ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနှင့် UAE နိုင်ငံတို့၏ ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၄၇ သန်း ကျော်ရှိ

                ကမ္ဘောဒီးယားနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတို့သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၄၇ သန်းခန့်အထိရှိခဲ့ပြီးနှစ်နိုင်ငံကုန်သွယ်မှု သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယား-ယူအေအီး ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) ၏ အကျိုးကျေးဇူးများဆိုင်ရာ ဒုတိယအကြိမ် အရောင်းမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Tekret Kamrong က ကုန်သွယ်မှု ကိန်းဂဏန်းများနှင့် စပ်လျဉ်းသည့် ကုန်သွယ်မှုအသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ပြီး နိုင်ငံတော်မှ ပို့ကုန်စုစုပေါင်း ကန်ဒေါ်လာ ၃၆ သန်းရှိပြီး သွင်းကုန်ကန်ဒေါ်လာ ၁၁ သန်းရှိကြောင်း သိရသည်။ အဓိက ပို့ကုန်များတွင် အဝတ်အထည်၊ ဖိနပ်၊ အိတ်၊ သဘာဝရော်ဘာနှင့် အခြားကုန်ပစ္စည်းများ ပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ တင်သွင်းသော ကုန်စည်များတွင် အဓိကအားဖြင့် လောင်စာဆီ၊ ပလပ်စတစ်ထုတ်ကုန်များ၊ ဆေးရွက်ကြီး၊ ဓာတုရာဘာနှင့် အခြားအရာများ ပါဝင်သည်။ CEPA သည် နှစ်နိုင်ငံအတွက် အကျိုးအမြတ်များသည့် ထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးလျက်ရှိကြောင်း Kamtong က ဆက်လက်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times                                                                                 

DOCA(ရန်ကုန်)

အကောက်ခွန်ဒဏ်ခံရသော ထိုင်းစီးပွားရေး လုပ်ငန်းများကို ကူညီရန် One-stop center ဖွင့်လှစ်

          စီးပွားရေးဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုမှ သတ်မှတ်ထားသော အခွန်စည်းမျဉ်းအသစ်များကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ လျှင်မြန်စွာ လိုက်လျောညီထွေဖြစ်စေရန်နှင့် သူတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ရန်အတွက် One-stop service center ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

          အဆိုပါစင်တာသည် ထိုင်းနိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ ၁၉ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်သည့်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMES) အပြင် ကုမ္ပဏီကြီးများကိုပါ ကူညီပေးရန် ရည်ရွယ်ထားကြောင်း အစိုးရ၏ ဒုတိယမြောက် ပြောရေးဆိုခွင့်ရှိသူ Anukool Pruksamusak က ပြောကြားခဲ့ပါသည်။

          အဆိုပါစင်တာသည် အခွန်အကောက်ညှိနှိုင်းမှုနှင့် လျော့ချခြင်းကိစ္စရပ်များ၊ စျေးကွက်သတင်းအချက်အလက်များ၊ ကုန်ကျစရိတ်လျှော့ချ‌ရေးဆိုင်ရာ အကြံညဏ်များနှင့် စီးပွားရေးအခွင့် အလမ်းများတိုးတက်စေရန် အစီအစဉ်များ၊ ကျယ်ပြန့်သော ဝန်ဆောင်မှုများနှင့် အကူအညီများ ပေးမည်ဖြစ်ကြောင်း Mr Anukool က ပြောကြားခဲ့ပါသည်။

          ပါဝင်သည့် ကိုယ်စားလှယ်လုပ်ငန်း ၁၂ ခုအနက် ၈ ခုမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး လက်အောက်တွင်ပါရှိကြောင်း သိရှိရပါသည်။

Source: Bangkok Post

DOCA (ရန်ကုန်)                                                                        

ဂျပန်နိုင်ငံ၏ စီးပွားရေသည် ဧပြီလနှင့် ဇွန်လတွင် နှစ်စဉ် ၁ ရာခိုင်နှုန်း တိုးတက်

          ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ဇွန်လအထိသုံးလအတွင်း နှစ်စဉ် ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး သုံးလပတ် ဆက်တိုက်တိုးတက်မှုသည် ငါးကြိမ်မြောက်ဖြစ်ကြောင်း ဝန်ကြီးရုံး၏ သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

          နောက်ဆုံးရရှိခဲ့သော (GDP) အချက်အလက်များအရ ဇန်နဝါရီ-မတ် ကာလအတွင်း ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ၀.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ငွေကြေး ဖောင်းပွမှုကို ချိန်ညှိပြီးနောက် ဂျပန်နိုင်ငံ၏ GDP သည် ယခင်သုံးလတာ ကာလထက် ၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဝန်ကြီးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

          GDP တိုးတက်မှု၏ အဓိက အကြောင်းအရင်းမှာ တင်ပို့မှုကြောင့် ဖြစ်ပါသည်။ တင်ပို့မှုများသည် ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၂.၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်များမှာ ၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။

          ပြည်တွင်းဝယ်လိုအား၏ အဓိကမောင်းနှင်အားဖြစ်သော ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဆက်တိုက် ငါးကြိမ်တိုးတက်မှုဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          အခြားအဓိက အစိတ်အပိုင်းများအနက် စီးပွားရေးထုတ်လုပ်မှု၏ ထက်ဝက်ကျော်ရှိသည့် ပုဂ္ဂလိက သုံးစွဲမှု ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua 

 DOCA (ရန်ကုန်)                                                                                 

နယူးဇီလန်နိုင်ငံ၏ နို့ထွက်ပစ္စည်းများ စံချိန်တင်ဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်

             နယူးဇီလန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ဇူလိုင်လအထိတွင် စားသောက်ကုန်ဈေးနှုန်း ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဤမြင့်တက်မှုသည် ယခင်နှစ် ၄.၆ ရာခိုင်နှုန်းမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းအင်းဦးစီးဌာန Stats NZ က သြဂုတ်လ ၁၅ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          နို့ထွက်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုကြောင့် စားသောက်ကုန်မျိုးစုံတို့သည့် ၅.၁ရာခိုင် နှုန်း မြင့်တက်ခဲ့ပါသည်။ နို့ ၁၆ရာခိုင်နှုန်း၊ ထောပတ် ၄၂.၂ရာခိုင်နှုန်း၊ ချိစ် ၂၉.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Stats NZ က ပြောကြားခဲ့ပါသည်။၂၀၂၀ခုနှစ် ဇူလိုင်လ ကတည်းက နို့ဈေးနှုန်း ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။

          အသားနှင့် ငါးဈေးနှုန်းများ ၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမဲသားအကင် ၂၄.၆ရာခိုင်နှုန်းနှင့် ခုတ်ဖြတ်ပြီးအသား ၁၉.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အသီးနှင့် ဟင်းသီးဟင်းရွက်များ ၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အရက်မပါသော အချိုရည် ၄.၄ရာခိုင်နှုန်းနှင့် စားသောက်ဆိုင်အစား အစာ ၂.၂ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

          အိမ်ငှားခဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်အတွင်း ဇူလိုင်လအထိ ၂.၄ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၄င်းတိုးတက်မှုသည် ၂၀၁၁ခုနှစ်ကတည်းက အနှေးဆုံးတိုးတက်နှုန်းဖြစ်ကြောင်း Stats NZ ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                                  

တရုတ်အမှတ်တံဆိပ်များ အင်ဒိုနီးရှား EV ကားဈေးကွက်ကို လွှမ်းမိုးထား

          တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကား EVများသည် အင်ဒိုနီးရှား လျှပ်စစ်ကားဈေးကွက်ကို ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ ဇွန်လိုင်လအတွင်း လွှမ်းမိုးထားကြောင်း အင်ဒိုနီးရှား မော်တော်ကား စက်မှုလုပ်ငန်းအသင်း (GAIkINDO) ရဲ့ သြဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရသိရပါသည်။

          တရုတ်ကားထုတ်လုပ်ရေး BYD သည် ၂၀၂၅ ခုနှစ်၏ ပထမ ခုနှစ်လအတွင်း ဈေးကွက် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး ယူနစ် ၁၆၄၂၇ ရောင်းချခဲ့ပါသည်။ M6, Sealion 7, Atto 3,Seal, and Dolphin စသည့် နာမည်ကြီးမော်ဒယ်များကြောင့် အားကောင်းတဲ့စွမ်းဆောင်ရည်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လနှောင်းပိုင်းတွင် BYDသည် ၄င်းတို့၏ နောက်ဆုံးပေါ်ကား Atto 1 ကို GAIKINDO Indonesia International Auto Show တွင်စတင်မိတ်ဆက်ခဲ့ပါသည်။ ထိုပြပွဲတွင် ရူပီး ၁၉၅ (အမေရိကန်ဒေါ်လာ ၁၂၀၈၀ခန့်) ဖြင့် စတင်ရောင်းချခဲ့ကြောင်း သိရပါသည်။

          ဈေးကွက်၏ ဒုတိယနေရာတွင် BYD အဖွဲ့၏ အမှတ်တံဆိပ်ခွဲ Denza က ယူနစ် ၆၂၅၆ ရောင်းချခဲ့ပြီး တရုတ်ကားထုတ်လုပ်ရေး Wuling က ယူနစ် ၆၂၁၀ နှင့် တတိယနေရာတွင် ရပ်တည်နေပါသည်။စတုတ္ထနေရာတွင် Chery က ယူနစ် ၅၁၉၆ ဖြင့်ရပ်တည်နေပြီး Aion က ယူနစ် ၃၁၂၆ ဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေကြောင်း သိရှိရပါသည်။

          ခြုံငုံကြည့်လျှင် အင်ဒိုနီးရှား၏ လျှပ်စစ်ကား ရောင်းအားသည် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ယူနစ် ၄၂၁၇၈ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စုစုပေါင်းရောင်းအား ၄၃၁၈၈ ယူနစ်နီးပါး ရောက်ရှိခဲ့ကြောင်း သိရှိပါသည်။

          အင်ဒိုနီးရှားအစိုးရသည် ရုပ်ကြွမ်းလောင်စာများမှ သန့်ရှင်းသော စွမ်းအင်သို့ကူးပြောင်း ခြင့်ဖြင့် ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချရန် ကတိပြုထားကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                                   

တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနိုင်ငံ၏ သစ်နှင့်အထည်အလိပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေ

           ကမ္ဘောဒီးယားနိုင်ငံတွင် သစ်နှင့်အထည်အလိပ်လုပ်ငန်းတို့၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ် များကို အဓိကထား၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများပိုမိုလေ့လာရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Beijing နှင့် Anhui ပြည်နယ်တို့မှ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားသို့ လာရောက်ကြသည်။ ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (CDC) ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Lim Visal နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် များသည် Beijing  နှင့် Anhui ပြည်နယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် ၁၃-၈-၂၀၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း CDC ၏ ထုတ်ပြန်ချက်အရ သိရသည်။ တွေ့ဆုံမှုအတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ၎င်းတို့၏ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်၊ အထူးသဖြင့် သစ်လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများမှ အခွင့်အလမ်းများကို ပိုမိုနားလည်လာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် Visal မှ ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာကြိုဆိုခဲ့ပြီး ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံကြား နီးကပ်သောဆက်ဆံရေးအပြင် တရုတ်အစိုးရနှင့် ပြည်သူတို့ ပံ့ပိုးပေးထားသည့် အခြေခံအဆောက်အဦ တည်ဆောက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်း၊ သက်ဆိုင်ရာ ဥပဒေများနှင့်စည်းမျဉ်းများကို ခြုံငုံသုံးသပ်ပြီး နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးမှု အစီအစဉ်များကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ချည်မျှင်နှင့်အထည်မှအချောထည်အထိ အထည်အလိပ်ထုတ်လုပ်မှုကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံမှုသည် တော်ဝင်အစိုးရ၏မူဝါဒနှင့်အညီ ပြည်တွင်းကုန်ကြမ်းထုတ်လုပ်မှု၊ အပိုတန်ဖိုးတိုးမြင့်လာပြီး ပို့ကုန်ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက်ဖြစ်ကြောင်း Visal က ဆက်လက်ရှင်းပြသည်။

Source: Khmer Times

DOCA (ရန်ကုန်)  

သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန် MAFF နှင့် EU တို့က သင်တန်းများကျင်းပ

           ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာန (MAFF) မှ သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်ဆိုင်ရာ သင်တန်းအား ခရိုင်စိုက်ပျိုးရေးအရာရှိ  ဦးဆောင်း၍ Kampot, Tbong Khmum နှင့် Kep ပြည်နယ်များမှ အဓိက တောင်သူ (၁၀၀)ကျော်အား သီဟိုဠ်စေ့နှင့် ငရုတ်ကောင်း စိုက်ပျိုးထုတ်လုပ်ရေး ကွင်းဆက်အတွက် သင်တန်းပို့ချပေးခဲ့သည်။ ၁၄-၈-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် အဆိုပါ သင်တန်းကို စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Yang Saing Koma၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲ Bryan Fornari နှင့် MAFF လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး Khim Finan တို့က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ တက်ရောက်သူများတွင် Kampot၊ Tbong Khmum နှင့် Kep ပြည်နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ရပ်ရွာသင်တန်းဆရာများ၊ CAPSAFE EU-Germany ပရောဂျက်မှ ကိုယ်စားလှယ်များနှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) အဖွဲ့တို့ ပါဝင်ပြီး စုစုပေါင်းတက်ရောက်သူ ၁၅၀ နီးပါးရှိခဲ့သည်။ Saing Koma က တောင်သူလယ်သမားများအား ဝန်ဆောင်မှုပေးရာတွင် ပိုမို ကောင်းမွန်စေရန်နှင့် လယ်ယာထွက်ကုန်များ အထူးသဖြင့် နိုင်ငံ့စီးပွားရေးနှင့် တောင်သူ လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းအတွက် အဓိကသီးနှံနှစ်မျိုးဖြစ်သည့် သီဟိုဠ်စေ့နှင့် ငရုတ်ကောင်းများ၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သီးနှံများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အီးယူ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ Bryan Fornari က ကမ္ဘောဒီးယားနိုင်ငံသည် ပိုမိုခေတ်မီပြီး ကွဲပြားသော စိုက်ပျိုးရေးစီးပွားရေးဆီသို့ ဆက်လက် လျှောက်လှမ်းနေချိန်တွင် ဥရောပသမဂ္ဂသည် ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများကို ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။ ဤလေ့ကျင့်ရေး အစီအစဉ်ကဲ့သို့သော ပူးပေါင်းကြိုးပမ်းမှုများမှတစ်ဆင့် ကမ္ဘောဒီးယားကျေးလက်ဒေသ အသိုင်းအဝန်းအတွက် ပိုမိုရေရှည်တည်တံ့သော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အားလုံးပါဝင်နိုင်သည့် အနာဂတ်အတွက် အခြေခံအုတ်မြစ်ကို ချထားပေးနေသည်ဟု ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း EU သည် လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် ကျေးလက်လူထုအတွက် စီးပွားရေးအခွင့်အလမ်း များ ဖန်တီးပေးရန် ရည်ရွယ်သည့် အမျိုးသားရေးကြိုးပမ်းမှုများကို ပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါသည်။

 Source: Khmer Times

DOCA (ရန်ကုန်)                                                                                

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပို့ကုန်‌တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၃.၅ ဘီလီယံ ရရှိလာရန်မျှော်မှန်းထား

          ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၅ ဇူလိုင်လ မှ ၂၀၂၆ ဇွန်လ အထိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ၎င်း၏ပို့ကုန်ရည်မှန်းချက်အား ၁၆.၅ ရာခိုင်နှုန်းမှ အမေရိကန်ဒေါ်လာ ၆၃.၅ ဘီလီယံ ဒေါ်လာ သို့ရောက်ရှိရန်ပြစ်မှတ်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးအကြံပေး Sk Bashir Uddin က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

          ဝန်ကြီး၏ အဆိုအရ ကုန်စည်တင်ပို့မှုမှ ဒေါ်လာ ၅၅ ဘီလီယံနှင့် ဝန်ဆောင်မှုကဏ္ဍမှ ဒေါ်လာ ၈.၅ ဘီလီယံ ရရှိမည်ဖြစ်ကြောင်းသိရသည်။ ပို့ကုန်ပစ်မှတ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း အကြံပေးပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့သည် ကုန်သွယ်မှု၊ တိုးတက်မှုကို မြှင့်တင်ရန် စံနှုန်းများ မိတ်ဖက်ပြုရန် သဘောတူညီခဲ့ကြ

           နယူးဇီလန်နှင့် သြစတြေးလျ ခေါင်းဆောင်များသည် ကုန်သွယ်မှု ပိုမိုဖြေလျှော့ရန်နှင့် စီးပွားရေး ဆက်ဆံမှုအားကောင်းစေရန် ရည်ရွယ်၍ ၎င်းတို့၏ အမျိုးသား စံနှုန်းအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှုကို သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။ နယူးဇီလန် ဝန်ကြီးချုပ် Christopher Luxon သည် သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ၏ နှစ်ပတ်လည်ခေါင်းဆောင်များ အစည်းအဝေးကို နယူးဇီလန်နိုင်ငံ Queenstown တွင် လက်ခံ ကျင်းပခဲ့သည်။ နယူးဇီလန်အစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါ သဘောတူညီချက်သည် ထုတ်ကုန်နှင့် ဝန်ဆောင်မှုစံနှုန်းများကို ညီညွတ်စေရန်၊ Tasman တစ်လျှောက် ကုန်သွယ်မှုကို ချောမွေ့စေရန်၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် နှစ်နိုင်ငံစလုံးတွင် စီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်။ "နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမယ့် အခွင့်အလမ်းတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်" ဟု New Zealand ၏ "Ging for Growth" အစီအစဉ်နှင့် သြစတြေးလျ၏ ကုန်ထုတ်စွမ်းအားဆိုင်ရာ ဦးစားပေးများအကြား ပေါင်းစပ်လုပ်ဆောင်မှုကို သတိပြုမိကြောင်း Luxon က ပြောကြားခဲ့သည်။ Queenstown အစည်းအဝေးသည် စက်တင်ဘာလတွင် သြစတြေးလျနိုင်ငံ မြို့တော်ကင်ဘာရာတွင် သြစတြေးလျ-နယူးဇီလန် ခေါင်းဆောင်မှုဖိုရမ် အပါအဝင် အဆင့်မြင့် Trans-Tasman စီးပွားရေးဆိုင်ရာ အစည်းအဝေးများ ဆက်တိုက်ကျင်းပခြင်း၏ အစဖြစ်သည်။ ယင်းကို ယခုနှစ်နှောင်းပိုင်းတွင် ရာသီဥတုနှင့် ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့် ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံရေး ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပထမ ၄ လတွင် FDI ၁၁၈ သန်းကျော် ဝင်ရောက်ခဲ့

           မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပထမလေးလ (ဧပြီမှ ဇူလိုင်လ) အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွင် အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ သြဂုတ်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

           ယင်းကာလအတွင်း နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၆ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ကို ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

         လက်ရှိတွင် မြန်မာနိုင်ငံတွင် နိုင်ငံနှင့် တိုင်းဒေသကြီး စုစုပေါင်း ၅၃ ခုမှ လာရောက်ရင်းနှီးမြှုပ်နှံထားပြီး တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့က ထိပ်တန်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်း သိရသည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းကြောင့် အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်လည်း မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                             

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ