ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အာဆီယံကုန်သွယ်ရေးပူးပေါင်းမှုကြောင့် အရှေ့တောင်အာရှအတွင်းစီးပွားရေး တိုးတက်လာ

အာဆီယံနိုင်ငံသည် မကြာသေးမီက “ASEAN Trade Facilitation Framework” ဟူသော ကွန်ယက်အသစ်တစ်ခုကို စတင်အသုံးပြုခဲ့ပြီးနောက် ဒေသတွင်းကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုစနစ် တကျ၊ မြန်ဆန်ပြတ်သားလာကြောင်း သိသာလာခဲ့ပါတယ်။ အဆိုပါကွန်ယက်၏ အဓိကရည်ရွယ်ချက်မှာ အခြားအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်တင်ပို့မည့် ကုန်စည်များအတွက် စာရွက်စာတမ်း လျှော့ချခြင်း၊ ပူးပေါင်းစစ်ဆေးမှုများ တိုးမြှင့်ခြင်းနှင့် တင်သွင်း/တင်ပို့နည်းလမ်းများ စနစ်တကျ ပြုပြင် ခြင်းများ ဆောင်ရွက်ရန်အတွက် ဖြစ်ပါသည်။ အဆိုပါ ကွန်ယက်စနစ်ကြောင့် အထူးသဖြင့် မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသည် ဤစနစ်အသစ်ဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ယှဉ်ပြိုင်နိုင်သော ဈေးကွက်အဖြစ် ပိုမိုအထူးအဆင့်ရှိလာကြောင်း ASEAN စီးပွားရေးညီလာခံတွင် ထုတ်ပြန်ကြေညာခဲ့ ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

"Made in Cambodia" အမှတ်တံဆိပ် ဖြင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်မှု အောင်မြင်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံသည် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် တင်သွင်းရောင်းချခြင်းဖြင့် အမှတ်တံဆိပ်အသိအမှတ်ပြုမှု တိုးတက်လာ ကြောင်း သိရှိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်လုပ်သော အထည်အလိပ်၊ စားသောက်ကုန်နှင့် လက်မှု ထုတ်ကုန်များမှာ ဥရောပနှင့် တောင်အာရှဈေးကွက်များမှ အမှာအများဆုံး တင်ပို့ကုန်များဖြစ်သည့် အလျှောက် အဆိုပါတင်ပို့ကုန်များတွင် အမျိုးသားကုန်အမှတ်တံဆိပ်ဖြစ်သည့် "Made in Cambodia" အမှတ်တံဆိပ်ဖြင့် ထုတ်ကုန်များကို တင်ပို့ခြင်းအားဖြင့် ကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းကောင်း များဖန်တီး သွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

ဆက်သွယ်ရေး ကွန်ယက်တိုးတက်မှုများ ဆောင်ရွက်၍ ကုန်သွယ်မှုအလားအလာကောင်းများ ဖန်တီး နေသည့် ထိုင်းနှင့် လာအို

ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံ တို့အကြား ဆက်သွယ်ရေးကွန်ယက်များသည် လတ်တလောတွင် အထူး အဆင့်မြှင့်တင်မှုများခံနေရပြီး ဒါဟာတောင်အာရှဒေသတွင်းကုန်သွယ်ရေးအတွက် အလားအလာ ကောင်း များ ဖန်တီးနေခြင်းပင်ဖြစ်ပါတယ်။ ထိုကဲ့သို့သောဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်၊ လာအိုနှင့် ထိုင်းတို့ကြားရှိ အပြန်အလှန်ကုန်သွယ်ရေးလမ်းကြောင်းများ (corridors) ကိုပိုမိုထိရောက်စေပါသည်။ နှစ်နိုင်ငံ ဆက်သွယ် ရေး ကွန်ယက်များတိုးတက်နိုင်ရန်အတွက် လာအို-ထိုင်း Border Checkpoint စနစ် အသစ်များ တည် ဆောက် နေသကဲ့သို့ လာအိုနိုင်ငံအတွင်းရှိ အမြန်ရထားလမ်းဖြစ်သည့် Boten-Vientiane Railway အား တိုးချဲ့ဆောင်ရွက်နေမှုများကြောင့် တရုတ်-လာအို-ထိုင်း Corridor များတွင် ကုန်ပစ္စည်းထိန်းသိမ်းမှုနှင့် သယ်ယူပို့ဆောင်မှုအချိန်လျော့နည်းလာခဲ့ကြောင်း သိရှိရပါတယ်။ ထို့ကြောင့် သစ်သား၊ ဆန်နှင့် စက်မှု ပစ္စည်းများကို တောင်အာရှအတွင်း ဝင်ရောက်တင်ပို့နိုင်လာ သကဲ့သို့ တောင်အာရှအတွင်း၌ တစ်ခု တည်း သော သယ်ယူပို့ဆောင်မှုစနစ်တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

အာဆီယံဈေးကွက်အတွင်းသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့မှုတိုးလာတဲ့ ဖိလစ်ပိုင်နိုင်ငံ

ဗီယက်နမ်နိုင်ငံသည် Philippine Department of Trade and Industry (DTI) မှ ပြည်တွင်း စက်မှုလုပ်ငန်းများအတွက် ASEAN Export Support Fund ဖြင့် ပံ့ပိုးမှုများပြုလုပ်ပြီး Banana Chips, Dried Mango, Coconut Oil စသည်တို့ကို ထိုင်း၊ မလေးရှား၊ ဗီယက်နမ်သို့ တင်ပို့မှုများ တိုးလာခဲ့ကြောင်း သိရှိရပါတယ်။ တင်ပို့မှုများ တိုးပွားလာရသည့် အကြောင်းအရင်းမှာ ASEAN Export Support Fund နှင့် ASEAN Economic Integration တို့၏ အထောက်အပံ့အစီအစဉ်များရရှိခြင်း၊ ဈေးကွက်သိမြင်မှု နှင့် ဒေသအတွင်းပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖိလစ်ပိုင်မှ Banana Chips, Dried Mango, Coconut Oil စသည်တို့အပါအဝင် ထုတ်ကုန်များသည် အာဆီယံဈေးကွက်အတွင်းသို့ ပိုမိုတိုးတက်စွာ ဝင်ရောက်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

Logistic Center များတိုးချဲ့၍ ဒေသတွင်းကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နေတဲ့ စင်္ကာပူနိုင်ငံ

၂၀၂၅ ခုနှစ် အတွင်း၌ Singapore Airport Terminal Services (SATS Ltd.) နှင့် PSA International (Port of Singapore Authority) တို့သည် အရှေ့တောင်အာရှဒေသတွင်းအတွက် အကြီးဆုံး သော Regional Logistics Superhub တည်ဆောက်နေကြကြောင်း သိရှိရပါတယ်။ ကုန်ပစ္စည်းများ စုစည်းပြီး ထပ်မံဖြန့်ချိရာနေရာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာဆက်သွယ်မှုအတွက် အဓိကဗဟို အဆောက် အအုံ တစ်ခုဖြစ်သော အဆိုပါ Superhub သည်လေကြောင်း နှင့် ရေကြောင်း နှစ်မျိုးစလုံးကို ချိတ်ဆက်ပေးနိုင်ယုံသာမက B2B (business-to-business) နဲ့ B2C (business-to-consumer) စီးပွားရေးတွင် ထုတ်ကုန် ထောက်ပံ့မှု အလျင်မြန်ဆုံးဖြစ်အောင် စနစ်တကျစီမံထား ကြောင်း လည်း သိရှိရပါတယ်။ အဆိုပါ Superhub တွင် AI နဲ့ IoT စနစ်များ ထည့်သွင်းထားပြီး ကုန်ပစ္စည်းများ အပေါ် တိကျမှုရှိသော စီမံခန့်ခွဲမှု ပြုလုပ်နိုင်ခြင်း နှင့် အချိန်ကုန်သက်သာခြင်းတို့ကြောင့် e-commerce platform များ (e.g. Shopee, Lazada, Amazon) နှင့် B2B ကုမ္ပဏီများအတွက် ထုတ်ကုန် ထောက်ပံ့မှုများ ပိုမိုမြန်ဆန်စွာဆောင်ရွက် နိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

မြန်မာ-အာဆီယံကုန်သွယ်ရေးတွင် စိုက်ပျိုးထုတ်ကုန်များအတွက် အခွင့်အလမ်းများ ပေါ်ပေါက်

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အခွန်နှုန်းများကို လျှော့ချပြီး တစ်ဈေးဈေးဈေးကွက် တည် ဆောက်ရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့သော AFTA (ASEAN Free Trade Area) စနစ်အောက်တွင် မြန်မာနိုင်ငံသည် မုန်ညင်း၊ မန်ကျီးသီး၊ မြေပဲ၊ ချဉ်ပေါင် နှင့် ပဲမျိုးစုံတို့ကို အခြား သော အာဆီယံ နိုင်ငံ များသို့ တင်ပို့ရာတွင် အခွန်လျှော့ပေါ့ခွင့် နှင့် အခွန်ကင်းလွတ်ခွင့်များ ရှိကြကြောင်းသိရှိရပါတယ်။ ထိုအခွင့် အရေးကို အသုံးချသော ရှမ်းနှင့် မန္တလေးဒေသအခြေခံ စိုက်ပျိုးသမားများအနေဖြင့် တောင်အာရှ ဈေးကွက် သို့ ဒေသထွက်စိုက်ပျိုးကုန်များအား အခွန်သက်သာစွာဖြင့် တင်ပို့နိုင်နေပြီဖြစ်ကြောင်း အာဆီယံ သတင်း များအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်များဖော်ဆောင်လိုက်တဲ့ ဗီယက်နမ်နိုင်ငံ

၂၀၂၅ ခုနှစ်အတွင်း၌ ဗီယက်နမ်အစိုးရသည် မြောက်ပိုင်းအဓိကစီးပွားရေးဒေသ (Northern Key Economic Region) ထဲတွင် စက်မှုဇုန်အသစ်(၄)ခု ကို မကြာသေးမီက တရားဝင်ဖွင့်လှစ်လိုက် ကြောင်းသိရှိရပါတယ်။ ဤစက်မှုဇုန်များတွင် နိုင်ငံတကာကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် အားဖြည့် ထားသည့် ဥပဒေ အဆင့်မြင့် အခြေခံအဆောက်အအုံများ၊ အခွန်လျှော့ချမှုအခွင့်အရေးများနှင့် လုပ်ငန်း စဉ်မြန်ဆန်အောင် လုပ်ပေးသည့် "One-Stop Investment Licensing Center" (တစ်နေရာတည်းမှ လိုင်စင်ထုတ်ပေးရေး စနစ်) တို့ပါဝင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

ဆီအုန်းထုတ်လုပ်မှုအတွက် ကွန်ယက်အသစ်တစ်ခုအားပူးပေါင်းထူထောင်လိုက်ကြသည့် မလေးရှား နှင့် အင်ဒိုနီးရှား

မလေးရှား နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံသည် ကမ္ဘာအကြီးဆုံး ဆီအုန်း ထုတ်လုပ်သူများ ဖြစ်ပြီး ဆီအုန်းထုတ်လုပ်မှုသည် မကြာသေးမီက သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများ ကြောင့် ပြစ်တင်မှုများခံခဲ့ရပါတယ်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့သည် ပထမဆုံးအကြိမ်အဖြစ် “Sustainable Palm Oil Alliance” ဟုခေါ်သော ပူးပေါင်း ကွန်ယက် အသစ်ကို တည်ထောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ယင်းပူးပေါင်းမှုသည် ဆီအုန်း ထုတ်လုပ်မှုတွင် တာဝန်ယူမှု၊ သဘာဝထိန်းသိမ်းမှုနှင့် လူမှုရေးအကျိုးခံစားမှုကို ဦးစားပေးရန် ရည်ရွယ် သည်ဟု အာဆီယံ သတင်းများအရ သိရှိရပါသည်။ DOCA(ဧရာဝတီ)

အာဆီယံဒေသတွင် ငါးဖမ်းလုပ်ငန်းများ၏ စွမ်းဆောင်မှုအရည်အသွေးများအားမြှင့်တင်မှုမှတဆင့် တင်ပို့အလားအလာကောင်းများ ရရှိအောင် ဆောင်ရွက်နေသည့် အာဆီယံ

ကုလသမဂ္ဂအောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်း လူသားတို့အတွက် အစာအဟာရ လုံလောက်မှု၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ငတ်မွတ်မှုတားဆီးရေး များဆောင်ရွက်နေသည့် Food and Agriculture Organization of the United Nations (FAO) နှင့် အာဆီယံနိုင်ငံများအတွင်း ငါးဖမ်းလုပ်ငန်းကို တိုးတက်အောင်မြင်စွာလုပ်ဆောင်မှုများ ဆောင်ရွက်နေသည့် ASEAN Fisheries Improvement Program တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်အတွင်း ငါးဖမ်းလုပ်ငန်းများအတွက် စံသတ်မှတ်ချက်အသစ်များထည့်သွင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။ အဆိုပါ စံသတ်မှတ်ချက်အသစ် ပြောင်းလဲမှုများကြောင့် ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှားနိုင်ငံများ၏ ငါးထုတ်ကုန်များကို ဥရောပနှင့် ဗြိတိန် ဈေးကွက်တွင် တင်ပို့ခွင့်တို့ အဆင်ပြေစေခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

လယ်ယာထွက်ကုန်များအား ဥရောပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားအလုပ်အမှုဆောင်ဝန်ကြီးဌာနသည် ၂၀၂၅ မေလတွင် အီတလီ၊ ဂျာမနီနှင့် ပိုလန် နိုင်ငံများ နှင့် လယ်ထွန်းထုတ်ကုန်တင်ပို့မှုအတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးစနစ်မှာ သဘာဝစိုက်ပျိုးနည်းများနှင့် အဆင့်မြင့် စီမံခန့်ခွဲမှု များကြောင့် ကမ္ဘောဒီးယားဒေသထွက်ထုတ်ကုန်များမှာ "Organic Label" ဖြင့် ဥရောပ ဈေးကွက် သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါတယ်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ