Main menu

HighLight News

Powered by Drupal

အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းတင်သွင်းရောင်းချနေမှုူအား ကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ ညနေ (၀၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် CP ကုမ္ပဏီများမှရောင်းချလျက်ရှိသည့် အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများတင်သွင်းရောင်းချနေသည့် ကုန်စုံဆိုင်များ၊ Super Market များ၊ Center များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင် သိရသည်။

          ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချနေသော CP ကုမ္ပဏီများမှရောင်းချလျက် ရှိသည့် အသင့်ကင်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများတင်သွင်းရောင်းချနေမှုများရှိ/ မရှိနှင့် ရောင်းချလျက်ရှိသော Super Market များ၊ ကုန်စုံဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် စျေးနှုန်း စျေးကွက်အခြေအနေများ၊ တင်သွင်းသည့်နေရာများအား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်း

           ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ ၁၄း၁၅ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ တိုင်းဒေသကြီးဦးစီးမှူးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်များမှ ဒေသတွင်း MSMEs လုပ်ငန်းများ ပိုမိုအားကောင်း ဖွံ့ဖြိုးလာစေရေးအတွက် အသင်းအဖွဲ့များဖွဲ့စည်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ  တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့များဖွဲ့စည်းခြင်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး မိမိတို့ဌာနအနေဖြင့်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍  လိုအပ်သည်များကို တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေး အဖွဲ့၏ (၃/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှတက်ရောက်

          ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးအခန်း၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု‌(‌ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်‌ရေးအဖွဲ့၏ (၃/ ၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာ အဖွဲ့ဝင်တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ လိုင်စင်လျှောက်ထားမှုအခြေအနေများနှင့် ကွင်းဆင်းစစ်ဆေးမှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအ‌ဝေးအား နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန် ၁၅/၂၀၂၄-၂၀၂၅ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

           ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၁၅/ ၂၀၂၄-၂၀၂၅ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်း‌ရေးမှူးမှ ထားဝယ်ဇုန်ကိစ္စနှင့်စပ်လျဥ်း၍ ဆောင်ရွက်မည့်ကိစ္စများအား ရှင်းလင်းပြောကြားခဲ့ကာ MC အဖွဲ့ဝင်များ၊ ဝန်ထမ်းများမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အိုးလုပ်ဈေးအတွင်းရှိ ဈေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

           ၂၀၂၅ ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အိုးလုပ်ဈေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်စျေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးနှင့် စားသောက်ကုန်များအား သက်တမ်းကုန်လွန်ခြင်းများရှိ/ မရှိ စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေ တွဲလျက်ဖြစ်စေ ပြည့်စုံမှန်ကန်စွာပါရှိ မှုရှိ/ မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ဆီအုန်းစိုက်ပျိုးထုပ်လုပ်ရောင်းချသူများ အသင်းဖွဲ့စည်းနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

          ၂၀၂၅ ခုနှစ်၊ မတ်လ (၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ဆီအုန်းစိုက်ပျိုးထုပ်လုပ်ရောင်းချသူများအသင်းဖွဲ့စည်း နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးစာသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးက ရှင်းလင်းဆွေးနွေးပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆွေးနွေးပြီးနောက် ဆီအုန်းလုပ်ငန်းရှင်များက ဆွေးနွေးပြောကြားခဲ့ပါသည်။  ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ် အမှာစားပြောကြားပြီး (၁၁: ၄၀) နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

၂၀၂၅ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ဆင်းကတ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

             ၂၀၂၅ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သုံးထပ်ဆောင်အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်မည့် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ဆင်ကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

            အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး တရားမဝင်ဆင်းကတ်ရောင်း ချမှုစစ်ဆေးရေးအဖွဲ့မှ ဥက္ကဌကဆွေးနွေးတင်ပြပြီး တက်ရောက်လာသောဌာနများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်းဆင့်ပွားသင်တန်းသို့ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

           (၃.၃.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းဆင့်ပွားသင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အတူ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

           အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက်  တိုင်းဒေသကြီးကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူးက ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမှုပုံစံအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဆီအုန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းနိုင်ရေး အစည်းအဝေးကျင်းပ

            တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်အပါအဝင်၊ ကော့သောင်ခရိုင်ရှိ ဆီအုန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများကို တနင်္သာရီတိုင်းဒေသကြီးဆီအုန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းနိုင်ရေးအတွက် ၂၀၂၅ခုနှစ်၊ မတ်လ(၄)ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် zoom meetingဖြင့် အစည်းအဝေးကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအစည်းအဝေးတွင် တနင်္သာရီတိုင်းစီးပွားရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဆီအုန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းဖွဲ့စည်းနိုင်ရေးပြောကြားခြင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ လိုအပ်သည်များကိုဆွေးနွေးခဲ့ပြီး (၁၁း၁၅)ခန့်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ရွှေချောင်းတံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂၅ ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင် (ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်း၍ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်ရှိ ရွှေချောင်းတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေချောင်းတံဆိပ်ဆိပ်ဂျုံခေါက်ဆွဲတို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News