသုံးသူရေးရာဦးစီးဌာနမှ တာဝန် ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 စစ်ကိုင်းမြို့၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရွေးချယ်ထားသည့် ကုန်စည်(၁၀)မျိုးအား ကုန်စည်(၁)မျိုးစီအလိုက် လစဉ် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Solar ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ၁၂.၁၂.၂၀၂၅ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Solar ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ အာမခံချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ မွန်ပြည်နယ်မြန်မာ့လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက မိမိတို့ဌာနနှင့် သက်ဆိုင်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် အချက်အလက်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ သိလိုသည်များကို အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားအား (၁၅:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

       ၁၃.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ Ko Pai Lay & Ma Thuzar Co,Ltd ၏ ကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Ko Pai Lay & Ma Thuzar Co,Ltd ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်းရှိမရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုရှိမရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          ၁၂.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အထည်အလိပ်ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ မော်လမြိုင်မြို့နယ်တာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင် တင်ပြရမည့်အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ (လုပ်ငန်းအမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်းဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - HighLight News