Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ဦးစီးမှူးရုံးတွင်(၂၃.၈.၂၀၂၂) နေ့လယ် (၁၄:၀၀) အချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ လုပ်ငန်းရှင်များအသိပညာပေး တွေ့ဆုံဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့ ဆန်/စပါး၊ ကြိတ်ခွဲထွက်ရှိမှုအခြေအနေ၊ စပါး/ဆန် ဈေးကွက်နှင့် ကြိတ်ခွဲမှု ဆန်အရည်အသွေး ကောင်းမွန်စေရေး၊ ဆန်တင်ပို့ရောင်းချမှုအခြေအနေများကို တင်ပြမေးမြန်း ဆွေးနွေးပြီး၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်တို့မှ သိရှိလိုသည်များရှိပါက Call Center 1535 သို့ စားသုံးသူကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ် မေးမြန်းနိုင်ပြီဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေ၏ ပြစ်မှု ပြစ်ဒဏ်များအကြောင်း အသိပညာပေးပြောကြားပြီး တက်ရောက်လာသူများမှ စားသုံးသူကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အကျယ်တဝင့် ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆန်စက်လုပ် ငန်းရှင် (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတခရိုင်အတွင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆီထွက်သီးနှံနေကြာ တိုးချဲ့ စိုက်ပျိုးလျက်ရှိ

           ဟင်္သာတခရိုင်သည် နှစ်စဉ် မိုးစပါးစိုက်ဧက ၅၃၂၃၀၇ ၊နွေစပါးစိုက်ဧက ၃၈၈၈၀ နှင့် ပဲမျိုးစုံ စိုက်ဧက ၆၁၁၅၀၃ နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအနေဖြင့် ထွက်ရှိလာသော ဆန်၊ပဲမျိုးစုံတို့ကို ဒေသတွင်း စားသုံးမှု့ဖူလုံရုံသာမက ပိုလျှံသည့် ကုန်စည်များကိုလည်း နှစ်စဉ်တိုင်း/ပြည်နယ်များနှင့်ပြည်ပသို့ တင်ပို့လျက်ရှိနေပါသည်။

          ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်နှင့်အညီ ပြည်ပသွင်းကုန် အစားထိုးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် စားသုံးသူ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်ပမှတင်သွင်းနေရသည့် စားသုံးဆီ တင်သွင်းမှု လျော့ကျစေရန်အတွက် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ လာမည့်ဆောင်းရာသီတွင် စိုက်ပျိုးရန်မျိုးအတွက် မြန်အောင်မြို့နယ်တွင် မိုးနေကြာ ၁၃၀၀ဧက၊ ကြံခင်းမြိုနယ်တွင် ၁၀၀၀ဧက နှင့်အင်္ဂပူမြို့နယ်တွင် ၇၀၀ဧက စုစုပေါင်း ဧက ၃၀၀၀ ရာနှုန်းပြည့် စိုက်ပျိုး ပြီးစီးကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့ ဆန်စက်ကုန်သည် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၃.၈.၂၀၂၂) နေ့ လယ် (၁၃:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် ဆန်စက်လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း၊ ပန်းတနော်မြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ နှင့် ၂၀၁၉ပါစားသုံးသူကာကွယ်ပေးရေးဥပဒေပါ လုပ်ငန်းရှင်တို့၏ လိုက်နာရမည် တာဝန်၊ တားမြစ်ချက်များအကြောင်းနှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့နယ် ဈေးကွက်အတွင်း ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဖျာပုံမြို့နယ် ဈေးကွက်အတွင်း ပုဇွန်နှစ်ကောင်တံဆိပ်အပါအဝင် တရားမဝင်တင်သွင်းလာသောစားသုံးဆီများအား ရောင်းချနေနေင်းရှိ /မရှိ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာန၊စည်ပင်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍(၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီမှ နေ့လယ် (၁၆:၀၀)နာရီထိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိ ရသည်။

         အဆိုပါအရောင်းဆိုင်များအား စစ်ဆေးရာတွင်  ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီများ ရောင်းချခြင်းမတွေ့ရှိဘဲ    Goody ၊ Meizal  ၊ Zarman ၊ Lady’ s  Choice ၊ Lotus   အမှတ်တံဆိပ် နှင့်စားဆီပုံးများ ပဲနှမ်းဆီပေပါများကိုသာ  ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိသဖြင့် ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်အပါအဝင် တရားမဝင်တင်သွင်းလာသော စားသုံးဆီများ ရောင်းချခြင်းမပြုရန်နှင့် ရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့ အထက်ကျောင်းရှိ  မုန့်ဈေးတန်းနှင့်ကျောင်းဝန်းကျင် မုန့်ဆိုင်နှင့်ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူးသည် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယ မြို့နယ်ရဲမှူးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ်လ(၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီတွင် အထက်တန်း ကျောင်းများဖြစ်သည့်(အထက-၂)၊(အထက-၃)၊(အထက-၄)ရှိကျောင်းမုန့်ဈေးတန်းများနှင့် ကျောင်း ပတ်ဝန်းကျင်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါကျောင်းမုန့်ဈေးတန်းတွင် မုန့်မျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ နှင့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ ၊ကျောင်းပတ်ဝန်းကျင်အနီးရှိ ဆေးဆိုင်များအားဆရာဝန်ညွှန်ကြားချက်မပါပဲ ဆေးဝါးများမရောင်းချရန်၊ တားမြစ်ထားသော ဆေးဝါးများနှင့်စပ်ဆေးများရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးအသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် မအူပင်မြို့ပေါ်ရှိ ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးတို့သည် (၂၂.၈.၂၀၂၂) နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်(၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသူ ဆီကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တင်သွင်းလာသည့် စားသုံးဆီများ အရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးရာတွင် Good Grade ပေပါများ၊ Trankများ အသုံးပြုရေး စားသုံးသူရေးရာဦးစီးဌာန၊ (ရုံးချုပ်)၏ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုမ္ပဏီများမှ ဖြန့်ဖြူးသော စားအုန်းဆီလက်ခံရရှမှု အခြေအနေ၊ ရည်ညွှန်းဈေးဖြင့် ပြန်လည်ရောင်းချမှု အခြေအနေနှင့် သယ်ယူမှုအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် မအူပင်မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃.၈.၂၀၂၂) နေ့ (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်(၁၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေး နွေးခဲ့ကြပါသည်။

          အဆိုပါ လုပ်ငန်းရှင်အသိပညာပေးဟောပြောမှုတွင်  ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စားသုံးသူနှင့် လုပ်ငန်းရှင်အကြား နစ်နာဆုံးရှုံးမှုများ ရှိလာပါက စားသုံးသူများမှ တိုင်ကြားခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခြင်း ပြစ်မှု ပြစ်ဒဏ်များ စသည့် ဥပဒေပါ အကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပြီး ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၂)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေထွက်ပစ္စည်းမွေးမြူထားရှိမှုနှင့် ပြည်တွင်း/ ပြည်ပဈေးကွက်တင်ပို့မှု

         ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်/စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည့် အပြင် မွေးမြူရေးကဏ္ဍမှာလည်း ပြည်တွင်း စားသုံးမှု့ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့ တင်ပို့၍ ပြည်ပဝင် ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပုသိမ်ခရိုင်၊မအူပင်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်း မြို့နယ်များရှိ ပင်လယ်နှင့် နီးကပ်လျှက်ရှိသော မြို့နယ်ကျေးရွာများတွင် အဓိကမွေးမြူလျက်ရှိသော ကျားပုဇွန်၊ ရေငန် ပုဇွန်၊ရေချိုပုဇွန်ထုပ်၊ ရေချိုပုဇွန်ထုပ်ကြီး၊ ပုဇွန်မီးနီနှင့် လပွတ္တာမြို့နယ်တွင် ရွံ့ဂဏန်းများ မွေးမြူလျက်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာ ကုမ္ပဏီ/လုပ်ငန်းရှင် ၃၁၁ ဦးမှ ကန်အရေအတွက် ၁၂၃၅ကန်နှင့် ဧရိယာ ၁၆၈၀၁ .၇၅ဧကတွင် ပုဇွန်အ‌ကောင်ရေ ၁၃၆၅၈၉၇၉၈ နှင့် ကုမ္ပဏီ/လုပ်ငန်းရှင် ၁၈ ဦးမှ ကန်အရေအတွက် ၆၇ ကန်နှင့် ဧရိယာ ၅၀၈ .၇၁ ဧကတွင် ရွှံဂဏန်း အကောင်ရေ ၁၁၈၈၂၀၀၀ မွေးမြူထားရှိကြောင်း အဆိုပါရုံးမှ သိရသည်။

        ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြည်တွင်းဈေးကွက် ရန်ကုန်သို့ ငါးမြစ်ချင်း ၂၅၅၉၆၈ ပိဿာ၊ ပြည်ပသို့ ၁၃၄၇၂ ပိဿာ၊ ရန်ကုန်သို့ ငါးတန်၁၂၇၉၈၄ ပိဿာ၊ ပြည်ပ သို့ ၆၇၃၆ ပိဿာ၊ ရန်ကုန်သို့ ဂဏန်း ၆၆၂၆၂ ပိဿာ၊ ပြည်ပသို့ ၃၄၈၇ ပိဿာ၊ရန်ကုန်သို့ ပုဇွန်(ရေချို) ၆၀၂၃၅ ပိဿာ၊ ပြည်ပသို့ ၃၁၇၀ ပိဿာ ရန်ကုန်သို့ပုဇွန်(ရေငန်) ၁၃၀၁၁၈ ပိဿာ၊ ပြည်ပသို့ ၁၅၈၅ပိဿာ တင်ပို့နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေထွက်ပစ္စည်းမွေးမြူထားရှိမှုနှင့် ပြည်တွင်း/ ပြည်ပဈေးကွက်တင်ပို့မှု

         ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်/စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်လျှက်ရှိသော တိုင်းကြီးတစ်ခုဖြစ်သည့် အပြင် မွေးမြူရေးကဏ္ဍမှာလည်း ပြည်တွင်း စားသုံးမှု့ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့ တင်ပို့၍ ပြည်ပဝင် ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပုသိမ်ခရိုင်၊မအူပင်ခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်း မြို့နယ်များရှိ ပင်လယ်နှင့် နီးကပ်လျှက်ရှိသော မြို့နယ်ကျေးရွာများတွင် အဓိကမွေးမြူလျက်ရှိသော ကျားပုဇွန်၊ ရေငန် ပုဇွန်၊ရေချိုပုဇွန်ထုပ်၊ ရေချိုပုဇွန်ထုပ်ကြီး၊ ပုဇွန်မီးနီနှင့် လပွတ္တာမြို့နယ်တွင် ရွံ့ဂဏန်းများ မွေးမြူလျက်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

       ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာ ကုမ္ပဏီ/လုပ်ငန်းရှင် ၃၁၁ ဦးမှ ကန်အရေအတွက် ၁၂၃၅ကန်နှင့် ဧရိယာ ၁၆၈၀၁ .၇၅ဧကတွင် ပုဇွန်အ‌ကောင်ရေ ၁၃၆၅၈၉၇၉၈ နှင့့် ကုမ္ပဏီ/လုပ်ငန်းရှင် ၁၈ ဦးမှ ကန်အရေအတွက် ၆၇ ကန်နှင့် ဧရိယာ ၅၀၈ .၇၁ ဧကတွင် ရွှံဂဏန်း အကောင်ရေ ၁၁၈၈၂၀၀၀ မွေးမြူထားရှိကြောင်း အဆိုပါရုံးမှ သိရသည်။

        ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြည်တွင်းဈေးကွက် ရန်ကုန်သို့ ငါးမြစ်ချင်း ၂၅၅၉၆၈ ပိဿာ၊ ပြည်ပသို့ ၁၃၄၇၂ ပိဿာ၊ ရန်ကုန်သို့ ငါးတန်၁၂၇၉၈၄ ပိဿာ၊ ပြည်ပ သို့ ၆၇၃၆ ပိဿာ၊ ရန်ကုန်သို့ ဂဏန်း ၆၆၂၆၂ ပိဿာ၊ ပြည်ပသို့ ၃၄၈၇ ပိဿာ၊ရန်ကုန်သို့ ပုဇွန်(ရေချို) ၆၀၂၃၅ ပိဿာ၊ ပြည်ပသို့ ၃၁၇၀ ပိဿာ ရန်ကုန်သို့ပုဇွန်(ရေငန်) ၁၃၀၁၁၈ ပိဿာ၊ ပြည်ပသို့ ၁၅၈၅ပိဿာ တင်ပို့နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်း

           ရခိုင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဂွမြို့နယ်မှ ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၂-၈-၂၀၂၂)ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဟောပြောပွဲသို့ တက်ရောက် ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ဦးဇော်လေးနိုင်(ဒု-ကြီးကြပ်ရေးမှူး)မှ စားသုံးသူကာကွယ်ရေး ဉပဒေပါ အခန်း(၉)၊ ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တို့တွင်ပါဝင်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အား ချပြဆွေးနွေးပြီး ဉပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)နှင့်(၄၃)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ ဖော်ပြပါရှိသော မုန့်ပဲသရေစာများကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ရေခဲထုပ်၊ အချိုရည်၊ ဂျယ်လီ၊ သကြားလုံးစသည့် အချိုလွန်မုန့်ပဲသရေစာများကြောင့် ချောင်းဆိုး၊ ရင်ကြပ်၊ သွားနာ၊သွားကိုက်၊ သွားပိုးစားခြင်းစသည့် လတ်တလောရောဂါများဖြစ်ပွားနိုင်၍ ရှောင်ကြည်ကြရန် လိုအပ်ပါကြောင်းစသည့်ဖြင့် အသေးစိတ်ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ