ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံသည် တင်ပို့မှု ၂၅% မြှင့်တက်

       အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့်ဘတ်ငွေတန်ဖိုးအားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် မူလခန့်မှန်းထားသည့် ဘတ်သန်း ၇၅သန်းကို ကျော်လွန်၍ ဆန်တန်ချိန် ၈.၂သန်းကိုပြည်ပသို့ တင်ပို့နိုင်မည်ဟုမျှော်လင့်ရကြောင်း ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနအဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipetn ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂၅.၁% နှင့် ၅၅.၅% အသီးသီးမြှင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆန်တင်သွင်းသူများသည် စားသုံးရန်နှင့်  စားနပ်ရိက္ခဖူလုံစေရေးအတွက် သိုလှောင်ထားရန်အတွက် တင်သွင်းရန်အလိုရှိကြကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ခြင်းနှင့်တစ်ဒေါ်လာကို ၃၆-၃၇ဘတ်အထိ တန်ဖိုးကျဆင်းမှုကလည်း ထိုင်းဆန်ဈေးနှုန်း၏ ယှဉ်ပြိုင်နို်ငစွမ်းကို ဆက်လက်ထိန်းသိမ်းရန် ကူညီစေခဲ့ကြောင်း သိရပါသည်။ ဌာနအနေနှင့်လည်းထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းနှင့်ဒုတိယနှစ်ဝက်အတွက် ဆန်တင်ပို့မှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးရန် ဇူလိုင်လ ၂၅ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့အပါအဝင် ထိုင်းနို်ငငံ၏ အဓိကတင်ပို့သည့်ဈေးကွက်များမှာ ငွေကြေး ဖောင်းပွမှုနှင့်မိုးခေါင်ခြင်းတို့ကြောင့် ဆန်ဝယ်လိုအား ဆက်လက်မြှင့်တက်ရန်ရှိကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဩဂုတ်လအစောပိုင်းကာလမှစတင်သက်ရောက်ပြီး ၂၀၂၈ခုနှစ်ထိ ကြာမြင့်မည့်ဆန်တင်သွင်းသည့် အကောက်ခွန်ကို ၃၅% မှ ၁၅% ထိ လျှော့ချမည်ဟု တရားဝင် ကြေညာထားကြောင်း သိရပါသည်။ Mr.Ronnarong က ယခုနှစ်တွင် ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားတို့သည် ၎င်းတို့၏ ဆန်တင်သွင်းမှုကို ၄ တန်ချိန်၊ ၄.၇သန်းနှင့် တန်ချိန် ၃.၆-၄.၃သန်း အသီးသီး မြှင့်တက်မည်ဟု မျှော်လင့်ရကြောင်းနှင့်ထိုင်းအပါအဝင်ဆန်တင်ပို့သည့် နိုင်ငံများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ထိုင်းနိုင်ငံတစ်ဆင့်ပို့ရာတွင် များစွာသောစွန့်စားရနိုင်သည့် အချက်များရှိနေကြောင်း သိရပါသည်။ အထူးသဖြင့် အိန္ဒိယနို်ငငံက ဆန်တင်ပို့ရာတွင် ကန့်သတ်ထားမှုအား ပြန်လည်ဆန်းစစ်နိုင်ချေ ရှိခြင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာနှင့်ကမ္ဘောဒီးယားတို့တွင် ဆန်ထုတ်လုပ်မှုမြှင်တက်လာသည့်အတွက် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့နိုင်စွမ်းမြှင့်တက်လာပြီး ဈေးနှုန်းယှဉ်ပြိုင်ရမှုမြင့်တက်လာနိုင်ခြင်းနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်နေခြင်းနှင့် သင်္ဘောတင်ပို့နှုန်းများ မြင့်တက်လာခြင်းအစရှိသည့် အချက်များပါဝင်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုအခြေအနေသည် ကောင်းမွန်နေလျက်ရှိနေသေးပြီး တင်ပို့သူများသည် ပမာဏများပြားသည့်ဆန်များကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ ပါဝင်သော အာဆီယံနိုင်ငံများနှင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းစသည့်ဒေသများသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်။ Mr.Ronnarang က ဌာနအနေဖြင့် ဆန်တင်ပို့မှု အရှိန်မြင့်တင်ရန်အတွက် သက်ဆိုင်ရာအစိုးရ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းပါဝင်သော ပုဂ္ဂလိကကဏ္ဍများနှင့် နီးကပ်စွာအလုပ်လုပ်သွားရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ ဌာနအနေဖြင့်လည်း တောင်အာဖရိက၊ ဟောင်ကောင်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်အစရှိသည့် အဓိက ဈေးကွက်များတွင် ဆန်ဈေးကွက်ထပ်မံတိုးချဲ့၍ ရင်းနှီးကျွမ်းဝင်မှုအားကောင်းရန်အတွက် အစီအစဉ်များရှိနေပြီး ကမ္ဘာလုံးဆိုင်ရာဈေးကွက်သို့ ထိုင်းဆန်ကြေညာမြင့်တင်ရန်များစွာသော ကုန်စည်ပြပွဲများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Srouce : Bankok Post

DOCA(ရန်ကုန်)

 

ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှုဖြစ်လာစေရန် ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံဆွေးနွေး

    ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံမွေးမြူရေး ထုတ်ကုန်များနှင့်သစ်သီးများတရုတ်နိုင်ငံတွင် ဈေးကွက်တိုးချဲ့ရန်နှင့် အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရှိအသစ်ပေါ်ထွက်လာသော စက်မှုနယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန်ရည်ရွယ်၍ နှစ်နိုင်ငံကြားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Suchart Chomklin က ၎င်းကို ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Phumtham Wechayachai က တရုတ်နို်ငငံစီးပွားကူးသန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Li Fei နှင့်ပူးတွဲ ဥက္ကဠအနေနှင့်ကျင်းပမည့် တတိယအကြိမ်မြောက်တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆပ်ကော်မတီအစည်းအဝေးကို တက်ရောက်ရန်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးသည် စိုက်ပျိုးရေးထုတ်ကုန်များတွင် အပြန်အလှန် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးနှင့် တရုတ်နိုင်ငံတွင် ထိုင်းကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဘက်ကမူ ထိုင်းမွေးမြူရေး ထုတ်ကုန်များနှင့် သစ်သီးများတရုတ်နိုင်ငံသို့တင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တရုတ်အာဏာပိုင်များကို တောင်းဆိုခဲ့ကြောင်း သိရပါသည်။ Mr.Suchartn တရုတ်ရင်းနှီးမြှုပ်နှံ သူများအား EV၊ သန့်စင်သောစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ AI၊ အာကာသိပ္ပံနှင့်နည်းပညာတို့ ပါဝင်သည့်ပေါ်ထွက်လာသောစက်မှုနယ်ပယ်တို့တွင် လာရောက်ရင်းနှီးမြှုပ်နှံတောင်းဆိုခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ထိပ်ဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၁နှစ် ဆက်ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅ဘီလီယံရှိခဲ့ပြီး ယခုနှစ်ပထမ ၅ လတာကာလတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၅.၇ဘီလီယံရှိကာ လွန်ခဲ့သည့်နှစ်တူညီသည့် ကာလထက် ၄.၂၄% တိုးတက်လာကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ တရုတ်သို့အဓိကပို့ကုန် များတွင်လတ်ဆတ်သော သစ်သီးများ၊ ပလတ်စတစ်ကော်စေ့များ၊ ကွန်ပြူတာနှင့်အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များနှင့် ပီလောပီနံထုတ်ကုန်များပါဝင်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံထံမှ အဓိကပြန်လည်တင်သွင်းသည့် ကုန်ပစ္စည်းများတွင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ ဓာတုပစ္စည်းများ၊ စတီးလ်နှင့် စတီးလ်ထုတ်ကုန်များ၊ ကားပစ္စည်း အစိတ်အပိုင်းများ ပါဝင်ကြောင်း သိရပါသည်။

Source : Bankok Post

DOCA(ရန်ကုန်)

 

 

ဗီယက်နမ်-လာအို ကုန်စည်ပြပွဲ ၂၀၂၄ ကျင်းပပြုလုပ်

       နှစ်နိုင်ငံစလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံးနှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအို ကုန်စည်ပြပွဲ ၂၀၂၄(VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ရက်နေ့က ကျင်းပခဲ့သည့်ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွယ်မှုတွင် ကြာရှည်စွာအခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လာအို၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်သုံးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်ပြီး ဇွန်လကုန်တွင်အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၂၈ သန်းအထိ ရောက်ရှိခဲ့ကာ ၁၁% မြှင့်တက်ခဲ့ ကြောင်းသိရပါသည်။ Hung က (၄၆)ကြိမ်မြောက်ကျင်းပခဲ့သည့် ဗီယက်နမ်-လာအို အစိုးရအချင်းချင်းကော်မတီတွင် စီနီယာခေါင်းဆောင်များက ချမှတ်ခဲ့သည့် ယခုနှစ်အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကြီးထွားနှုန်းရည်မှန်းချက်ဖြစ်သည့် ၁၀% ကို ကျော်လွန်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် သံအမတ်ကြီးက လာအိုနိုင်ငံရှိ ဗီယက်နမ် ရင်းနှီးမြှုပ်နှံ မှုစီမံကိန်းများသည် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအလုပ်အကိုင်များဖန်တီးခြင်း၊ ထောင်နှင့် ချီသော လုပ်သားများ၏ဝင်ငွေကိုမြှင့်တင်ပေးခြင်းနှင့် လာအိုနိုင်ငံတော်ဘတ်ဂျက်ဝင်ငွေကို မြင့်တက်စေခြင်းစသည်တို့တွင် ထိရောက်စွာနှင့်သိသာထင်ရှားစွာ ပူးပေါင်းပါဝင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအစိုးရများသည် နှစ်ဦးနှစ်ဖက်ကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ ၂ဘီလီယံထိမြှင့်တင်ရန် ရည်ရွယ်လျက်ရှိကြောင်းသိရပါသည်။ ပြပွဲတွင် စီးပွားရေးလုပ်ငန်းများက ပြခန်းပေါင်း ၂၅၀ ပတ်လည်ခန့်ခင်းကျင်းပြသခဲ့ပြီး ၁၂၀ ခန့်ပါဝင်ကြောင်း သိရပါသည်။ ၈၀ ခန့်မှာ ဆေးဝါးနှင့်ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာများပြင်ဆင်ထားသော လယ်ယာ-သစ်တော-ရေထုတ်ကုန်များ၊ ချည်မျှင်နှင့်ဖက်ရှင်၊ လက်မှုပစ္စည်းများ၊ အတွင်းနှင့် အပြင်အလှဆင်ခြင်းလုပ်ငန်းများနှင့်စားသုံးကုန်များ အစရှိသည့် ကဏ္ဍပေါင်းစုံတို့တွင် နာမည်ရ ကုမ္ပဏီများဖြစ်ကြောင်းသိရပါသည်။ ပြပွဲတွင်ပါဝင်ပြသခဲ့သော ဗီယက်နမ်စီးပွားရေး လုပ်ငန်းများသည် နိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်ရန်၊ တင်ပို့မှုအရှိန်မြှင့်တင်ရန်၊ လာအိုနှင့်ထိုင်းနိုင်ငံ အရှေ့မြောက်တွင် ကွန်ယက်ဖြန့်ဝေမှုတိုးချဲ့ရန်နှင့်ဗီယက်နမ်စက်မှုလုပ်ငန်းများ၏ အားကောင်းမှုကိုပြသရန် ရည်ရွယ်ကြောင်း သိရပါသည်။ ပြပွဲသည်ကုန်သွယ်ရေးအဖွဲ့အစည်း၊ ကုန်ထုတ်လုပ် သူများနှင့်နှစ်နိုင်ငံလုံးမှ ရင်းနှီးမြှုပ်နှံသူအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်း၊ နည်းပညာ လွှဲပြောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများတိုးချဲ့ခြင်းတို့အတွက် ထိရောက်သော ပေါင်းကူးတံတားတစ်ခုဖြစ်စေခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

အိန္ဒိယ ကျောက်မီးသွေးတင်သွင်းမှုသည် ဧပြီလမှ ဇွန်လအတွင်း တန်ချိန် ၇၅.၂၆သန်းအထိ ၆ရာခိုင်နှုန်း မြင့်တက်လာ

       အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် လက်ရှိဘဏ္ဏာနှစ် ပထမသုံးလပတ်တွင် တန်ချိန် ၇၅.၂၆သန်း(MT) ရှိခဲ့ပြီး ယခင်ဘဏ္ဏာနှစ်၏ အလားတူကာလတွင် တင်သွင်းခဲ့သော ကျောက်မီးသွေး ၇၁.၁၆(MT)နှင့် နှိုင်းယှဥ်ပါက ၅.၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါသည်။

    ဇွန်လအတွင်း ကျောက်မီးသွေးတင်ပို့မှုသည် ၂၂.၉၇ (MT)ရှိပြီး ယခင်ဘဏ္ဏာ‌ရေးနှစ် အလားတူကာလတွင် ၂၁.၅၅(MT)နှင့် နှိုင်းယှဥ်ပါက ၆.၉၇ရာခိုင်နှုန်းပိုများခဲ့ကြောင်း Tata Steel နှင့် B2B ecommerce Plaftform တို့မှ ပူးပေါင်းဆောင်ရွက်သည့် MJunction Service Ltd  မှ အချက်အလက်များအရ သိရပါသည်။

     Mjuction ၏ MD နှင့် CEO ဖြစ်သူ  Vinaya Varma က ပိုလျှံနေသောကျောက်မီးသွေးနှင့် မုတ်သုန်ရာသီအတွင်း စက်မှုလုပ်ငန်းဆောင်ရွက်မှုနှေးကွေးခြင်းကြောင့် သွင်းကုန်ဝယ်လိုအားသည် လာမည့်လအတွင်း လျော့နည်းနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

     ၂၀၂၄ခုနှစ်ဇွန်လအတွင်း တင်သွင်းမှုစုစုပေါင်းမှ non-coking  ကျောက်မီးသွေး(Non-coking ကျောက်မီးသွေးဆိုသည်မှာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်အတွက် အပူပေးကျောက်မီး သွေးအသုံးပြုသည်၊ ၄င်းသည် ပျာပါဝင်မှုမြင့်မားပြီး ဘိလပ်မြေ၊ဓါတ်မြေသြဇာ၊ဖန်ကြွေထည်နှင့် အုတ်ထုတ်လုပ်ခြင်းကဲ့သို့သောလုပ်ငန်းများတွင် အသုံးပြုသည်။ တင်သွင်းမှုသည် ၁၄.၁၉(MT) ရှိပြီးယမန်နှစ် ဇွန်လတင်သွင်းသည့် ၁၃.၂၉(MT)ထက်ပိုများသည်။ coking ကျောက်မီးသွး တင်သွင်းမှုမှာ ၅.၄၅(MT)   ရှိပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင်  ၅.၃၃(MT)    တင်သွင်းနိုင်ခဲ့သည်။

    ပင်လယ်ရေကြောင်းလမ်းမှ ဈေးနှုန်းများလျော့နည်းလာခြင်းနှင့် နွေရာသီတွင် ဓါတ်အား ဝယ်လိုအားမြင့်တက်လာနိုင်ခြေတို့ကြောင့်  ၂၀၂၃ဘဏ္ဏာနှစ်က တင်သွင်းခဲ့သော၂၄၉.၀၆   (MT) ထက် ၂၀၂၄ဘဏ္ဏာရေးနှစ်တွင် ၂၆၈.၂၄ (MT)    သို့  ၇.၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

      ကျောက်မီးသွေးဝန်ကြီး G Kishan Reddy က အိန္ဒိယသည် ပြည်တွင်းတွင် ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုကို တိုးမြင့်ကာ ကျောက်မီးသွေးတင်သွင်းမှုကို လျော့ချသင့်သည်ဟု အစောပိုင်းက ပြောြကားခဲ့သည်.

     ပြည်တွင်းကျောက်မီးသွေးထုတ်လုပ်မှုသည် ၂၀၂၂-၂၀၂၃ တွင် ၈၉၃.၁၉၁ (MT)နှင့် ၂၀၂၃-၂၀၂၄တွင် ၉၉၇.၈၂၈ (MT)မှ ၁၁.၇၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

Source : indiatimes

DOCA(ရန်ကုန်)

 

၂၀၂၄-၂၀၂၅ ဘဏ္ဏာနှစ်အတွင်း ယူကရိန်းနိုင်ငံ၏စပါးတင်ပို့မှုမှာသိသိသာသာ မြင့်တက်လာ

      သြဂုတ်လ ၁၂ ရက်နေ့အထိ ယူကရိန်းနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဈေးကွက်ဝင်နှစ်မှ စတင်၍ စပါးနှင့်ပဲတန်ချိန် ၄.၉ သန်းတင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၅၈.၉% တိုးလာခဲ့ကြောင်း စိုက်ပျိုးရေးမူဝါဒနှင့် စားနပ်ရိက္ခာ ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲမှ အချက်အလက်များမှ သိရပါသည်။

      ကောက်ပဲသီးနှံများနှင့် ပတ်သက်၍ ယူကရိန်းသည် လက်ရှိရာသီချိန်မှ စတင်၍ ဂျုံ တန်ချိန်  ၂.၂၇၃ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃-၂၀၂၄တွင် တင်ပို့ခဲ့သော ၁.၂၅သန်းနှင့်နှိုင်းယှဥ်ပါက များစွာတိုးတက်လာခဲ့ပါသည်၊ ထို့အပြင် တင်ပို့မှုတွင် မုယောဆန်တန်ချိန် ၇၃၉၀၀၀၊(၂၀၂၃-၂၀၂၄တွင် ၃၈၅၀၀၀တန်)၊ RYE ဂျုံတန်ချိန်၃၀၀(၂၀၂၃-၂၀၂၄တွင်တန်ချိန် ၆၀၀)နှင့် ပြောင်း တန်ချိန် ၁၃၉၂သန်း(၂၀၂၃-၂၀၂၄ တွင်တန်ချိန် ၁၄၃၀၀၀)တို့ ပါဝင်ပါသည်။

      ကောက်ပဲသီးနှံများနှင့် ပတ်သက်၍ ယူကရိန်းသည် လက်ရှိရာသီ စတင်ချိန်မှစ၍ ဂျုံတင်ပို့ စုစုပေါင်းမှာ တန်ချိန် ၆၃၀၀(၂၀၂၃-၂၀၂၄တွင် တန်ချိန်၁၄၉၀၀)ရှိပြီး အထူးသဖြင့် ဂျုံတန်ချိန် ၅၇၀၀(၂၀၂၃-၂၀၂၄တွင်တန်ချိန် ၁၄၃၀၀)ရှိခဲ့သည်။

Source : Pravda

DOCA(ရန်ကုန်)

 

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုဆွဲဆောင်နိုင်ရန်ဆော်ဒီအာရေဗျနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ဥပဒေအားပြုပြင်ပြောင်းလဲ

     ဆော်ဒီအာရေဗျနိုင်ငံသည် စီးပွားရေးကွဲပြားမှုကို ပံ့ပိုးရန်နှင့်နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်၊ ပွင့်လင်းမြင်သာမှုမြှင့်တင်ရန်နှင့် နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများအား တင်းကြပ်မှုကိုဖြေလျှာ့ပေးနိုင်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့သည်။

    မွမ်းမံထားသော ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် တရားဥဒေစိုးမိုးရေး၊ တရားမျှတသော ဆက်ဆံမှုနှင့် လွတ်လပ်စွာငွေလွှဲနိုင်မှုတို့ကို အာမခံပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗျနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဥ်ကို ကူညီရန်သီးသန့်ဝန်ဆောင်မှု စင်တာများ ဖွင့်လှစ်ထားသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လိုင်စင်များကိုလည်း ဖျက်သိမ်းပြီးရိုးရှင်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဥ်ဖြင့် အစားထိုးမည်ဖြစ်သည်၊ ပြုပြင်ပြောင်းလဲမှု များသည် ရင်းနှီးမြှုပ်နှံသူများအတွက် ကြိုဆိုပြီး လုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ဆော်ရေအာရေဗျ၏ ကတိကဝတ်ကို ဥပဒေထပ်လောင်းအတည်ပြုသည်ဟု ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Khalid Al- Faith ကထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

      ဆော်ဒီအာရေဗျသည် မကြာသေးမီနှစ်များအတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် အထူးဗီဇာ ထုတ်ပေးခြင်း၊ အခွန်နှုန်းသက်သာသောအထူးစီးပွားရေးဇုန်များဖန်တီးခြင်း၊ အရပ် ဘက်ငွေကြေး လွှဲပြောင်းမှုနှင့် ဒေဝါလီခံခြင်းဆိုင်ရာဥပဒေသစ်များမိတ်ဆက်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်မကြာသေးမီနှစ်များအတွင်း ခြေလှမ်းများစွာ လုပ်ဆောင်ခဲ့သည်။

      ဆော်ဒီအာရေဗျနိုင်ငံ၏ရည်မှန်းချက်မှာ အလုပ်အကိုင်များဖန်တီးပေးပြီး ရေနံလုပ်ငန်း အပြင်ဝင်ငွေရရှိနိုင်မည့် စက်မှုလုပ်ငန်းအသစ်များဖွံဖြိုးတိုးတက်စေရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၃၀ခုနှစ်တွင်တစ်နှစ်လျှင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရရှိရန် ဖြစ်သည်။

     ဆော်ဒီအာရေဗျနိုင်ငံ၏ အဆိုပါရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် နိုင်ငံတကာ အလေ့အကျင့်များကိုထည့်သွင်းစဥ်းစားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံသူများနှင့် အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို ထည့်သွင်းပြီးနောက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Source: Bloomberg

DOCA(ရန်ကုန်)

 

အိန္ဒိယနိုင်ငံသည် ပိုလန်သို့ သဖန်းသီးဖျော်ရည်ကို ပထမဆုံးတင်ပို့

        အိန္ဒိယနိုင်ငံမှ ထူးခြားသောစိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုတိုးမြင့်လာစေရန် ၎င်း၏အစပျိုးမှုတစ်စိတ်တစ်ပိုင်းအဖြစ်  ပိုလန်နိုင်ငံသို့ သဖန်းသီးဖျော်ရည်ကို ပထမဆုံးတင်ပို့ရောင်းချခဲ့ ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့တွင်ပြောကြားခဲ့သည်။

         စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သည် GT (ပထဝီအညွှန်း) တပ်ထားသော Purandar သဖန်းသီးမှထုတ်လုပ်သော အသင့်သောက်သဖန်းသီးဖျော်ရည်များကို ပိုလန်သို့ အဆင်ပြေချောမွေ့စွာတင်ပို့နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

        GI(ပထဝီအညွှန်း) တဂ်သည် ထိုပစ္စည်းအား တရားဝင်အကာအကွယ်ပေးပြီး အခြားသူများ၏ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုကိုဟန့်တားကာ ထုတ်ကုန်တင်ပို့မှုကိုမြှင့်တင်ရာတွင် ကူညီပေးသည်။ ၎င်းသဖန်းသီးဖျော်ရည်တင်ပို့ရောင်းချမှုသည် ကမ္ဘာ့ဈေးကွက်တွင် အိန္ဒိယလယ်ယာထွက်ကုန်များ၏အလားအလာကို ထင်ဟပ်စေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: deccanherald

DOCA(ရန်ကုန်)

Turkiye သည် FTA, PTA အသစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုဆက်ဆံရေးကိုခိုင်မာစေရန် ကြိုးပမ်း

        လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) စေ့စပ်ညှိနှိုင်းမှုများအပြင်၊ Turkiye သည် သီးခြားကဏ္ဏများတွင် အပြန်အလှန်အားသာချက်များပေးသည့် ဦးစားပေးကုန်သွယ်မှုသဘောတူညီချက်များ (PTAs) မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကိုအားကောင်းစေရန် ရည်မှန်းထားကြောင်း သြဂုတ်လ ၁၇ရက်နေ့၏ အစီရင်ခံစာတစ်ရပ်အရသိရသည်။

          ကုန်သွယ်ရေးဝန်ကြီးဌာနမှ Anadolu Agency(AA) မှရရှိသော အချက်အလက်များအရ Turkiye သည် ၎င်း၏စက်မှုလုပ်ငန်းယှဥ်ပြိုင်နိုင်စွမ်းကို မြင့်တင်ရန်နှင့် အခြားနိုင်ငံများရှိပို့ကုန်လုပ်ငန်းရှင်များအတွက် ဈေးကွက်အားသာချက်များပေးဆောင်ရန် ဘက်စုံ FTA များကို လက်မှတ်ရေးထိုးရန်လမ်းကြောင်းပေါ်တွင်ရှိနေသည်။

       ဤအခြေအနေတွင် Turkiye လက်မှတ်ရေးထိုးထားသော FTAs ၂၃ခုသည် လက်ရှိတွင် အသက်ဝင်လျက်ရှိသည်။ ထို့ပြင် တချို့သောနိုင်ငံများနှင့်FTA များအတွက် အတည်ပြုချက်နှင့် ညှိနှိုင်းရေးလုပ်ငန်းစဥ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

       ၎င်းပြင် သီးခြားကဏ္ဏများတွင် အပြန်အလှန်အားသာချက်များပေးဆောင်သည့် အီရန်၊ အဇာဘိုင်ဂျန်၊ ဥဇဘက်ကစ္စတန်၊ ပါကစ္စတန်နှင့် PTA ဆိုင်ရာ သိသာထင်ရှားသော ပံ့ပိုးကူညီမှုများပြုလုပ်လျက်ရှိသည်။

          ထို့ပြင် Maldives နှင့် PTA အသစ်ကို အကောင်အထည်ဖော်ရန်ကြိုးပမ်းမှုများလုပ်ဆောင်နေပြီး အယ်လ်ဂျီးရီးယားနှင့် ဤသဘောတူချက်ကို လက်မှတ်ရေးထိုးရန် စေ့စပ်ညှိနှိုင်းမှုများစတင်ရန်အတွက်လည်း ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်။

          ထို့ကြောင့် ၎င်း၏ကျယ်ပြန့်သော ကုန်သွယ်ရေးသဘောတူညီချက်များနှင့်အတူ Turkiye သည် FTAs အများဆုံးရှိသည့် ကမ္ဘာ့ထိပ်တန်း(၁၀)နိုင်ငံတွင်ပါဝင်ပါသည်။

Source: daily saba

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံစက်ရုံအရေအတွက် ၉ ရာခိုင်နှုန်းမြင့်တက်

    ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍကြီးထွားလာပြီး ယခုနှစ် ဇွန်လတွင် စက်ရုံအရေအတွက် ၂၁၇၅ ခုထိ ရောက်ရှိလာကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် ဇွန်လက စက်ရုံအရေအတွက် ၁၉၉၇ ခုရှိရာမှ ယခုအခါ စက်ရုံအသစ် ၁၇၈ ခုတိုးလာခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၈.၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားဘဏ်၏ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်သည့် အစီရင်ခံစာအရသိရပါသည်။ ယခုလို မြင့်တက် လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်ကိုကြီးမားစွာ သက်ရောက်မှု ရှိစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းပြည်၏ ဆင်းရဲမွဲတေမှုလျှော့ချခြင်းတို့အတွက် အဓိက မောင်းနှင်အားဖြစ်လာမည်ဟု သိရပါသည်။ ကျန်ထုတ်လုပ်သည့် စက်ရုံများသည် ပြည်တွင်း၌ အလုပ်အကိုင် ၁.၁ သန်းကို ခန့်အပ်နိုင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရပါသည်။ စက်ရုံအရေအတွက် မြှင့်တက်လာခြင်းသည် အဝတ်အထည်၊ ခြေအိတ်နှင့် ခရီးသွား အသုံးအဆောင်(GFTs) တင်ပို့မှု တစ်ဟုန်ထိုးမြင့်တက်လာခြင်းနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းသိရပါသည်။ GFT ထုတ်ကုန် အများစုကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်နှင့် RCEP အဖွဲ့ဝင်နိုင်ငံများထံ တင်ပို့ကြောင်း သိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံ စာအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၆.၂၄ ဘီလီယံတန်ဖိုးရှိသည့် GFT ထုတ်ကုန်များကို တင်ပို့ခဲ့ပြီး လွန်ခဲ့သည့် နှစ်တူညီသည့်ကာလထက် ၁၆.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရပါသည်။ GFT ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးနိုင်ငံခြားငွေရရှိရာ ကဏ္ဍဖြစ်ကြောင်း သိရပါသည်။ GFT ကဏ္ဍသည် လတ်တလောတွင် စက်ရုံနှင့် လုပ်ငန်းခွဲပေါင်း ၁၅၃၈ ခုရှိပြီး လုပ်သား ၉၁၃၀၀၀ ကို ခန့်အပ်ထားကာ အများ စုမှာ အမျိုးသမီးများဖြစ်ကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းပညာလေ့ကျင့်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ နိုင်ငံ၏ မဟာဗျူဟာ မြောက်ပထဝီဝင်တည်နေရာနှင့် လုပ်သားခနည်းပါးမှုတို့သည်များစွာ ပညာနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း ဒုတိယ ဥက္ကဌ Lim Heng ကပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များနှင့် RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ကြီးမားသည့် ကုန်သွယ်ရေးသဘောတူညီချက်များသည် ရင်းနှီးမြှုပ်နှံမှုအသစ်များနိုင်ငံအတွင်းသို့ ဝင်ရောက်လာစေရန် ဆွဲဆောင်လျက်ရှိကြောင်းသိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)

 

ပြည်ပရင်းနှီးမြှုပ်နှံသူများ အာဆီယံကို အာရုံစိုက်မှုမြင့်တက်လာ

      CIMB Thai (CIMBT)ဘဏ်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုများကြားတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုအခြေစိုက်နေရာများ ပြောင်းလဲလာမှုကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အတွက် အခွင့်အလမ်းများ မြင့်တက်လာရန် မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ CIMB ဘဏ်၏ Corporate and Transactional Banking ၏ အကြီးအကဲဖြစ်သူ Wut Thanittiraporn ၏ အဆိုအရ ကုန်ထုတ်လုပ်ခြင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲလာမှုနှင့်အတူ အာဆီယံနှင့် ထိုင်းနိုင်ငံတို့သည် တိုက်ရိုက်နှင့် သွယ်ဝိုက်ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အဓိက ဦးတည်ရာနေရာအဖြစ် ပေါ်ထွက်လာ ကြောင်း ပြောကြားခဲ့ပါသည်။

     ဒေသတွင်း ဘဏ္ဍာရေးအဖွဲ့အစည်းကွန်ယက်တစ်ခုဖြစ်သည့် CIMBT ဘဏ်သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် များစွာသော ကြီးမားသည့် ကော်ပိုရိတ်ကုမ္ပဏီများနှင့် တက်ကြွစွာ ချိတ်ဆက်ဆွေးနွေးလျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီများသည် CIMBT ဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၃၀၀-၅၀၀ သန်းတန်ဖိုး ငွေကြေးအထောက်အပံ့ကို တောင်းဆိုလျက်ရှိကြောင်း သိရပါသည်။

     Mr.Wut က ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ ပါဝင်သည့် ကော်ပိုရိတ် ကာစတန်မာများသည် တိုက်ရိုက်နှင့် သွယ်ဝိုက်ရင်းနှီးမြှုပ်နှံမှုများပါဝင်သည့် ၎င်းတို့၏ ဒေသတွင်း စီးပွားရေးတိုးချဲ့ရန်အတွက် မလေးရှားအခြေစိုက် CIMB Group နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ကုန်ထုတ်လုပ်ရာနေရာ ပြောင်းလဲမှုလမ်းကြောင်းနှင့် အာဆီယံစီးပွားရေးများ မြင့်မားသည့် ကြီးထွားမှုအလားအလာရှိမှုတို့သည် ဒေသတွင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ သိသာစွာ အခွင့်အလမ်းများရရှိရန် မျှော်လင့်ရကြောင်း သိရပါသည်။ CIMB Group သည် ဒေသတွင်း  ဗျူဟာမြောက်ဈေးကွက်လေးခုဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ကို အဓိက အာရုံစိုက်ထားကြောင်း သိရပါသည်။

     ယခုနှစ်တွင် Group သည် ရေရည်တည်တံ့မှုရှိရေး၊ AI ၊ အစားအစာဖူလုံရေးနှင့် စားသုံးသူအမူအကျင့် စသည့် အဓိကရင်းနှီးမြှုပ်နှံမှုအကြောင်းအရာလေးခုအပေါ် အာရုံစိုက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။ CIMB သည် ရင်းနှီးမြှုပ်နှံမည့်သူများကို အဆိုပါ ရင်းနှီးမြှုပ်နှံမှုအကြောင်းအရာ ၄ ခုအောက်မှသာ ကော်ပိုရိတ်ဖောက်သည်များကို ပံ့ပိုးပေးမည်ဟု သိရပါသည်။ ဘဏ်သည် ၂၀၂၄ ခုနှစ်အတွက် ၎င်းတို့၏ စုစုပေါင်း ကော်ပိုရိတ်ချေးငွေကို ဘတ် ၁၀၀ ဘီလီယံအထိ တိုးချဲ့ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

     ဘဏ်သည် ၂၀၂၂ ခုနှစ်တွင် ဘတ် ၈၀ ဘီလီယံနှင့် ၂၀၂၃ ခုနှစ်တွင် ဘတ် ၉၀ ဘီလီယံ ချေးငွေထုတ်ပေးခဲ့ကြောင်း သိရပါသည်။ Mr.Wun က ဒေသတွင်း ဈေးကွက်တစ်ခုချင်းစီ၏ အားသာချက်များသည် CIMB Group ၏ မဟာဗျူဟာအောက်တွင် ရှိနေကြောင်း အသားပေးပြောကြားခဲ့ပါသည်။

     ထိုင်းနိုင်ငံတွင် အလားအလာရှိသည့် နယ်ပယ်များတွင် ခရီးသွားကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာရင်းအင်းနှင့် အချက်အလက်စင်တာများ ပါဝင်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ GDP ကြီးထွားနှုန်းသည် ၎င်း၏ ဒေသတွင်း တန်းတူသည့် ပြိုင်ဘက်များထက် နည်းပါးသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံကို ပြန်လည်တင်ပို့မှုအတွက် ထုတ်လုပ်ရာ အခြေစိုက်နေရာအဖြစ် အသုံးပြုရန်အတွက် FDI ကို ဆက်လက်ဆွဲဆောင်နိုင်စွမ်း ရှိသေးကြောင်း သိရပါသည်။ စင်္ကာပူသည် ယခုနှစ်အစမှစ၍ အာဆီယံနိုင်ငံများတွင် FDI ကို ဆွဲဆောင်နိုင်မှု၌ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်းတို့နောက်တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ