Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

ရောနှောဆီအပါဝင်စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ထားဝယ်မြို့သို့ မြန်မာနိူင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဝါးများအား မီးရှို့ဖျက်စီး

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းဌာနများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များနှင့် သိမ်းဆည်းထားသည့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော တရားမဝင်ဆေးဝါးများနှင့် သောက်သုံးရန်မသင့်ဆေးဝါးများအား မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပရဝုဏ်အတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုသို့မီးရှို့ဖျက်ဆီးရာတွင် ပိုးသတ်ဆေး၊ အာရုံကြောဆေး၊ နှလုံးဆေးနှင့် ထိုးဆေးမျိုးစုံ စသည်တို့ပါဝင်ပြီး ဆေးဝါး(၁၂)မျိုးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ စျေးကွက်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆေးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းစျေးကွက်အခြေအနေများ၊ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သောက်သုံးရန်မသင့်သော ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ဆန်နှင့်ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ မြိတ်မြို့ပေါ်ရှိဆန်နှင့် ဆီအ‌ရောင်းဆိုင်များကို မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းများတည်ငြိမ်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးအတွင်း ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားရှိမှုမဖြစ်စေရေး၊ အလေးချိန်မှန်ကန်စွာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(တနင်္သာရီ)

ဈေးကွက်အတွင်း စပ်ဆေး ဆေးဝါးရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

“ Bo Bo ” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် အောက်တိုဘာလ ၁၀ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “Bo Bo” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ