ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထိုင်းနိုင်ငံ၏ ပုဇွန်တင်ပို့မှုများ ၂၀၂၆ ခုနှစ်တွင် ဦးမော့လာရန် ခန့်မှန်း

       ထိုင်းနိုင်ငံ၏ ပုဇွန်တင်ပို့မှုသည် ပြိုင်ဘက်များကို အားနည်းစေသည့် အမေရိကန်၏ အခွန်ခများကြောင့် ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၄၀၀၀၀၀ ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်ထားကျသည်။ ထိုင်းနိုင်ငံ၏ ပုဇွန်လုပ်ငန်း ဥက္ကဌ Ekapoj Yodpinit က အမေရိကန်သည် ထိုင်းပုဇွန်တင်ပို့မှုအပေါ် ၁၉ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားပြီး အဓိကပြိုင်ဘက်ဖြစ်သည့် ဗီယက်နမ်အ‌ပေါ် ၂၀ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားအပေါ် ၁၉ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားရာ အမေရိကန်ဈေးကွက်တွင် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ကြောင်း ပြောကြားခဲ့သည်။

         အမေရိကန်ဈေးကွက်ဝေစု ၃၀% ကျော် (ခန့်မှန်းခြေတန်ချိန် ၃၀၀၀၀၀) ပိုင်ဆိုင်ထားသော အိန္ဒိယသည် ယခုအခါ စုစုပေါင်း ပျှမ်းမျှ ၆၀ ကျော်ရှိသော အခွန်များကို ရင်ဆိုင်နေရသောကြောင့် အိန္ဒိယ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုထိခိုက်စေပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ပါက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။

      ထိုင်းနိုင်ငံသည် လက်ရှိတွင် တစ်နှစ်လျှင် ပုဇွန်တန်ချိန် ၂၇၀၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ထိုင်း - အီးယူ လွတ်လပ်သော သဘောတူညီချက်စာချုပ် ဆွေးနွေးပွဲများ ပြီးဆုံးပါက ထိုင်းနိုင်ငံအနေဖြင့် ဈေးကွက်သို့နောက်ထပ် တန်ချိန် ၆၀၀၀၀ တင်ပို့နိုင်မည်ဖြစ်ပါသည်။

        ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ထိုင်းပုဇွန် တင်ပို့မှုသည် ပမာဏနှင့် တန်ဖိုးနှစ်ခုလုံးတွင် ယခင်နှစ်အလားတူအချိန်တွင် တန်ချိန် ၁၁၂၀၀၀ ရှိခဲ့ပြီး ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

        ဂျပန်၊ တရုတ်နှင့် အမေရိကန်တို့အပါအတွင် အဓိက ဈေးကွက်များကို ထိခိုက်စေသော ကမ္ဘာ့စီးပွားရေးနှေးကွေးမှုကြောင့် စုစုပေါင်း တစ်နှစ်တာတင်ပို့မှုသည် ခန့်မှန်းချေဘတ်ငွေ ဘီလီယံ ၃၀ တန်ဖိုးရှိသော တန်ချိန် ၁၂၆၀၀၀ သို့ ရောက်ရှိရန်မှော်မှန်းထားပြီး ၄.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဇင်ဘာဘွေ(Zimbabwe)နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကို လေ့လာဆွေးနွေး

          ၂-၁၂-၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (CCC) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဇင်ဘာဘွေ(Zimbabwe)သံရုံးတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ CCC ဒုတိယဥက္ကဋ္ဌ Lim Heng နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြည်ပသံအမတ်ကြီး Constance Chemwayi တို့၏ တွေ့ဆုံမှုအတွင်း ကတိကဝတ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။ သံအမတ်ကြီး Chemwayi သည် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများကို ခိုင်မာစေရန်နှင့် နှစ်နိုင်ငံကုန်သည်ကြီးများအသင်းအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ဇင်ဘာဘွေနိုင်ငံတို့သည် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် လူဦးရေအရ တူညီမှုများစွာရှိကြောင်းနှင့် CCC ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျင်းပရန် စီစဉ်ထားသည့် ဇင်ဘာဘွေနိုင်ငံရှိ နိုင်ငံတကာကုန်သွယ်ရေးပြပွဲသို့ သွားရောက်လည်ပတ်ရန်နှင့် တက်ရောက်ရန် Chemwayi က ဖိတ်ကြားခဲ့သည်။ CCC ဒုတိယဥက္ကဋ္ဌ Lim Heng Heng က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်ကြိုးပမ်းမှုကို အပြည့်အဝထောက်ခံကြောင်းနှင့် ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်းသည် မကြာမီအနာဂတ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခြေကို စစ်ဆေးရန်အတွက် ဇင်ဘာဘွေ ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                         

DOCA(ရန်ကုန်)

ကနေဒါနှင့် ချက်သမ္မတနိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ကတိပြု

          ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ကမ္ဘောဒီးယားတွင် ကနေဒါရင်းနှီးမြှုပ်နှံသူများ ပိုမိုရင်းနှီးမြှုပ်နှံရန် အားပေးလှုံ့ဆော်သွားမည်ဟု ကတိပြုထားပြီး ကမ္ဘောဒီးယားနှင့် ကနေဒါနိုင်ငံတို့အကြား ကုန်သွယ်မှုသည် တည်ငြိမ်စွာဆက်လက်တိုးတက်နေကြောင်း ထောက်ပြခဲ့သည်။ ၂-၁၂-၂၀၂၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ ဆီးနိတ်နန်းတော်တွင် နိုင်ငံခေါင်းဆောင် Hun Sen နှင့် ဂါရဝပြုတွေ့ဆုံစဉ် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး Christian DesRoches က ယင်းကတိကို ပေးခဲ့ခြင်းဖြစ်သည်။ Hun Sen ၏ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က Hun Sen က ကနေဒါသံအမတ်ကြီးနှင့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခဲ့ပြီး ၎င်းတို့၏ခရီးစဉ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ခိုင်မာစေရန် ကနေဒါ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဟွန်ဆန်က ကနေဒါနိုင်ငံ၏ ကမ္ဘောဒီးယားတွင် ပြန်လည်ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဟု ပြောကြားခဲ့သည်။ Thyrith ၏ အဆိုအရ သံအမတ်ကြီး DesRoches က ဂါရဝပြုတွေ့ဆုံမှုအတွက် ဟွန်ဆန်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယား-ကနေဒါ ဆက်ဆံရေးတွင် တည်ငြိမ်သောတိုးတက်မှုကို မီးမောင်းထိုးပြခဲ့သည်။ ၂-၁၂-၂၀၂၅ ရက်နေ့က နေ့လည်ပိုင်းတွင် Hun Sen သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး Markerta Kolc Hajkova အား ဆီးနိတ်နန်းတော်တွင် ဂါရဝပြုတွေ့ဆုံခြင်းနှင့် အလုပ်သဘောဆွေးနွေးခြင်းများအတွက် လက်ခံတွေ့ဆုံခဲ့သည်။ Hun Sen သည် ချက်သံအမတ်ကြီးနှင့် သူမ၏ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး အထူးသဖြင့် မကြာသေးမီက ခန့်အပ်ခံရသော သံအမတ်ကြီးတစ်ဦးအနေဖြင့် ချက်သမ္မတနိုင်ငံသည် ကမ္ဘောဒီးယားနှင့် ဆက်ဆံရေးအပေါ် ထားရှိသောတန်ဖိုးကို ထင်ဟပ်စေကြောင်း ထောက်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံမှုအတွင်း Markerta Kolc Hajkova က သူမ၏ရာထူးသက်တမ်းတစ်လျှောက်လုံး၌ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များတွင် ကမ္ဘောဒီးယား-ချက်သမ္မတနိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အခွင့်အလမ်းများကို ပိုမိုရှာဖွေရန် ချက်နိုင်ငံမရင်းနှီးမြှုပ်နှံသူများကို အားပေးရန် သူမ၏ရည်ရွယ်ချက်ကို အလေးပေးပြောကြားခဲ့သည်။ ချက်သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် စိုက်ပျိုးရေး၊ အထူးသဖြင့် ငရုတ်ကောင်းစိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံရန် ကမ္ဘောဒီးယားသို့ လာရောက်ကြမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)  

ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆက်ဆံရေးကို တွန်းအားပေး

        ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်မြောက်ပိုင်းပြည်နယ်များရှိ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကွန်ရက်တိုးချဲ့မှုကို မြှင့်တင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ Battambang ပြည်နယ်ရှိ ဗီယက်နမ်ကောင်စစ်ဝန်ရုံးချုပ်သည် Siem Rea ပြည်နယ်တွင် ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ် ၂၀၂၅ ကို ၂-၁၂-၂၀၂၅ ရက်နေ့က ကျင်းပခဲ့သည်။ ဖိုရမ်သို့ Battambang ပြည်နယ်ရှိ ဗီယက်နမ်ကောင်စစ်ဝန်ချုပ် Tran Tuan Anh၊ ဆီယမ်ရိပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Yun Linn၊ အနောက်မြောက်ပိုင်း ပြည်နယ်များမှ စီးပွားရေးလုပ်ငန်းများ၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြသည်။ ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် Tran Tuan Anh က ကမ္ဘောဒီးယား-ဗီယက်နမ် စီးပွားရေးဖိုရမ် ၂၀၂၅ သည် အကျိုးတူပါဝင်သူများအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အချက်အလက်များကို တိကျစွာ အဆင့်မြှင့်တင်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲမြှင့်တင်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဖိုရမ်သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှ ပြည်နယ်များအတွက် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ပြည်တွင်းကုန်သွယ်ရေးတို့တွင် အလားအလာကောင်းများရှိပြီး ကမ္ဘောဒီးယား၏ စီးပွားရေးကွန်ရက်တွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း Tran Tuan Anh က ထပ်‌လောင်းပြောကြားခဲ့သည်။ Yun Linn က Siem Rea ပြည်နယ်သည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလားအလာအရှိဆုံးဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ၎င်းသည် ကမ္ဘောဒီးယား၏ စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသော မောင်းနှင်အားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ်နှင့် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်အောက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများလည်း အားကောင်းလာ နေကြောင်း ပြောကြားခဲ့သည်။ Yun Linn က စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူအား လုံးအနေဖြင့် စီးပွားရေးကွန်ရက်များတိုးချဲ့ရန်၊ အတွေ့အကြုံများဖလှယ်ရန်နှင့် မိတ်ဖက်အသစ်များရရှိရန် ဤရှားပါးသော အခွင့်အရေးကို ဆုပ်ကိုင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                         

DOCA(ရန်ကုန်)

တရုတ်နိုင်ငံရှိ စီးပွားရေးစင်တာအသစ်များ တည်ဆောက်မည့်နေရာများကို ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ စစ်ဆေး

          ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အထွေထွေညွှန်ကြားရေးမှူးချုပ် Kith Pheara ဦးဆောင်သော ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးတည်ရှိမှုကို တိုးချဲ့ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ပြည်နယ်နှစ်ခုတွင် နေရာစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးစင်တာတစ်ခု တည်ထောင်ရန် အဆိုပြုထားသော နေရာအသစ်ကို ပြန်လည်သုံးသပ်ခဲ့သည်။ ဤနေရာကို ကမ္ဘောဒီးယားထုတ်ကုန်များကို မြှင့်တင်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကုန်သွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို အားကောင်းစေရန်အတွက် နောက်ထပ်ဗဟိုချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် နောက်ထပ် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေး  စင်တာတစ်ခု၏ လက်ရှိအခြေအနေကို အကဲဖြတ်ရန်  Shandong (ရှန်ဒေါင်း) ပြည်နယ်၊ Yantai (ယန်တိုင်) မြို့သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။ ဤခရီးစဉ်သည် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းများအတွက် ထိရောက်စွာဆက်လက်ဆောင်ရွက်နိုင်စေရန် တိုးတက်မှုကို အကဲဖြတ်ခြင်းနှင့် နောက်သုံးနှစ်အတွင်း တိုးချဲ့ရန်အတွက် လိုအပ်ချက်များကို ဆုံးဖြတ်ခြင်း တို့ကို အာရုံစိုက်ခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ပြည်ပတွင် ကမ္ဘောဒီးယား ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေးစင်တာများ တည်ထောင်ခြင်း သည် ကမ္ဘောဒီးယားကုန်ပစ္စည်းများကိုပြသခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖလှယ်မှုများကို မြှင့်တင်ခြင်းနှင့် နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများအကြောင်း အသိပညာပေးခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဤစင်တာများသည် နိုင်ငံတကာစီးပွားရေး ဆက်ဆံရေးကို နက်ရှိုင်းစေပြီး ဈေးကွက်အခွင့်အလမ်းအသစ်များ ရှာဖွေနေသော ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးပေးရန် ကမ္ဘောဒီးယား၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                         

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် လူမှုအသိုင်းအဝိုင်း၏ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ရန် ကမ္ဘာ့ဘဏ်က ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် 

          ကမ္ဘာ့ဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် အရေးပါသောကဏ္ဍတစ်ခုအဖြစ် ခရီးသွားလုပ်ငန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းအလားအလာကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့် မိတ်ဖက်အသစ်တစ်ရပ် ဖွဲ့စည်းခဲ့သည်။ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak သည် ၂.၁၂.၂၀၂၅ ရက်နေ့က ဝန်ကြီးဌာနတွင် ကမ္ဘာ့ဘဏ်၏ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မန်နေဂျာ Tania Meyer နှင့် သူမ၏အဖွဲ့အား အလုပ်သဘောလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်း Tania Meyer နှင့်အဖွဲ့တို့သည် ယခင်အစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း၊ ဂေဟစနစ် ခရီးသွားလုပ်ငန်းနှင့် ဒေသခံအသက်မွေးဝမ်း ကျောင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ်များကို ရှာဖွေခဲ့ကြသည်။ Meyer က ကမ္ဘောဒီးယားအစိုးရအား စဉ်ဆက်မပြတ်ပံ့ပိုးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးမှုနှင့် ဒေသခံစီးပွားရေး မြှင့်တင်ရေးအပေါ် ခရီးသွားလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုဆိုင်ရာ လေ့လာမှုများအပါအဝင် အဓိကစီမံကိန်းများကို ပြီးမြောက်အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးပြောကြားခဲ့သည်။ ယခင် စီမံကိန်းများ၏ အောင်မြင်သောရလဒ်များ၊ အစိုးရ၏ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံသားများနှင့် ရပ်ရွာများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် ခရီးသွားလုပ်ငန်းကဏ္ဍ၏ သိသာထင်ရှားသော ပံ့ပိုးကူညီမှုများကိုအခြေခံ၍ ကမ္ဘာ့ဘဏ် (WB) သည် ခရီးသွားလုပ်ငန်းကဏ္ဍကို ပံ့ပိုးပေးနိုင်ပြီး ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် လာမည့်စီမံကိန်းများအပြင် ကမ္ဘာ့ဘဏ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအကြား မိတ်ဖက်အဖွဲ့အစည်းတစ်ခု တည်ထောင်ခြင်းကို Meyer က ဆက်လက်ပြောကြားခဲ့သည်။ ဝန်ကြီး Hak က ကမ္ဘာ့ဘဏ်အား စဉ်ဆက်မပြတ်ပံ့ပိုးမှုနှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်ပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ အမျိုးသားခရီးသွားလုပ်ငန်းကဏ္ဍ၏ ရေရှည်တည်တံ့သော တိုးတက်မှုကို အထောက်အကူပြုသည့်အပြင် ကမ္ဘောဒီးယားနိုင်ငံသားများအတွက် လက်တွေ့ကျသော စီးပွားရေးအကျိုးကျေးဇူးများနှင့် အခွင့်အလမ်းများကို ပေးစွမ်းသည့် ဂေဟစနစ်ခရီးသွားလုပ်ငန်း အသိုက်အဝန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)  

ချက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက်မှုအရှိန်မြှင့်တင်မည့် Hai Phong မြို့တော်

      ၂၀၂၅ ခုနှစ် Hai Phong ကုန်သွယ်‌ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး ကွန်းဖရန့်ကို ချက်နိုင်ငံရှိဗီယက်နမ်သံရုံးတွင် နိုဝင်ဘာလ ၃၀ ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Hai Phong ပါတီကော်မတီအတွင်းရေးမှူး Le Tien Chau က ကြီးမှူးကျင်းပသည့် ထိုအခမ်းအနားကို မြို့တော်၏ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ချက်နိုင်ငံရှိဗီယက်နမ်စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ချက်နိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ် Duong Hoai Nam က လတ်တလော ဗီယက်နမ်-ချက်မဟာ ဗျူဟာမိတ်ဖက်ဖွဲ့မှုအဆင့်မြှင့်တင်ခြင်းသည် များစွာသော နယ်ပယ်များ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးချိတ်ဆက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းသစ်များကို တံခါးဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ချက်နိုင်ငံရှိ ဗီယက်နမ်ပြည်သူ့ယူနီယံ ဒုတိယဥက္ကဌ Giang Thanh က ဗီယက်နမ်ပြည်သူ ၆၀၀၀၀ ပတ်လည်သည် ရေရှည်နေထိုင်ခွင့်ပါမစ်နှင့် ၃၀၀၀၀ ကျော်သည် ချက်နိုင်ငံသားခံယူခွင့် ရရှိထားကြောင်း သိရပါသည်။ ၎င်းသည် အားကောင်းသော လိုက်လျောညီထွေနိုင်စွမ်းနှင့်အတူ အားကောင်းသော မျိုးဆက်သစ်လုပ်ငန်းများကို ဖန်တီးပေးပြီး ပြည်တွင်းအသိုက်အဝန်းတွင် လွှမ်းမိုးမှုကြီးထွားလာစေကြောင်း သိရပါသည်။ ချက်နိုင်ငံရှိ ဗီယက်နမ်စီးပွားရေးအသင်း၏ဥက္ကဌ Nguyen Thai Ngoc က ချက်နိုင်ငံသည် တည်ငြိမ်ပြီး ပွင့်လင်းမြင်သာသော ဥပဒေနှင့် စီးပွားရေးဝန်းကျင်ကို ပေးစွမ်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။  Chau က အမှာစကားပြောကြားရာတွင် ဗီယက်နမ်မြောက်ပိုင်းတွင် စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံတကာဝန်ဆောင်မှုများအတွက် အချက်အချာဖြစ်လာရန် Hai Phong ၏ဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက်ကို အကြမ်းဖျင်းပြောကြားခဲ့ကြောင်း သိရပါသည်။ Hai Phong ပြည်သူ့ကော်မတီဒုတိယဥက္ကဌနှင့် Hai Phong စီးပွားရေးဇုန်အာဏာပိုင် အဖွဲ့၏ အကြီးအကဲဖြစ်သူ Le Trung Kien က Hai Phong သည် ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်းများ၊ မြင့်မားသောနည်းပညာ၊ သန့်စင်သောစွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆေးဝါးတို့တွင် ချက်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ကြိုးပမ်းလိုကြောင်းနှင့် Hai Phong သည်လည်း အုပ်ချုပ်မှုပြန်လည်ဖွဲ့စည်းမှု၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု၊ ခေတ်မီပြီး ကောင်းမွန်သော အခြေခံအဆောက်အအုံများမှတစ်ဆင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝပံ့ပိုးသွားမည်ဟု ကတိပြုကြောင်း ပြောကြားခဲ့ပါသည်။ ကွန်းဖရန့်တွင် နိဂုံးချုပ်အနေဖြင့် Chau က ချက်နိုင်ငံရှိ ဗီယက်နမ်စီးပွားရေးအသိုက်အဝန်း၏ အောင်မြင်မှုများကို ချီးမွမ်းခဲ့ပြီး ထိုအသိုက်အဝန်းသည် Hai Phong မြို့တော်အကြား အရေးပါသော ပေါင်းကူးတံတားသဖွယ်ဆက် လက်ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုတွင်ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် ကြိုးပမ်းမည့် ဗီယက်နမ်နှင့် တရုတ်

          စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်‌ရေးရည်မှန်းချက်နှင့်အတူ ဗီယက်နမ်နှင့် တရုတ်တို့သည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကျယ်ပြန့်သောအခန်းကဏ္ဍကို ပိုင်ဆိုင်ထားကြောင်း ၂၀၂၅ ခုနှစ် ဆောင်းဦးရာသီစီးပွားရေးဖိုရမ် ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟိုချီမင်းမြို့တော်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ကကျင်းပခဲ့သည့် ဗီယက်နမ်-တရုတ်စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ မြူနီ စပယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌဖြစ်သူ Nguyen Loc Ha က ဗီယက်နမ်-တရုတ်ပူးပေါင်း ဆောင်ရွက်မှုသည် အထင်ကြီးဖွယ်ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သီးခြားအနေဖြင့် ထောက်ပံ့ပို့ဆောင်‌ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းခဲ့ပြီး ကုန်စည်ထုတ်လုပ်ခြင်းနှင့် အပြန်အလှန်ကုန်သွယ်ရေးကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက စက်မှုအသွင်ကူးပြောင်းခြင်းနှင့် တင်ပို့မှုစွမ်းရည်မြှင့်တင်ခြင်းတွင် အရေးပါသောအခန်းကဏ္ဍကရပ်တည်နေခြင်းနှင့်အတူ ဗီယက်နမ်သည်စိုက်ပျိုးမွေးမြူရေး စီးပွားရေးမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကွင်းဆက်တွင် အရေးကြီးသောနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းခဲ့ကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်သည် တရုတ်ထံမှရင်းနှီးမြှုပ်နှံမှုများကို ထိပ်တန်းဆွဲဆောင်သူအဖြစ်ရပ်တည်နေကြောင်း သိရပါသည်။ လတ်တလောတွင် ၎င်း၌ သတင်းအချက်အလက်နည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ စမတ်ကုန်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ e-commerce ၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်နည်းပညာများအစရှိ သည့်ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိသော တရုတ်ရင်းနှီးမြှုပ်နှံသည့် စီမံကိန်း ၈၀၀ ကျော်ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ Ha ၏အဆိုအရ ဟိုချီမင်းမြို့တော်နှင့် တရုတ်တို့တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် AI၊ စမတ်ကြီးမားသောမြို့တော် တည်‌ထောင်ခြင်းနှင့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုချိတ်ဆက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် များစွာသောအခွင့်အလမ်းများကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် Tang Li က တရုတ်သည် ချိတ်ဆက်ခြင်း၊ ထုတ်လုပ်မှုတွင်ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအစရှိသည့် ဧရိယာများတွင် ဗီယက်နမ်နှင့်အတူမူဝါဒ ညှိနှိုင်းဆွေးနွေးမှုဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်သောဝန်းကျင်တစ်ရပ်ကိုဖန်တီးရန်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဟိုချီမင်းမြို့တော်နှင့် တရုတ်တို့သည် အခြေခံအရင်းအမြစ်များဝေမျှမှု မြင့်တက်ရန်၊ စီးပွားရေးဖိုရမ်များအကြားချိတ်ဆက်မှုများအားကောင်းရန်နှင့် ထိရောက်မှုရှိသော အပြန်အလှန်ပံ့ပိုးမှုယန္တယားတည်ထောင်ရန်အတွက် ကုန်စည်ပြပွဲများကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗြီတိန်နိုင်ငံနှင့် ဆေးဝါးဆိုင်ရာ အခွန်ကင်းလွတ်ခွင့်သဘောတူညီချက်ကို အမေရိကန်ကြေညာ

          အမေရိကန်နိုင်ငံသည် ဗြီတိန်နိုင်ငံ၏ ဆေးဝါးဆိုင်ရာထုတ်ကုန်များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာများအပေါ် အခွန်ကင်းလွတ်ခွင့်သဘောတူညီချက်အား ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့ကြောင်းနှင့် အဆိုပါ သဘောတူညီချက်သည် ဗြီတိန်နိုင်ငံအား ဆေးဝါးများအပေါ်ပိုမို ရင်းနှီးလာစေရန် ဦးတည်နေကြောင်း သိရပါသည်။ အဆိုပါသဘောတူညီချက်သည် ဆေးဝါးဆိုင်ရာကဏ္ဍများတွင်သုံးစွဲမည့် နိုင်ငံပိုင်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုရန်ပုံငွေကို မြင့်တက်စေရန် ပါဝင်ကြောင်းသိရပါသည်။ ဗြီတိန်နိုင်ငံသည် သဘောတူညီမှုအောက်တွင် ဆေးဝါးအသစ်များအတွက် ၂၅ ရာခိုင်နှုန်းဈေးနှုန်းမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ သမ္မတ Donald Trump သည် အမေရိကန်ဆေးဝါးများအတွက် ဗြီတိန်နိုင်ငံနှင့် ဥရောပနိုင်ငံများအား ပေးဆောင်ရန်ဖိအားပေးလျက်ရှိကြောင်း သိရပါသည်။ ဆေးဘက် ဆိုင်ရာလုပ်ငန်းသည် ဗြီတိန်နိုင်ငံ၏ခက်ခဲစွာလည်ပတ်နေသော ပတ်ဝန်းကျင်ကို ဝေဖန်ခဲ့ပြီး အဓိကကုမ္ပဏီများသည် ဗြီတိန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါဆေးဝါးကဏ္ဍနှင့် အစိုးရအကြား အငြင်းပွားမှုအ‌ကြောင်းအရာတစ်ခုမှာ ကုမ္ပဏီများက ရောင်းချမှုအချိုးအစားကို အမျိုးသားကျန်းမာရေးဝန်ဆောင်မှုသို့ ပြန်လည်ထည့်သွင်းရခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ဗြီတိန်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ပြန်အမ်းငွေ ၁၅ ရာခိုင်နှုန်းကျဆင်းမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

Nigeria နိုင်ငံ၏ စီးပွားရေးအခြေအနေများ တတိယသုံးလပတ်ကာလတွင် ၃.၉၈ ရာခိုင်နှုန်းခန့် မြင့်တက်

          Nigera နိုင်ငံ၏ စီးပွားရေးအခြေအနေများသည် ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးမူဝါဒတင်းကျပ်စွာ လုပ်ဆောင်မှုအပေါ် ဖိအားပေးခံရမှုကြောင့် တတိယ သုံးလပတ်ကာလတွင် တစ်နှစ်ထက် တစ်နှစ် ၃.၉၈ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ ၎င်းနိုင်ငံ၏ စီးပွားရေးချဲ့ထွင်မှုများသည် ပြည်တွင်းအသား တင်ကုန်ထုတ်လုပ်မှုအပေါ် စာရင်းတွက်ချက်မှုများ ပြုလုပ်အပြီးတွင် ၃.၁၃ ရာခိုင်နှုန်းခန့် ချဲ့ထွင်ခဲ့ ကြောင်း သိရပါသည်။ တတိယ သုံးလပတ်ကာလတွင် Nigeria နိုင်ငံ၏ လောင်စာဆီကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ၅.၈၄ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်းနှင့် အဆိုပါမြင့်တက်မှုသည် တစ်နေ့ လျှင် ရေနံစိမ်းစည်ပေါင်း ၁.၆၄ သန်းခန့် ထုတ်လုပ်နိုင်မှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် အဆိုပါကဏ္ဍ၏ ရှယ်ယာများသည် ၃.၄၄ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး ၎င်းသည် Nigeria နိုင်ငံ၏ ဆီမဟုတ်သောကဏ္ဍများအပေါ် မှီခိုနေရခြင်းကိုဖော်ပြနေကြောင်း သိရပါသည်။ Nigeria နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုက ဆီမဟုတ်သောကဏ္ဍတွင် ၃.၉၁ ရာခိုင်နှုန်းခန့်ချဲ့ထွင်ခဲ့ကြောင်း၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁၅ ရာခိုင်နှုန်းခန့်ရှိလာကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၃.၇၇ ရာခိုင်နှုန်းဖွံ့ဖြိုးတိုးတက်မှုရှိလာကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဘဏ်က Nigeria နိုင်ငံသည်၎င်း၏ စီးပွားရေးကို မူဝါဒပြန်လည်တည်ဆောက်ခြင်းမှတစ်ဆင့် တည်ငြိမ်အောင်လုပ်ဆောင်နေကြောင်းပြောကြားခဲ့ပါသည်။ ထို့အပြင်၎င်းဘဏ်က Nigeria နိုင်ငံအား အစားအသောက်ဈေးနှုန်းများထိန်းချုပ်ရန်နှင့် လူနေမှုအဆင့်အတန်းများမြှင့်တင်ရန် တိုက်တွန်းလျက်ရှိကြောင်း သိရှိရပါသည်။

Source: Reuters                                                                        

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ