Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့် ဆန်များရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးရာအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေးအထောက်အပံ့ဖြစ်စေရန်အတွက် တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီနှင့်ဆန်များအား ဈေးနှုန်းချိုသာစွာရောင်းချခဲ့ပါသည်။

       တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် ဆီ(၅၀)ကျပ်သား (၁)ဘူးလျှင် (၂၇၀ဝိ/-)ကျပ်နှုန်းဖြင့် ဆီ (၃၅၀)ဘူး၊ ဆန် (၁)ပြည်လျှင် (၂၅၀ဝိ/-)ကျပ်နှုန်းဖြင့် ပြည် (၄၀၀)တို့ကိုရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများအနည်းငယ်မြင့်တက်

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများအနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဒီဇင်ဘာလ ပထမပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၁၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၄၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှည်ကြည့်ပါက ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းတို့မှာ   ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီဈေးနှုန်းမှာ  တစ်ပိဿာလျှင် (၃၀၀)ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဒီဇင်ဘာလ ဒုတိယပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင်ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၅၂၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၆၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၃၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၅၀၀)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၆၀၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၁၀)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၀)ကျပ် ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မင်းလှမြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  မင်းလှမြို့နယ်ရှိ မြို့မဈေးကြီးအတွင်း နေ့စဉ်ရောင်းချလျက်ရှိသော ကြက်ဥနှင့်ဘဲဥဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း၌ ကြက်ဥအကြီးတစ်လုံးလျှင် ၂၆၀ကျပ်၊ ကြက်ဥအလတ်တစ်လုံးလျှင် ၂၅၀ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် ၂၂၀ကျပ်ဈေနှုန်တို့းဖြင့် အသီးသီးရောင်းချလျက်ရှိရာ ယခုဒီဇင်ဘာလ ဒုတိယပတ်၌ ကြက်ဥအကြီးတစ်လုံးလျှင် ၂၅၀ကျပ်၊ ကြက်ဥအလတ်တစ်လုံးလျှင် ၂၂၀ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် ၂၀၀ကျပ်ဈေးနှုန်းရှိနေသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

       ဘဲဥဈေးနှုန်းအနေဖြင့်လည်း နိုဝင်ဘာလ ဒုတိယပတ်၌ ဘဲဥအကြီးတစ်လုံးလျှင် ၃၇၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၅၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၃၂၀ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့်ရောင်းချလျက်ရှိပြီး  ဒီဇင်ဘာလ ဒုတိယပတ်၌ ဘဲဥအကြီးတစ်လုံးလျှင် ၃၅၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၂၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၃၀၀ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိရာ ဘဲဥဈေးနှုန်းများလည်းအနည်းငယ်ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှသိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်၌ တွက်ခြေကိုက်ပြီး ဝင်ငွေများရရှိနိုင်သည့် ကီလိုမာလကာ (ကိုင်းကူး)ပင်များစိုက်ပျိုးမှုများနေ

    နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်၊ ကျေးရွာတချို့မှ ခြံစိုက်တောင်သူများသည် စင်တင်သီးနှံစိုက်ပျိုးရာတွင် ဝါးဈေးနှုန်းကြီးမြင့်မှုကြောင့် ၂၀၂၃ခုနှစ်အတွင်း စင်တင်သီးနှံများအစား တွက်ချေကိုက်ပြီး ဈေးကွက်ရှိသည့် ကီလိုမာလကာ (ကိုင်းကူး)ပင်များကိုစိုက်ပျိုးလာကြောင်းသိရှိရပြီး ကီလိုမာလကာသီးစိုက်ပျိုးသည့်ခြံများမှ တစ်ပင်လျှင် အပင်အရွယ်အစားကိုလိုက်၍ (၃၅၀၀-၄၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။

      ကီလိုမာလကာကိုင်းကူးခြင်းကို မိုးကာလ ဇွန်လနှင့် ဇူလိုင်လတို့တွင် စတင်၍ကိုင်းကူးကြောင်း၊ ကိုင်းကူးပြီး (၄-၅)လခန့်အကြာ၌ အမြစ်များထွက်ပါက ကိုင်းကူးများအား ပျိုးထုပ် အတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ ပျိုးထုပ်သက် (၇-၈)လခန့်ကြာပါက စိုက်ခင်းအတွင်းသို့ ပြောင်းရွေ့စိုက်ပျိုးနိုင်ကြောင်း၊ ‌ရွေ့ပြောင်းစိုက်ပျိုးပြီး (၁)နှစ်ခန့်ကြာပါက အရည်အသွေးပြည့်ဝသည့် ကီလိုမာလကာသီးများကို စတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း၊ ကီလိုမာလကာစိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် ပင်ခြားတန်းခြား (၁၁)ပေဖြင့် အပင်ရေ (၃၂၀) ပင်ခန့်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ကြားသီးနှံအဖြစ် စပါးလင်ပင်များကိုလည်းထည့်သွင်းစိုက်ပျိုးနိုင်ခြင်းကြောင့် ကီလိုမာလကာစိုက်ပျိုးခြင်းဖြင့် တွက်ခြေကိုက်ပြီး ဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ကြက်ဥဈေးနှုန်းများတည်ငြိမ်နေပြီး ဘဲဥဈေးနှုန်းအနည်းငယ်တက်

     တောင်ငူမြို့တွင် ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများမှ ကြက်ဥ၊ ဘဲဥများရောင်းရသကဲ့သို့ တောင်ကြီး၊ ပြင်ဦးလွင်ဒေသများမှလည်း ကြက်ဥများဝင်ရောက်လျက်ရှိပါသည်။ ကြက်ဥမှာ တစ်လုံးလျှင် အသေး ၂၄၀ကျပ်၊ အလတ် ၂၆၀ကျပ်နှင့် အကြီး ၂၈၀ကျပ်ဖြင့် ယခင်လဝက်ခန့်အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ဘဲဥမှာ ယခင်နိုဝင်ဘာလ လဝက်ခန့်တွင် တစ်လုံးလျှင် အသေး ၂၆၀ကျပ်၊ အလတ် ၂၈၀ကျပ်နှင့် အကြီး ၃၀၀ကျပ်ရှိခဲ့ရာမှ ယခုဒီဇင်ဘာလ လဝက်တွင် အသေး ၂၈၀ကျပ်၊ အလတ် ၃၀၀ကျပ်နှင့် အကြီး ၃၂၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

       ကြက်ဥ၊ ဘဲဥများမှာ အလွယ်တကူချက်ပြုတ်နိုင်သည့် ဟင်းလျာတစ်မျိုးဖြစ်သည့်အပြင် အာဟာရဓာတ်လည်းကြွယ်ဝခြင်း၊ အသားငါးများထက် ဈေးနှုန်းချိုသာခြင်းတို့ကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ သစ်သီးဈေးကွက်

    တောင်ငူမြို့ ၊ သစ်သီးဆိုင်များတွင် ပန်းသီးများမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၅၀၀ကျပ်အထိဖြင့် ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ သခွားမွှေးသီးမှာ တစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိရှိပြီး တည်သီးမှာ တစ်လုံးလျှင် ၃၅၀၀ကျပ်ရှိပါသည်။

     လိမ္မော်သီးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိဖြင့် ယခင်လအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ပျားလိမ္မော်သီးမှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိဖြင့် ယခင်လထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

        စပျစ်သီး(အစေ့ပါ)တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် ယခင်လထက် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပြီး အစေ့လွတ်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးတွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောကုန်များရောင်းချ

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်ပါသည်။

     ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်နေ့တွင် မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သားတစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

        တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများက သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ ကျောက်ဖရုံသီးတစ်လုံးလျှင် ၁၀၀၀ကျပ်၊ ဘူးသီးတစ်လုံးလျှင် ၈၀၀ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကုလားအော်သီး ၁၀ကျပ်သားလျှင် ၅၀၀ကျပ်၊ နံနံပင် ၁၀ကျပ်သားလျှင် ၄၀၀ကျပ်၊ ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ၇၀၀ကျပ်၊ သင်္ဘောသီးတစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် ရောင်းချပေးပါသည်။

      ထို့အတူ ရုံးပတီသီး၊ ပဲသီး၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းလျားသီး၊ မုံလာရွက်၊ ကန်စွန်းရွက်၊ ကင်မွန်းချဉ်ရွက် စသည့်ဟင်းသီးဟင်းရွက်များကိုလည်းရောင်းချပေးလျက်ရှိရာ စိုက်ခင်းများမှ တိုက်ရိုက်လာရောက်ရောင်းချခြင်းဖြစ်သဖြင့် လတ်ဆတ်သည့်အပြင် ဈေးနှုန်းလည်းချိုသာသောကြောင့် ဝယ်ယူအားပေးလျက်ရှိကြောင်းနှင့် တိုက်ရိုက်အရောင်းဈေးသို့ သက်ဆိုင်ရာဌာနဆိုင်ရာများကကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဆန်စပါးဈေးနှုန်းတည်ငြိမ်နေ

     တောင်ငူမြို့တွင် ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၆၂၀၀၀ကျပ်မှ ၆၅၀၀၀ကျပ်အထိ ဈေးနှုန်းအသီးသီးရှိပါသည်။

     စပါးအသစ်မှာ တင်း၁၀၀လျှင် ၁၇၇၅၀၀၀ကျပ်မှ ၁၇၇၀၀၀၀ကျပ်၊ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၄၆၀၀၀ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၂၅၀၀ကျပ်၊ ဖွဲနုတစ်အိတ်လျှင် ၁၈၀၀၀ကျပ်၊ မတ်ပဲ(၃၀ပိဿာဝင်အိတ်)မှာ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအသီးသီးရှိပါသည်။

        သို့ဖြစ်ရာ ယခုအပတ်အတွင်း ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ စပါးနှင့်မတ်ပဲဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းကွာဟမှုမရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိ

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ယခု၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ)  တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်နေပြီး ငရုပ်သီးစိမ်း (ကျောက်စိမ်း)မှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။     

     ခရမ်းသီး (အဖြူ)မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၆၀၀ကျပ်၊ ခရမ်းသီး(အညို)မှာ  တစ်ပိဿာလျှင်  ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်၊ ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်၊ ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဈေးနှုန်းဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်၊ တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၃၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ကန်စွန်းရွက်မှာ တစ်စည်လျှင် ၂၀၀ကျပ်၊ ၁၀စည်းယူလျှင် ၁၈၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူလျှင် ၅၀၀ကျပ်ရှိကြောင်း ညောင်လေးပင်ဈေးမှသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း