ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့ဒုတိယအကြီးဆုံး LNG တင်သွင်းမည့်နိုင်ငံဖြစ်လာနိုင်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုသည် ၂၀၃၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံထက်သာလွန်နိုင်မည်ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှတွင် အိန္ဒိယနိုင်ငံပြီးနောက် ဒုတိယအကြီးဆုံး LNG တင်သွင်းသည့်နိုင်ငံဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အကဲဖြတ်မှုများအရ သိရပါသည်။ ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၂၀၃၅ ခုနှစ်တွင် LNG ၇၅ ဘီလီယံကုဗစ်မီတာ (bcm) ခန့်တင်သွင်းမည်ဖြစ်ပြီး ၎င်းပမဏသည် ၂၀၂၄ ခုနှစ်တင်သွင်းမှုထက် ၆၀ ရာခိုင်နှုန်း မြင့်မားလျက်ရှိကြောင်း စည်းမျဥ်းများ၊ လမ်းညွှန်ချက်များ၊ လေ့လာမှုများနှင့်အချက်အလက်များ ထောက်ပံ့ပေးလျက်ရှိသော အစိုးရကြား အဖွဲ့အစည်း၏ အကဲဖြတ်မှုအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် LNG ၄၂ မှ ၄၄ bcm ခန့်တင်သွင်းမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် LNG ၃၃ မှ ၃၆ bcm ခန့်တင်သွင်းမည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် LNG တင်သွင်းမှုများ မြင့်မားခဲ့သော်လည်း ၂၀၃၀ ခုနှစ်အကုန်ခန့်တွင် ဘင်္ဂလားဒေ့ရှိနိုင်ငံသည် ၎င်းနိုင်ငံ၏ ပြည်တွင်းဓာတ်ငွေ့သုံးစွဲမှုမြင့်မားလာခြင်းနှင့် ဓာတ်ငွေ့ပြန်လည် ဖြည့်တင်းနိုင်စွမ်းကြီးမားလာခြင်းတို့ကြောင့် LNG တင်သွင်းမှုများသည် ပါကစ္စတန်နိုင်ငံထက်ကျော်လွန်နိုင်ကြောင်း IEA ၏အကဲဖြတ်မှုများအရ သိရပါသည်။ ယခုနှစ်များအတွင်း အိန္ဒိယနိုင်ငံတွင် LNG တင်သွင်းမှုများသည် စက်မှုလုပ်ငန်းများအတွင်း ဝယ်လိုအားများ မြင့်တက်လာခြင်းနှင့် ဝယ်ယူမှုအဆင်ပြေမှုများကြောင့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် LNG တင်သွင်းမှုကို ၃၅ bcm မှ ၅၀ bcm ခန့်တိုးချဲ့ တင်သွင်းမည်ဖြစ်ကြောင်း IEA ၏ အကဲဖြတ်မှုများအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် စွမ်းအင်ထုတ်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများ အတွက် LNG ကိုမှီခိုသုံးစွဲ လျက်ရှိပါသည်။ ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်လျက်ရှိသော ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် LNG သည် ပြည်တွင်းဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းခြင်းအတွက် ပြည်လည်ဖြည့်တင်းသုံးစွဲရန် အရေးပါကြောင်း သိရပါသည်။ သတင်းထောက်များ၏ ပြောကြားချက်များရ အာရှသည် ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်မှု လျော့နည်းလာမှုများအကြားတွင် ကမ္ဘာ့ LNG ဝယ်လိုအားကြီးထွားလာမှုအတွက် အဓိက မောင်းနှင်တံအဖြစ်ရှိလာနိုင်ပြီး ၂၀၃၅ ခုနှစ်တွင် LNG တင်သွင်းမှုများ ၇၅ ရာခိုင်နှုန်းခန့် ရှိလာနိုင်ကြောင်း သိရပါသည်။

Source: The Daily Star

DOCA (ရန်ကုန်)       

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ၏ ဆန်ထွက်ရှိမှုနှုန်းများ ကျဆင်းလျက်ရှိ

           ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လယ်သမားများက စိုက်ပျိုးရေးချဲ့ထွင်ရိတ်သိမ်းမှုများရှိသော်လည်း ၏ ဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ်အတွက် ၎င်းနိုင်ငံ၏ဆန်ထွက်ရှိမှုနှုန်းသည် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ လယ်သမားများသည် ဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၄.၀၆ ကုဍေခန့် ထုတ်လုပ်ခဲ့သော်လည်း ယခင်နှစ်ခန့်မှန်းတန်ချိန် ၄.၀၇ ကုဍေခန့်ထက် လျော့နည်းလျက်ရှိ ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံစာရင်းအင်းဗျူရို (BBS) ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ BBS ၏ထုတ်ပြန်ချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အစောပိုင်းကာလတွင် စိုက်ပျိုးရေး ဧရိယာကို ၄၈.၇၇ သိန်းဟက်တာ ဧကမှ ၄၈.၈၉ သိန်းဟက်တာဧကအထိတိုးချဲ့ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ဆန် တန်ချိန် ၄.၃၇ သိန်းတန်ခန့်တင်ပို့ခဲ့ကြောင်း စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ စိုက်ပျိုးရေချဲ့ထွင်ရေးဌာန (DAE)၏ ထုတ်ပြန်ချက်များအရ အောက်တိုဘာလ နောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းများတိုက်ခတ်မှုကြောင့် tk ၂၁၂ ကုဍေခန့် ဆုံးရှုံးမှုများရှိလာနိုင်ကြောင်း သိရပါသည်။ ထို့အပြင် နိုဝင်ဘာလတွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စပါး၊ ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ကြက်သွန်၊ ငရုတ်သီးနှင့် မှိုစိုက်ခင်းများတွင် ထိခိုက်မှုများရှိလာခဲ့ကြောင်း သိရပါသည်။ လယ်သမားများသည် စပါးများကို ၅၉.၂၈ သိန်း ဟက်တာဧကခန့် ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း DAE မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ မုန်တိုင်းမတိုင်ခင်တွင် DAE မှအရာရှိများ သည် စိုက်ပျိုးရေး ဧရိယာတိုးချဲ့မှုနှင့် ရာသီဥတုကောင်းမွန်မှုတို့ကြောင့် ရိတ်သိမ်းမှုများမြင့်တက်မည်ဟု ခန့်မှန်းခဲ့ကြပါသည်။ ၂၀၂၆ ဘဏ္ဍာနှစ်တွင် DAE သည် Aush ဆန် ၃၂ သိန်းတန်၊ Amanဆန် ၁.၈၁ သိန်းတန်နှင့် Boro ဆန် ၂.၂၇ သိန်းတန်ခန့်ထွက်ရှိနိုင်ရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

မွန်ဂိုလီးယားနိုင်င၏ cashmere တင်ပို့မှုသည် ၁၀ လ အတွင်း ၄.၆ ဆ တိုးလာ

           မွန်ဂိုလီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ ၂၄၄.၁ သန်း တန်ဖိုးရှိ cashmere ကုန်ချော၂၉၇၆ တန်ကို တင်ပို့ခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး NSO ၏ နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

          အဆိုပါ ကိန်းဂဏန်းသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရုပ်ပိုင်းဆိုင်ရာ ပမာဏ အားဖြင့် ၄.၆ ဆ တိုးလာကြောင်း အချက်အလက်များအရ သိရှိရပါသည်။ မွန်းဂိုလီးယား သမ္မတ Ukhnaa Khurelsukh  က မွန်ဂိုလီးယားအစိုးရမှ အကောင်တည်ဖော်သော White Gold အမျိုးသားလှုပ်ရှားမှုအောက်တွင် နိုင်ငံအတွင်းရှိ cashmere ပြုပြင်ထုတ်လုပ်ရေးစက်ရုံများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် စုစုပေါင်း တူဂရစ် ၁၉၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၇.၅ သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပါသည်။

          ၂၀၂၈ ခုနှစ်တွင် ပြည်တွင်းဈေးကွက်၌ cashmere ကုန်ကြမ်း ကို ၁၀၀ ရာခိုင်နှုန်း အထိနှင့် ကုန်ချော ထုတ်လုပ်မှုကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်ရန် စီစဉ်ထားပါသည်။ မွန်ဂိုလီးယားစာနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် စက်မှုဝန်ကြီး၏ အဆိုအရ နိုင်ငံ၏ cashmere တင်ပို့မှုမှ ရငွေသည် ဒေါ်လာ သန်း ၇၀၀ အထိ ရောက်ရှိရန် ခန့်မှန်းထားပါသည်။  

          လက်ရှိတွင် မွန်ဂိုလီးယား၌ cashmere ကုန်ချောတန်ချိန် ၁၁၉၀၀၀ ကို ထုတ်လုပ်နိုင်သည့် စက်များဖြင့် လုပ်ငန်း ၅၀ ခန့် လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ယူဂန်ဒါ ကော်ဖီတင်ပို့သူများသည် CIIE တွင် အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ သဘောတူညီချက်များ ချုပ်ဆို

         ယူဂန်ဒါ ကော်ဖီတင်ပို့သူများသည် မကြာသေးမီက ရှန်ဟိုင်း၌ ကျင်းပပြီးစီးခဲ့သော တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ အရောင်းအဝယ် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ယူဂန်ဒါ စိုက်ပျိုးရေး၊ တိရစ္ဆာန်လုပ်ငန်းနှင့် ငါးလုပ်ငန်းဝန်ကြီး ဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့ပါသည်။

        ယူဂန်ဒါ၏ ထိပ်တန်းကော်ဖီတင်ပို့သူများဖြစ်သော Meg Rai Coffee၊ Kwezi Coffee၊ Inspire Africa နှင့် Elgon Coffee တို့သည် ပြပွဲ၌ ၎င်းတို့၏ ထုတ်ကုန်များကို ပြသခဲ့ကြပြီး ယူဂန်ဒါ ကော်ဖီနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကို ဝယ်ယူရန်စိတ်ဝင်စားသည့် တရုတ်ဝယ်လက်များ၊ ကုန်သည်များ၊ ကော်ဖီလှော်သူများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများနှင့် တစ်ဦးချင်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ သိရပါသည်။

        ပို့ကုန်လုပ်ငန်းရှင်များသည် ယူဂန်ဒါနိုင်ငံကိုယ်စားပြုအနေဖြင့် “ဒီဂျစ်တယ်စွမ်းအားမြှင့်တင်မှုအောက်ရှိ ကော်ဖီစက်မှုလုပ်ငန်းကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး ရှာဖွေလေ့လာခြင်း” ဖိုရမ်နှင့် “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ စိုက်ပျိုးရေးနှင့် စားသောက်ကုန်များ တင်သွင်းမှုမူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်ရေး” ဆွေးနွေးပွဲများအပါအဝင် ပွဲများစွာတွင်လည်း ပါဝင်ခဲ့ကြပါသည်။

          ဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခုနှစ်တွင် ယူဂန်ဒါ၏ ကော်ဖီတင်ပို့မှုသည် တရုတ်နိုင်ငံသို့ ၁၉၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါဖြစ်သည်။ ထုတ်ပြန်ချက်တွင် ယူဂန်ဒါသည် တရုတ်ပုဂ္ဂလိကကော်ဖီဆိုင်အမှတ်တံဆိပ်ဖြစ်သော Cotti Coffee နှင့် တရုတ်နိုင်ငံတစ်ဝန်း ယူဂန်ဒါကော်ဖီကို မြှင့်တင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ထပ်လောင်းဖော်ပြထားပါသည်။

        “Cotti Coffee ၏ ကြီးမားသော လက်လီရောင်းချမှု အတိုင်းအတာနှင့် ယူဂန်ဒါ၏ ပြိုင်ဘက်ကင်းသော ကော်ဖီမျိုးစုံကြောင့် ဤပူးပေါင်းဆောင်ရွက်မှုသည် ယူဂန်ဒါကို အာရှရှိ အာဖရိက ကော်ဖီအမှတ်တံဆိပ်အဖြစ် သတ်မှတ်ပေးမည်ဖြစ်ပြီး တရုတ်စားသုံးသူများအား လတ်ဆတ်သော၊ ယူဂန်ဒါကော်ဖီ အတွေ့အကြုံသစ်ကို ပေးစွမ်းမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

          ပူးပေါင်းဆောင်ရွက်မှုအရ နှစ်ဖက်စလုံးသည် ကမ္ဘာ့နိုင်ငံ ၂၈ နိုင်ငံတွင် ကော်ဖီဆိုင် ၇,၅၀၀ ကျော် ဖွင့်လှစ်ထားသော Cotti Coffee နှင့် ယူဂန်ဒါ တောင်သူလယ်သမားများနှင့် ပြုပြင်ထုတ်လုပ်သူများကို တိုက်ရိုက်ချိတ်ဆက်ပေးကာ ကော်ဖီတန်ဖိုးကွင်းဆက်တစ်ခုလုံးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ပါဖြစ်သည်။

          ယူဂန်ဒါအစိုးရအရာရှိများနှင့် ပို့ကုန်လုပ်ငန်းရှင် ၂၈ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးနှင့် ရေရှည်တည်တံ့သော ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခဲ့ကြပြီး ယူဂန်ဒါကော်ဖီကို တရုတ်နိုင်ငံ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးအပေါ် ကိုက်ညီသော ထုတ်ကုန်အဖြစ်ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းတန်ဖိုးသည် တတိယ သုံးလပတ်တွင် ၁၀.၆ ရာခိုင်နှုန်း မြင့်တက်

        မလေးရှား၏ ဆောက်လုပ်ရေးကဏ္ဍသည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် လုပ်ငန်းတန်ဖိုး ရင်းဂစ် ၄၅.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၉၉ ဘီလီယံ) အထိ ရောက်ရှိကာ ၁၀.၆ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို မှတ်တမ်းတင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

         မလေးရှားစာရင်းအင်းဦးစီးဌာန (DOSM) က အထူးကုန်သွယ်မှုလုပ်ငန်းများနှင့် လူနေအိမ်ဆောက်လုပ်ရေး ကဏ္ဍခွဲများ၏ တိုးချဲ့မှုကြောင့် ခိုင်မာသောစွမ်းဆောင်ရည်ကို အဓိကမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကဏ္ဍခွဲများသည် ၁၅.၃ ရာခိုင်နှုန်းနှင့် ၁၁.၆ ရာခိုင်နှုန်းစီ တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

         လူနေအိမ်မဟုတ်သော အဆောက်အအုံများဆိုင်ရာ ကဏ္ဍခွဲသည် ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာ ကဏ္ဍခွဲသည် အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ကာ ၈.၉ ရာခိုင်နှုန်းဖြင့် တိုးချဲ့ခဲ့ပါသည်။

        ပုဂ္ဂလိကကဏ္ဍသည် ယခုသုံးလပတ်အတွင်း တိုးတက်မှုအတွက် အဓိကမောင်းနှင် အားအဖြစ် ဆက်လက်တည်ရှိခဲ့ပြီး စုစုပေါင်းတန်ဖိုး၏ ၆၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ်အတွက် အဆိုပါကဏ္ဍသည် စုစုပေါင်းတန်ဖိုး ရင်းဂစ် ၁၃၂.၂ ဘီလီယံကို မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၃.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ရုရှား၏အိုင်တီလုပ်ငန်းသည် GDP ၏ ၂.၄ ရာခိုင်နှုန်းကို ပံ့ပိုးပေး

          ရုရှား၏ သတင်းအချက်အလက်နည်းပညာ (အိုင်တီ) လုပ်ငန်းသည် လွန်ခဲ့သော ငါးနှစ်အတွင်း နှစ်ဆနီးပါး တိုးတက်လာခဲ့ပြီး နိုင်ငံ GDP ၏ ၂.၄ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ကြောင်း ရုရှားဝန်ကြီးချုပ် Mikhail Mishustin က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

        အိုင်တီကဏ္ဍသည် ရုရှားတွင် အလျင်မြန်ဆုံးတိုးတက်နေသော လုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော ထုတ်ကုန်များကို ထုတ်လုပ်နေဆဲဖြစ်ကြောင်း Mishustin က မော်စကိုတွင်ကျင်းပသည့် ပထမဆုံး ရုရှားအိုင်တီဖိုရမ် "Digital Solutions" တွင် ပြောကြားခဲ့ပါသည်။

         အိုင်တီဝန်ဆောင်မှုနှင့် ထုတ်ကုန်များ၏ ရောင်းအားသည် တည်ငြိမ်စွာတိုးတက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ရောင်းအားပမာဏသည် ၁၄.၅ ရာခိုင်နှုန်းကျော်အထိ တိုးလာခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

        ရုရှားစီးပွားရေးအတွက် သတင်းအချက်အလက်နည်းပညာကဏ္ဍ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး ဆက်လက်ပံ့ပိုးပေးသွားမည်ဟု Mishustin က ပြောကြားခဲ့ပြီး နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာသွားခြင်းသည် ပြည်တွင်းအိုင်တီ ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တရုတ်နိုင်ငံက ဓာတ်ဆီနှင့် ဒီဇယ်လက်လီဈေးနှုန်းများ တိုးမြှင့်မည်

              နိုင်ငံတကာရေနံဈေးနှုန်းများ မကြာသေးမီက ပြောင်းလဲခဲ့မှုအပေါ်အခြေခံ၍ တရုတ်နိုင်ငံသည် နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ ဓာတ်ဆီနှင့် ဒီဇယ်လက်လီဈေးနှုန်းများကို တိုးမြင့်မည်ဖြစ်ကြောင်း နိုင်ငံတကာထိပ်တန်း စီမံကိန်းရေးဆွဲသူက နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများသည် တစ်တန်လျှင် ယွမ် ၁၂၅ (အမေရိကန်ဒေါ်လာ ၁၇.၆၄) နှင့် ယွမ် ၁၂၀ အသီးသီးတိုးလာမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ထုတ်ပြန်ခဲ့ပါသည်။

          တရုတ်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီကြီး သုံးခုဖြစ်သည့် China National Petroleum Corporation၊ China Petrochemical Corporation နှင့် China National Offshore Oil Corporation ကို ရေနံထုတ်လုပ်မှု ထိန်းသိမ်းရန်နှင့် တည်ငြိမ်သော ထောက်ပံ့မှုသေချာစေရန် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရန် ညွှန်ကြားထားပါသည်။

          ဒေသအသီးသီးရှိ သက်ဆိုင်ရာဌာနများသည် ဈေးကွက်ကြီးကြပ်ရေးနှင့် စစ်ဆေးရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်သင့်ပြီး ဈေးကွက်အစီအမံများကို အကောင်ထည်ဖော်ရန်အမျိုးသာ ဈေးနှုန်းမှုဝါဒများကို ချိုးဖောက်သည့် လုပ်ဆောင်မှုများကို တင်ကြပ်စွာကိုင်တွယ်သင့်ကြောင်း NDRC မှ ပြောကြားခဲ့ပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဘော့စနီးယားအာဏာပိုင်များသည် အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ တန် ခိုးသွင်းထားသည့် မိုဘိုင်းလ်ဖုန်းများကို သိမ်းဆည်းရမိ

       ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၏ သွယ်ဝိုက်အခွန်ကောက်ခံမှု အာဏာပိုင်အဖွဲ့ (ITA) သည် မှောင်ခိုသွင်းထားသော မိုဘိုင်းလ်ဖုန်းများနှင့် အခြားပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း နို၀င်ဘာ ၁၂ ရက် (ဆင်ဟွာ) အာဏာပိုင်များက ပြောကြားခဲ့သည်။

         ITA ၏ ဥပဒေစိုးမိုးရေးဌာနနှင့် Tuzla ဒေသဆိုင်ရာစင်တာမှ တာဝန်ရှိသူများသည် ယခုသီတင်းပတ် အစောပိုင်းတွင် ဘော့စနီးယားအရှေ့မြောက်ပိုင်းတွင် iPhone 16 Pro Max နှင့် Galaxy S25 Ultra မော်ဒယ် များအပါအဝင် မိုဘိုင်းလ်ဖုန်း ၅၄၆ လုံး၊ Apple Watch ၇၀ နှင့် အခြားကန့်သတ်ပစ္စည်းများပါရှိသော စက်ရုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ကုန်ပစ္စည်းများကို ဖုန်းဆက်စပ်ပစ္စည်းအဖြစ် တံဆိပ်တပ်ထားသော သေတ္တာများတွင် ဝှက်ထားခဲ့ပြီး ပိုင်ရှင်သည် ၎င်းတို့၏ဇာစ်မြစ် သို့မဟုတ် အကောက်ခွန်ရှင်းလင်းကြောင်း အထောက်အထား စာရွက်စာတမ်းများကို ပေးအပ်ရန်ပျက်ကွက်ခဲ့ကြောင်း ITA မှ ပြောကြားခဲ့သည်။

         သိမ်းဆည်းရမိသော ကုန်ပစ္စည်းများတွင် တင်သွင်းခွင့်ပြုချက်လိုအပ်သော မြင်ကွင်းမှန်ဘီလူးများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများလည်းပါဝင်ပြီး ထပ်မံဖြန့်ဖြူးရန်ရည်ရွယ်ထားကြောင်း သိရသည်။ ဖမ်းဆီးရမိသည်များကိုလည်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း ITA မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

ရုရှားနိုင်ငံ၏ ဆိပ်ကမ်းကုန်တင်ကုန်ချတန်ဖိုးသည် ပထမ ၁၀ လအတွင်း ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့

         ရုရှားနိုင်ငံ ဆိပ်ကမ်းများတွင် ကုန်စည်စီးဆင်းမှုသည် ဇန်နဝါရီမှ အောက်တိုဘာလအတွင်း တန်ချိန် ၇၃၂.၆ သန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ပင်လယ်ဆိပ်ကမ်းများအသင်းမှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

        ကုန်ခြောက်များကုန်တင်ကုန်ချမှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၂.၁ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပြီး တန်ချိန် ၃၆၂.၉ သန်းသို့ ကျဆင်းခဲ့ကာ အရည်ကုန်စည်များကုန်တင်ကုန်ချမှု ပမာဏ မှာ ၀.၇ ရာခိုင်နှုန်းမှ တန်ချိန် ၃၆၉.၇ သန်းသို့ ကျဆင်းခဲ့သည်။

         ကုန်စည်တင်ပို့မှုမှာ တန်ချိန် ၅၇၄.၇ သန်းမှ ၂.၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး သွင်းကုန် ၃.၁ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၃၄.၁ သန်းရှိကြောင်း အသင်း၏ထုတ်ပြန်ချက် အရသိရသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

သံသတ္တုရိုင်း၊ အခြေခံအဆောက်အအုံ အကြီးစားပရောဂျက်ကို ဂီနီတွင် စတင်လည်ပတ်ခဲ့

            ကမ္ဘာ့အကြီးဆုံး ဂီနီနိုင်ငံရှိ Simandou သံသတ္တုရိုင်းနှင့် အခြေခံအဆောက်အအုံ ပရောဂျက်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်လည်ပတ်ခဲ့သည်။ လွှတ်တင်မှုသည် ကမ္ဘာ့အကြီး ဆုံးသတ္တုတူးဖော်ရေး ကုမ္ပဏီအချို့ အပါအဝင် ဂီနီနှင့် ၎င်း၏ဘဏ္ဍာရေးမိတ်ဖက်များကြား နှစ်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှု၏ အထွတ်အထိပ်ဖြစ်သည်။ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ခန့်ရှိပြီး Rio Tinto၊ Chinalco နှင့် China Baowu Steel Group အပါအဝင် စက်မှုလုပ်ငန်းကြီးများကိုစုစည်းကာ သတ္တုတူးဖော်ခြင်း၊ မီးရထားနှင့် ဆိပ်ကမ်းများ ပါဝင်သည်။

            ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်းများစွာမှ နိုင်ငံ့အကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများအပြင် မိတ်ဖက်ကော်ပိုရေးရှင်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။ ဂီနီ သတ္တုတွင်းနှင့် ဘူမိဗေဒ ဝန်ကြီး Bouna Sylla က အဆိုပါ အကြီးစား စီမံကိန်းသည် ဂီနီနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် နှစ်ဦးစလုံးအတွက် စီးပွားရေးနှင့် လူမှုရေးအကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။ ရထားလမ်းသည် ကီလိုမီတာ ၆၀၀ ကျော် ရှည်လျားပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးနှစ်ခုလုံးကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ