Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်ဖိုမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၀-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချကြရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ‌၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၀-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သာယာဝတီမြို့မအတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထား သည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ မြန်မာ ဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းခြင်း

      နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀-၈-၂၀၂၄)ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့သွားရောက်ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများရှိ/မရှိနှင့် ဆေးများပြတ်လပ်ခြင်းရှိ/မရှိ၊ ဆေးပစ္စည်းများ လက်ကျန်မြေပြင်အခြေအနေများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသောဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းရှိ/မရှိနှင့် ပစ္စည်း ပြတ်လပ်မှုရှိ/မရှိသိရှိစေရန် ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ သြဂုတ်လ၊ တတိယအပတ်တွင် ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၁၁၃၀၀)ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၁၁၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုရှိ/မရှိ ကွင်းဆင်း

      ပြည်သူများ နေ့စဉ် စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၂၀-၈-၂၀၂၄)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် ဝန်ထမ်းများသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခြင်းရှိ/မရှိနှင့် ဆေးများပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်မှုဆောင်ရွက်လျက်ရှိရာ ဆေးနှုန်းများ သင့်တင့်မျှတပြီး ဆေးများလည်းပြတ်လပ်မှုမရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဆေးဝါးရောင်းချပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသိပညာပေးဆွေးနွေးဆေးဝါးရောင်းချပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံး၌ ကျင်းပလျက်ရှိသော ဆေးဝါးများအား ဈေးနှုန်းသက်သာစွာနှင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေပစ္စည်းလုပ်ငန်းရှင်များက ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲတွင် ၁၄.၈.၂၀၂၄ ရက်နေ့နှင့် ၁၅.၈.၂၀၂၄ ရက်နေ့တို့တွင် ပြခန်းပြုလုပ်၍ အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆေးဝါးများလာရောက်ဝယ်ယူသူ စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ပြီး ဆေးရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် လုပ်ငန်းရှင်လိုက်နာရမည့်စည်းကမ်းချက်များကို အသိပညာပေး ဆွေးနွေး၍ လက်ကမ်းစာစောင်များ ဝေငှခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ရွှေတောင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၀-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေတောင်မြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချခြင်းရှိ/ မရှိစစ်ဆေးရာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

       စားသောက်ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ အ.ထ.က(ရွှေတံခါး)နှင့် အ.ထ.က(၁)ကျောင်းများသို့သွားရောက်၍ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ မြို့မဈေးရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကို လည်းကောင်း၊  ကြာနီကန်ရပ်ကွက်၊ မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ ဆင်တဲဈေးနှင့် ထုံးဘိုဈေးရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ဆင်တဲရွာနှင့် ထုံးဘိုဈေး မုန့်ဆိုင်များရှိ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၂/၅)ရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၀-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်တွင် ရွှေတောင်မြို့မဈေးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ အ-ထ-က(ရွှေတံခါး)၊ အ.ထ.က(၁)၊ မူလွန်(မဟာဇေယျုံ)ကျောင်းသို့လည်းကောင်း၊ ရွှေတောင်မြို့၊ အ.မ.က(ညောင်ဝိုင်း)ကျောင်း၊ အ.မ.က(အင်ကြင်းစင်) ကျောင်းသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ မူလွန်(တမာကုန်း)၊ မူလွန်(ခတ္တိယ)၊ အမက(သရက်လိန်)၊ မူလွန်(သရဲဇီး)၊ အမက(ဖောင်းကန်)၊ မူလွန်(စည်သာ)သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အ.မ.က(ငှက်တော်ဦး) သို့လည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအား မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ