Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန် (၁) ပြည် (၁၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ

          ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များ အသင်း (အရှေ့) နှင့် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန် (၁)ပြည်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် ၂၂.၈.၂၀၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ် (၆) မင်းတဲရပ်ကွက်နှင့် အမှတ် (၅) သံတံတားရပ်ကွက် အတွင်း၌ ရောင်းချပေးလျက်ရှိသည်။

          ထိုသို့ရောင်းချပေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးကျော်ဆန်းဦး ဦးဆောင်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများ ဆန်စားသုံးမှု အခက်အခဲမရှိစေရန် သတ်မှတ်ရက်နေ့အလိုက် လိုက်ခံရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့နယ်တွင် အသိပညာပေး ဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

           ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မဟာဝိဇိတာရာမ အလံပြ ဘုန်းတော်ကြီးကျောင်း အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိသင့်သိထိုက်သော ဗဟုသုတရဖွယ် အကြောင်းအရာများအား ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေး ဉပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များအား အသိပညာပေး ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ထို့နောက် အခမ်းအနားသို့တက်‌ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယ ဦးစီးမှူး ဒေါ်အေးအေးစိုးက ပုံပြင်များပြောပြခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                               

ညောင်လေးပင်မြို့နယ်အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

          ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် သြဂုတ်လ ၂၃ ရက် မွန်းလွှဲ (၁) နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီး ဌာနနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) ဆန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဆန်တပြည်လျှင် (၁၆၀၀) ကျပ်နှုန်းဖြင့် လိုက်လံရောင်းချပေးလျှက်ရှိကြောင်း သိရှိရသည်။

          ထိုသို့ ရောင်းချပေးရာတွင် တစ်အိမ်ထောင်လျှင် ဆန် (၂) ပြည်နှုန်းဖြင့် ညောင်လေးပင်မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျှက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်များ လိုက်လံရောင်းချပေးခြင်းကို မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

           ပဲခူးတိုင်းဒေသကြီး ၊  ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သြဂုတ် ၁၉ ရက် နံနက် ၁၁:၀၀ နာရီအချိန်က စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အရာရှိဦးအောင်မြင့်ထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးစိုးသန်း၊ စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်သိန်းနိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးရဲနိုင်နှင့် ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နီထွန်းတို့ တက်ရောက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများနှင့်အတူ သြဂုတ်လ ၂၃ ရက်နေ့ ၊ နေ့လည်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ရောင်းချလျက် ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံပါဝင်သော အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော     OK HTOO (2) ၊ OK HTOO (3) ဆိုင်များသို့ သွားရောက်၍ စက်သုံးဆီဈေးနှုန်းနှင့် လက်ကျန် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ မန်နေဂျာများက ရှင်းလင်း တင်ပြ ပါသည်။  OK HTOO (2) ၊  OK HTOO (3)   စက်သုံးဆီဆိုင်များတွင် 92 တစ်လီတာလှျင်   2410 kyats   ၊  95 တစ်လီတာလျှင်  2495 kyats ၊ (ဒီဇယ်)  တစ်လီတာလျှင်   2885 kyats ၊     (ပရီမီယာဒီဇယ်) တစ်လီတာလျှင်   2965 kyatsဖြင့် ရောင်းချနေကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံက စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု မရှိစေရေးတို့အတွက် အရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး ၊ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေးအတွက် ဝန်ဆောင်မှုပေးရေး တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့ ပန်းကိုင်ကျေးရွာတွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်

        ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ၊ ပန်းကိုင်ကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌  (၂၂.၈.၂၀၂၂ )ရက်နေ့တွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနပေါင်းစုံ (၈) ဌာနမှ ပူးပေါင်းကာ စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံဖြိုးတိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်မှ စားသုံးသူကာကွယ်ရေး အသိပညာပေးဆိုင်ရာ အကြောင်းအရာများကို  ဟောပြောခဲ့ပါသည်။

         တက်ရောက်လာသော တောင်သူများအား စားသုံးသူရေးရာဦးစီးဌာနမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သမိုင်းကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ ၊ ဌာန၏ မျှော်မှန်းချက် ၊ ရည်မှန်းချက်များအကြောင်း ၊ စားသုံးသူကာကွယ်ရေးဉပဒေပါ အကြောင်းအရာ များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲသော ကုန်ပစ္စည်းတိုင်းတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာမှု မရှိသည့် လုပ်ငန်းရှင်များအားလည်း အရေးယူမှု အပိုင်းများကို ထည့်သွင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့မစျေးအတွင်း သွားတိုက်ဆေးများအား  ကွင်းဆင်းစစ်ဆေး

       ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝာဝန်ရှိသူများ ပူးပေါင်း၍ သြဂုတ် ၂၃ ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့ မြို့မဈေး အပြင်တန်းရှိ သွားတိုက်‌ဆေးရောင်းချနေသောဆိုင်များရှိ သွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြရာတွင် လိုက်နာဆောင်ရွက်နိုင်ရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်တွင် သွားတိုက်ဆေးများတွင်လည်း  မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ကို တိကျစွာဖော်ပြထားပါကြောင်း၊ လက်လီ/ လက်ကား ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများ တိကျစွာဖော်ပြထားသည့် သွားတိုက်ဆေးများကိုသာ ရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့ အထက ရွှေကြက်ယက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

        တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏  ဖိတ်ကြားချက်အရ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့ ရွှေကြက်ယက် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူ ရေးရာ ဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာများ ကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် ရေတာရှည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ငုဝါကျော်က မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကိုလည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးသန်းစိုးအောင်က မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း ဟောပြောပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ထုတ်လုပ်သူများအနေဖြင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားအများ ပြည့်စုံစွာဖော်ပြရန် စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားပြီးဖြစ်ပါသဖြင့် ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက် စောင့်ကြည့်လေ့လာခြင်းများ ဆောင်ရွက်နေမှုများ ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ပါသည်။

       ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြော ပွဲသို့ ကျောင်းသားကျောင်းသူ ၁၆၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်အတွင်း သက်သာသောနှုန်းထားဖြင့် ဆန်များရောင်းချ

          တောင်ငူခရိုင် ၊  စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာမြို့နယ်များမှ ဆန်ကုန်သည်များပူးပေါင်း၍ အခြေခံလူတန်းစားအား သက်သာသောနှုန်းထားဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

       ဩဂုတ်လ ၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ် ဆန်ကုန်သည်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ရေတာရှည်မြို့ အမှတ်(၁)ရက်ကွက်နှင့် အမှတ်(၂)ရပ်ကွက် တို့တွင် ဆန်အိတ် ၁၂ အိတ်ကို လည်းကောင်း၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် တောင်ငူမြို့နယ် ဆန်ကုန်သည် များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တောင်ငူမြို့အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၁) လုံခြုံရေးရဲတပ်ရင်းတို့၌ ဆန်အိတ် ၃၆ အိတ်ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ် ဆန်ကုန်သည်များနှင့် ပူးပေါင်း၍ ထန်းတပင်မြို့ ဆိပ်ကြီးရပ်ကွက်တွင် ဆန်အိတ် ၂၅ အိတ်ကို လည်းကောင်း ရောင်းချပေးခဲ့ပါသည်။

          တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၂ ပြည်နှုန်းရောင်းချပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနက ဆန်ကုန်သည်များနှင့် ညှိနှိုင်း၍ ဆန်ရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ဖြူးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်သို့ လာရောက်လေ့လာသည့် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို (၁၉.၈.၂၀၂၂)ရက်နေ့ ၊ နံနက် (၁၀: ၀၀)နာရီအချိန်တွင် ဟောပြောခဲ့ပါသည်။

       မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနက ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC များတွင် တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်း ဟောပြောပါသည်။

        ဟောပြောပွဲသို့ စာကြည့်တိုက်သို့ လာရောက်လေ့လာသူ ကျောင်းသားကျောင်းသူ မြို့မ (၁)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ ၂၄ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ