Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား အဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၃၀.၁၀.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့မ နေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန် ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချ ပေးနိုင်ရေး ဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများ မရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟုသတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ Talk Show ဆောင်ရွက်မှု

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (ဦးစီးမှူး)သည် ၂၃-၁၀-၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၌ “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချရာတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ Online မှတ်ပုံတင် ဆောင်ရွက်ခြင်းများ အကြောင်း” (Talk Show) ဆွေးနွေးပြောကြားခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေးအကြောင်း ဆွေးနွေးပြောကြားရာတွင် စားသုံးသူကာကွယ်ရေးအတွက် အဓိကကျသော စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပါယ်သတ်မှတ်ချက် စားသုံးသူနှင့် စီးပွား‌‌ရေး လုပ်ငန်းရှင်တို့အကြား ကော်မတီနှင့်ကော်မရှင် အဆင့်ဆင့်တို့မှ ချမှတ်ပေးသော မျှတမှုရှိသော လုပ်ငန်းစဥ်အကြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျှင် သိရှိလိုက် နာရမည့် ကုန်အညွှန်းအမှတ်အသားအတွက် ဦးစီးဌာနမှ ပြဌာန်းထားသည့် အခန်း(၁၈)၊ ပုဒ်မ (၄၁)၊ ဥပဒေများအကြောင်းနှင့် Online မှကုန်ပစ္စည်းများ ရောင်းချလျှင် Online မှတ်ပုံတင် ဆောင်ရွက်ရမည့် အကြောင်း  (Talk Show) ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

မြန်အောင်ခရိုင်စားသုံးသူရေးရာကော်မတီတတိယကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ တတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့ နံနက် (၁၀:၀၀)အချိန် တွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးတွင် ဦးစွာ မြန်အောင်ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှ အဖွင့်အမှာ စကား‌ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန မြန်အောင်ခရိုင် ဦးစီးမှူးဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယသုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍ အလိုက် ဆွေး နွေးခဲ့ကြပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှလည်း တင်ပြဆောင် ရွက်ခဲ့ သည့်  အမှာစာ(၅)ချက်အား အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ ဝင်များ ရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ ပြီး နံနက်(၁၁:၀၀) အချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

နေပြည်တော်စားသုံးသူရေးရာကော်မတီ၏ (၄/ ၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

        (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံး၌ နေပြည်တော်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းဦးဆောင်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု များအတည်ပြုခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစည်များ ဆွေးနွေးခြင်း၊ လမ်းညွှန်ခြင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့အတွက် နေပြည်တော်စားသုံးသူရေးရာ ကော်မတီ၏(၄/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများဖြင့်  ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) သွားရောက်စစ်ဆေးခြင်း

      ၂၉-၁၀-၂၀၂၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြား‌‌ရေး မှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် ‌အမှတ် - ၂၇၇ က၊ ပိတောက်လမ်း၊ သပြေကုန်း၊ ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ U9(Ooredoo) ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) လုပ်ငန်းသို့ သွားရောက်၍ ဦးစားပေးစောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားထားမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)ကဏ္ဍကို အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံး အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုရှိ/ မရှိနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များသို့ ညွှန်ကြားထားသည့်အချက်များအား လိုက်နာမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူနစ်နာ မှုမရှိစေရေးအတွက် သိသင့်သိထိုက်သည်များအား အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါ သည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု) သွားရောက်စစ်ဆေးခြင်း

      ၂၉-၁၀-၂၀၂၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်၌  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးအရာရှိ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြား‌‌ရေး မှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် ယောက်သွားအင်းရပ်ကွက်၊ ပျဉ်းမနား- တောင်ညိုလမ်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ATOM ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်း သို့ သွားရောက်၍ ဦးစားပေးစောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ကို အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားထားမှုနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက် ဝန်ဆောင်မှု)ကဏ္ဍကို အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ကဏ္ဍနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံး အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်မှုအပေါ် စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုရှိ/ မရှိနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များသို့ ညွှန်ကြားထားသည့်အချက်များအား လိုက်နာမှုရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူနစ်နာ မှုမရှိစေရေးအတွက် သိသင့်သိထိုက်သည်များအား အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါ သည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ဟင်္သာတမြို့နယ် နိဗ္ဗ္ဗာန်တိုက်နယ်နှင့်ယုန်သလင်းတိုက်နယ်ရှိ ပြည်သူများအား အသိပညာပေး ဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၃၀.၁၀.၂၀၂၅)ရက်နေ့  နံနက် (၁၁:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ နိဗ္ဗ္ဗာန်တိုက်နယ်နှင့်ယုန်သလင်းတိုက်နယ်ရှိ အုပ်ချုပ်ရေး မှူးရုံး၌   ပြည်သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန် အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူ နိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့်စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သိရှိလို ပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

မြန်အောင်မြို့မနေခြည်စျေးရှေ့တွင် အနှေးယာဥ်လုပ်သားကြီးများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

             ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်၊ သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်း၍  မြန်အောင်မြို့မနေခြည်စျေးရှေ့တွင် အနှေးယာဥ်လုပ်သားကြီးများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ထိုသို့ရောင်းချခဲ့ရာတွင် အနှေးယာဉ်လုပ်သားတစ်ဦးအား စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၉၈/-ကျပ်ဖြင့် ပိဿာချိန် ၁၀၀ အား ရောင်းချခဲ့ကြောင်း  သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

 

လေးမျက်နှာမြို့ အိုင်သပြုကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၃၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာရှိ စက်သုံး ဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီ က  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန် အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ် စံချိန်စံညွှန်းပြည်မီရေး၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချ ခြင်းမပြုစေရေး၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ် ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၃၀.၁၀.၂၀၂၅)ရက်နေ့  နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ လယ်တော်ကျေးရွာရှိ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းရုံး၌ တလုတ္ထော်မြို့အမှတ် ၁၊၂၊၃၊၄၊၅ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှုးများ၊ စားသုံးဆီခွဲတမ်းရ လက်လီကုန်မျိုးစုံဆိုင်များနှင့်တွေ့ဆုံ၍ ရပ်ကွက်အတွင်း ဆီဖြန့်ဖြူးရောင်းချပေးနေမှုအပေါ် အစဥ်ပြေစွာ ပြည်သူထံ ဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူ ပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူ ရရှိနိုင် ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက်  ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ် ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက် ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီး၊ ခရိုင်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးမိုးအောင်က ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ် အရောက် ဆီစာအုပ်များ ဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ရောင်းချ ခြင်းအား ရာနှုန်းပြည့် ဆောင်ရွက်ကြစေရေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

EYDNS(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ