ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အာရှဖွံ့ဖြိုးရေးဘဏ်က ဖိလစ်ပိုင်နိုင်ငံအား အမေရိကန်ဒေါ်လာ သုံးသန်း ကူညီမည်

    အာရှဖွံ့ဖြိုးရေးဘဏ်က ဖိလစ်ပိုင်နိုင်ငံ၏ အရေးပေါ်နှင့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ သည် တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့သည်။တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက် ခတ်မှုကြောင့် ၂၀၄ ဦး သေဆုံး ကာ ၁၀၉ ဦး ပျောက်ဆုံးခဲ့သည်။

    ဖိလစ်ပိုင်အစိုးရ၏ တောင်းဆိုမှုအရ အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ပံ့ငွေအမေရိကန် ဒေါ်လာ သုံးသန်းအထိ ရရှိနိုင်ရန် စီမံထားကြောင်း နိုဝင်ဘာ ၇ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ သည့်အတွက် ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မာဆာတိုကန်ဒါက ပြောကြားခဲ့သည်။

အရေးပေါ်လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာရောက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကိုလည်း အကောင်အထည် ဖော်ရာရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက နိုင်ငံတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကို နိုဝင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။ တစ်ချိန် တည်းတွင် နောက်ထပ်အင်အားပြင်း တိုင်ဖွန်းတစ်ခု ကုန်းတွင်းပိုင်းသို့ နိုဝင်ဘာ ၉ ရက် တွင် ဝင်ရောက်လာဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောကြားသည်။

 Source: ဆင်ဟွာ                                                              

DOCA(ပြည်ထောင်စုနယ်မြေ)

Ctg ဆိပ်ကမ်း၏ ကွန်တိန်နာသိုလှောင်နိုင်စွမ်းအား ၁၀၀၀ TEUs အထိ တိုးချဲ့တော့မည့် Laldia Char Terminal

           သင်္ဘောပို့ဆောင်ရေးအကြံပေးဗိုလ်မှူးချုပ်ဆိုသူ M Sakhawat Hossain က Laldia Char Terminal သည် Chattogram ဆိပ်ကမ်း၏ ကွန်တိန်နာသိုလှောင်နိုင်စွမ်းကို ၁၀၀၀၀ twenty-foot equivalent units (TEUs) အထိ တိုးချဲ့ပြီး ကုန်သွယ်ရေးနှင့်စီးပွားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါအကြောင်းကို ဆိပ်ကမ်းဖွင့်ပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆိပ်ကမ်းအရာရှိက Chattogram ဆိပ်ကမ်း၏ သိုလှောင်နိုင်မည့်နေရာပမာဏကို ယခုအခါတွင် ၅၆၀၀၀ TEUs မှ ၆၆၀၀၀ TEUs အထိ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Hossain က ဆိပ်ကမ်းလည်ပတ်မှု တိုးတက်ရေးအတွက် နည်းပညာကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းဆောင်ရည်များသည် အလွန်အရေးပါကြောင်း သတင်းထောက်များအား အထူးအ‌လေးထားပြောကြားခဲ့ပါသည်။ အသစ်ဖွင့်လှစ်လိုက်သော Laldia Char Terminal သည် ၁၄ ဧကခန့်ကျယ်ဝန်းပြီး ကွန်တိန်နာပေါင်း ၁၀၀၀၀ ခန့်၊ ကုန်ကားအစီးရေ ၁၅၀၀ခန့် ဝင်ဆန့်ကြောင်း သိရပါသည်။ စီနီယာအရာရှိများ၏ ပြောကြားချက်အရ အဆိုပါပွဲကိုဆိပ်ကမ်းဥက္ကဌ Rear Admiral M Moniruzzaman နှင့် တစ်ခြားသောဝန်ကြီးဌာနမှ ကိုယ်စားပြုအကြီးအကဲများစွာ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်ရေးသဘောတူညီမှုဆွေးနွေးမှု နီးကပ်နေကြောင်းနှင့် အကောက်ခွန်များ လျော့ချတော့မည့်ဟု အမေရိကန်သမ္မတ Donald Trump ပြောကြား

            အမေရိကန်သမ္မတ Donald Trump သည် အိန္ဒိယနိုင်ငံအပေါ်အကောက်ခွန်များလျော့ ချသွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသည် New Delhi နှင့်ကုန်သွယ်ရေးဆိုင်ရာသဘော တူညီမှုရရှိရန် နီးကပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ Donald Trump သည် ယခုနှစ်အစောပိုင်းကာလများတွင် အိန္ဒိယနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်း များအပေါ် ထပ်ပေါင်းအခွန်များတိုးမြှင့်ကောက်ခံခဲ့ပြီး ရုရှားနိုင်ငံမှ ရေနံဝယ်ယူမှုကို ဖိအားပေးရန်အတွက် အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့် ကောက်ခံမှုများ ပြုလုပ် ခဲ့ပါသည်။ လတ်တလော ရက်သတ္တပတ်များတွင် အမေရိကန်သမ္မတ Donald Trump သည် Modi ၏ ရုရှားနိုင်ငံမှ ‌ရေနံများဝယ်ယူမှုကို လျော့ချမည်ဟု ကတိပြုမှုအပြီးတွင် ကုန်သွယ်ရေးဆွေးနွေးမှုများ ကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကုန်သွယ်ရေးအဖွဲ့များသည် Trump၏ တင်းမာမှုများကို ပယ်ဖျက်မှုအပြီးတွင် တွေ့ဆုံမှုပေါင်း များစွာပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Trump သည် သစ္စာကတိပြုခြင်းအခမ်းအနားတွင် အိန္ဒိယ နိုင်ငံတွင် အမေရိကန် သံအမတ်ဖြစ်လာမည့် Sergio Gor နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး Trump က Gor အား ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံတန်ကြီးချုပ် Narendra Modi နှင့်ရင်းနှီးသောဆက်ဆံရေးများ ပြုလုပ်ခဲ့ပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုရင်းနှီးမြှုပ်နှံမှုတွင် ပေါင် ၅၅ ဘီလီယံခန့်‌ ရောက်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့သည့် ဗြီတိန်နိုင်ငံ

          ဗြီတိန်နိုင်ငံအစိုးရသည် ကျန်းမာရေးစောင့်ရှောက်မှုမှ သန့်ရှင်းသောစွမ်းအင်အဖြစ် ပြောင်းလဲမှုတွင် အောင်မြင်မှုများအရှိန်အဟုန်မြင့်တက်စေရန်အတွက် သုတေသနှင့်ဖွံ့ဖြိုးတိုး တက်မှုကဏ္ဍR&Dတွင် ‌ရေရှည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပေါင်း ပေါင် ၅၅ ဘီလီယံခန့် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ထုတ်ပြန်ချက်အရ ရန်ပုံငွေကို ၂၀၂၉ ခုနှစ် နှင့် ၂၀၃၀ ခုနှစ်အထိ ထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

          သိပ္ပံပညာ၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဌာ (DSIT) သည် ပေါင် ၈၆ ဘီလီယံခန့် ရင်းနှီးထားသော R&D တွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဖွဲ့စည်းထားကြောင်း သိရပါသည်။ အဆိုပါအဖွဲ့တွင် UK သုတေသနနှင့်ဆန်းသစ်တီထွင်မှုအဖွဲ့ (UKRI)၊ အစိုးရ အဆင့်မြင့်သုတေသနနှင့် တီထွင်မှုအေဂျင်စီ (ARIA)၊ ဗြီတိန်နိုင်ငံအမျိုးသားသင်တန်းကျောင်း၊ အမျိုးသားတိုင်းတာမှု စနစ်နှင့် Ai လုံခြုံရေး စက်မှုတက္ကသိုလ်များပါဝင်ကြောင်း သိရပါသည်။

            ဗြီတိန်နိုင်ငံအစိုရက R&D ရင်းနှီးမြှုပ်နှံမှုမှ ပေါင် ၁ ပေါင်တိုင်းသည် စီးပွားရေးအကျိုးအမြတ် ၈ ပေါင်ခန့်ထုတ်ပေးနိုင်‌ကြောင်းနှင့် ပုဂ္ဂလိကရန်ပုံငွေအတွက် ၂ ပေါင်ခန့်ဆွဲဆောင်နိုင်ကြောင်း ခန့်မှန်းကြောင်းထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                         

DOCA (ရန်ကုန်)

စားအုန်းဆီဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆန့်ကျင်ရန်အတွက် မလေးရှားနိုင်ငံအစိုးရသည် ရန်ပုံငွေများတိုးချဲ့ရန်စီစဥ်

          မလေးရှားနိုင်ငံအစိုးရသည် ၂၀၂၆ ခုနှစ်တွင် စျေးကွက်ဝင်‌ရောက်ခွင့်ပိုမိုရရှိရန်နှင့် အပြည်ပြည်ဆိုင်ရာ အဓိကဦးစားပေးစျေးကွက်များတွင် တင်ပို့မှုမြှင့်တင်ရန်အတွက် စာအုန်းဆီဆန့်ကျင် ရေးလှုပ်ရှားမှုများကိုဆန့်ကျင်ရန် (Capoc) အတွက် ရန်ပုံငွေများတိုးချဲ့တော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် လူသုံးကုန်ပစ္စည်းများဆိုင်ရာဝန်ကြီးဌာန (KPK) မှထုတ်ပြန်သောအချက် အလက်များအရ သိရပါသည်။ ဒုတိယဝန်ကြီးဆိုသူ Datuk Chan Foong Hin ကခွဲဝေမှုအပိုင်းကို စျေးကွက်ဝင်ရောက်နိုင်ခွင့်မြှင့်တင်ရန်နှင့် Gulfood၊ Food Ingredients Europe (FI Europe) နှင့် Food Ingredients India (FI India) ကဲ့သို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးပြပွဲများတွင် မလေးရှားနိုင်ငံအား ပါဝင်နိုင်စေရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။ Chan က Capoc ၏ အဓိကဦးစားပေးသည် မလေးရှားနိုင်ငံ၏ စားအုန်းဆီစျေးကွက်အပေါ် ကမ္ဘာ့အမြင်များ တိုးတက်ကောင်းမွန်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Chan က ၎င်းဦးစားပေးသည် စျေးကွက်တိုက်ရိုက်ဝင်ရောက်နိုင်ခွင့်အား ဝယ်သူများနှင့် တိုက်ရိုက်ညှိနှိုင်းမှုများဖြင့် အရှိန်မြှင့်တင်နိုင်ရန်နှင့် ပြည်ပပို့ကုန်စွမ်းဆောင်ရည်နှင့် စျေးကွက်အသိပညာပေး ရည်မှန်းချက်များ ပူးပေါင်းနိုင်စေမည့် ကုန်သွယ်ရေးနယ်ပယ်များ တည်ဆောက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရပါသည်။ ၎င်းက ကနဦးပြင်ဆင်မှုများသည် ကမ္ဘာ့စျေးကွက်ရှိ လုပ်ငန်းရှင်များအား လူငယ်များအတွက် အန္တရာယ်ကင်း၍ အထောက်အကူဖြစ်စေပြီး လစာကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် စားအုန်းဆီကဏ္ဍရှိ နည်းပညာအသစ်များအား ပိုမိုလက်ခံလာနိုင်စေရန်ဖြစ်ကြောင်း သိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)

အာဖဂန်ရဲတပ်ဖွဲ့က သိမ်းဆည်းရမိသည့် တရားမဝင်မူးယစ်ဆေးဝါး တန် ၂၂၀ ကို မီးရှို့ဖျက်ဆီး

    အာဖဂန်အာဏာပိုင်များသည် မြို့တော်ကဘူးလ်အပါအဝင် အလယ်ပိုင်းဒေသတစ်ဝန်း စစ်ဆင်ရေးလုပ်ငန်းအတွင်း သိမ်းဆည်းရမိသည့် တရားမဝင် မူးယစ်ဆေးဝါး တန် ၂၂၀ ခန့်ကို နိုဝင်ဘာ ၉ ရက်တွင် ဖျက်ဆီးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြား (အာတီအေ) က ထုတ်ပြန်ထားသည်။

    မီးရှို့ဖျက်ဆီးသည့် ပစ္စည်းများထဲတွင် စိတ်ကြွဆေး(အိုက်စ်) အပါအဝင် ဆေးခြောက်၊ ဘိန်း၊ စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရေး ပစ္စည်းများပါဝင်ကြောင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး ဒုတိယဝန်ကြီး မိုဟာမက်ကာဆင်ခါလက်က ပြောကြားသည်။

     အဆိုပါစစ်ဆင်ရေးနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး မှောင်ခိုကူးသူ၊ ဝယ်ယူသူနှင့် ရောင်းဝယ်သူ ၇၅၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ခါလက်က ပြောကြားသည်။

    အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်တို့ အာဏာရယူသည့် အချိန်မှစကာ မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ကုန်ကူးခြင်းနှင့် ရောင်းချခြင်းတို့ကို လုံးဝကင်းစင်သည်အထိ လျှော့ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမက်တင်းကာနီက ပြောကြားသည်။

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)

ဗီယက်နမ်နိုင်ငံက ၁၀ လအတွင်း ငရုတ်ကောင်း တန်ချိန် နှစ်သိန်းကျော် တင်ပို့

      ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံတန်ဖိုးရှိ ငရုတ်ကောင်းတန်ချိန် ၂၀၆၄၀၀ ကျော် တင်ပို့ခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ် အမွှေးအကြိုင် အသင်း၏ပြောကြားချက်ကို ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၁၀ ရက် တွင် ထုတ်ပြန်ထားသည်။ 

      ယင်းကာလအတွင်း ဗီယက်နမ်၏ ပို့ကုန်ပမာဏမှာ ယမန်နှစ်ကထက် ၅ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းသွားသော်လည်း ပို့ကုန်တန်ဖိုးမှာ ၂၅ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း ထုတ်ပြန် ချက်အရ သိရသည်။

        ငရုတ်ကောင်းနက်၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၂၈ ဒေါ်လာနှင့် ငရုတ်ကောင်းဖြူတစ်တန်လျှင် ဒေါ်လာ ၈၆၈၃ ဒေါ်လာရှိရာ ပျမ်းမျှဈေးနှုန်းများမှာ ယမန်နှစ် အလား တူကာလကထက် ငရုတ်ကောင်းအနက် ၃၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ငရုတ်ကောင်းအဖြူ ၃၄ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

    အမေရိကန်နိုင်ငံသည် ငရုတ်ကောင်းတန်ချိန် ၄၄၂၆၂ တန်ဖြင့် ဗီယက်နမ်ငရုတ်ကောင်း၏ အကြီးမားဆုံးဈေးကွက်အဖြစ်ရှိနေပြီး ယင်းနောက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

 Source: ဆင်ဟွာ                                                              

DOCA(ပြည်ထောင်စုနယ်မြေ)

အာဖဂန်နစ္စတန်တောင်ပိုင်းတွင် ဒေသထွက်ကုန်များ ပြသသည့် ၃ ရက်ကြာ ပြပွဲကို ဖွင့်လှစ်ခဲ့

      အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် သုံးရက်ကြာကျင်းပသည့် “Pomegranate” ခေါင်းစဉ်ဖြင့် ပြပွဲကို အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်း ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွင် နိုင်ငံ၏ ကြီးထွားလာနေသော အလားအလာများကို မီးမောင်းထိုးပြခဲ့ကြောင်း ဒေသတွင်း မီဒီယာ Tolonews က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ အထည်အလိပ်များ၊ စားသောက်ကုန်များနှင့် ဆောက်လုပ်ရေးပစ္စည်းများ အပါအဝင် အာဖဂန်ထုတ်ကုန်အများအပြားကို ပြသထားသည့် ပြခန်းဒါဇင်များစွာ ပါဝင်သည်ဟု အစီရင်ခံစာအရသိရသည်။ ပြပွဲသည် အာဖဂန်နိုင်ငံထုတ် ထုတ်ကုန်များကိုမြှင့်တင်ရန်၊ ပြည်တွင်းထုတ်လုပ်သူများအတွက် စျေးကွက်အခွင့်အလမ်းသစ်များ ဖန်တီးရန်၊ ပြည်တွင်းစက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

          ပြီးခဲ့သောနှစ်တွင် နိုင်ငံတစ်ဝှမ်းရှိ ပြပွဲများတွင် ပြည်တွင်းထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် စားသုံးသူများ၏ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

ကမ္ဘောဒီးယား၏ စုစုပေါင်းပို့ကုန်သည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတွင် ၁၅.၂ ရာခိုင်နှုန်း မြင့်တက်လာ

            ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၄.၉၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု အထွေထွေဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရှေ့တောင်အာရှ နိုင်ငံများအတွက် ထိပ်တန်းပို့ကုန်ငါးနိုင်ငံသည် အမေရိကန်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ကနေဒါ တို့ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ အိတ်များ၊ ခရီးသွားကုန်ပစ္စည်းများ၊ စက်ဘီးများ၊ ကားတာယာနှင့် ဆန်၊ ရော်ဘာ၊ ပီလော ပီနံ၊ သီဟိုဠ်စေ့၊ ငှက်ပျောသီး၊ သရက်သီး စသည်တို့ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် နိုင်ငံတော်သည် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စုစုပေါင်းသွင်းကုန်ဒေါ်လာ ၂၇.၆၃ ဘီလီယံ စံချိန်တင်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာကဆိုသည်။ အဓိက တင်သွင်းသည့် ပစ္စည်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အထည်ချုပ်၊ ဖိနပ်၊ အိတ်နှင့် ခရီးသွားကုန်ပစ္စည်း၊ မော်တော်ယာဉ်၊ စက်ယန္တရား၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)

ကမ္ဘာ့ထိပ်တန်း စိုက်ပျိုးရေးနည်းပညာပြပွဲကို ဂျာမနီတွင် ဖွင့်လှစ်ခဲ့

        ခေတ်မီစိုက်ပျိုးရေးတွင် ဆန်းသစ်တီထွင်မှု၊ ထိရောက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ရည်ရွယ်သည့် ကမ္ဘာ့ထိပ်တန်း လယ်ယာသုံးစက်ပစ္စည်းပြပွဲ Agritechnica အား ဂျာမနီနိုင်ငံ Hanover ၌တစ်ပတ်ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “Touch Smart Efficiency” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ယခုနှစ် အခမ်းအနားသည် နိုင်ငံနှင့် ဒေသပေါင်း ၅၂ ခုမှ ပြပွဲပြသသူ ၂၈၀၀ ခန့်ကို ဆွဲဆောင်ခဲ့ပြီး စိုက်ပျိုးရေး စက်ယန္တရားများ၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် ချိတ်ဆက်ထားသော လယ်ယာစနစ်များတွင် ဆန်းသစ်တီထွင်မှုများအပေါ် အာရုံစိုက်ကျင်းပခြင်းဖြစ်သည်။ ပြခန်းပြသသူ အားလုံးတွင် တရုတ်နိုင်ငံသည် ဂျာမနီနှင့် အီတလီနိုင်ငံပြီးလျှင် ပြပွဲပြသသူ ၂၅၀ ဖြင့် တတိယနေရာတွင် ရပ်တည်လျှက်ရှိသည်။ ပြပွဲပြသသူ ၆၈.၅ ရာခိုင်နှုန်းသည် ပြည်ပမှစံချိန်တင်လာရောက်ကြပြီး ပြပွဲ၏ ကြီးထွားလာသော နိုင်ငံတကာလက်လှမ်းမီမှုကို ရောင်ပြန်ဟပ်စေသည်။ "စိုက်ပျိုးရေးသည် ကြီးမားသောဖိအားအောက်တွင် ရှိနေသည်" ဟု German Agricultural Society (DLG) ၏ မန်နေဂျင်းဒါရိုက်တာ Lothar Hoevelmann က အဖွင့်အမှာစကားပြောကြားခဲ့သည်။ Agritechnica 2025 သည် ရေရှည်တည်တံ့သော ကုန်ထုတ်စွမ်းအား တိုးတက်မှုအတွက် ဖြေရှင်းချက်များအား တင်ပြရန်နှင့် လက်တွေ့၊ သိပ္ပံနှင့် စက်မှုလုပ်ငန်းတို့ အကြား ဆွေးနွေးမှုများကို မြှင့်တင်ရန် ပလပ်ဖောင်းတစ်ခု ပံ့ပိုးပေးထားကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ပြပွဲစီစဉ်သူ DLG ၏အဆိုအရ ယခုနှစ်ပွဲတော်သို့ ဧည့်သည် ၄၃၀,၀၀၀ ခန့် တက်ရောက်ရန် မျှော်မှန်းထားပြီး ၂၀၂၃ ခုနှစ်ပွဲကျင်းပစဉ်က တက်ရောက်သူ ၄၇၀,၀၀၀ ကျော်၏ စံချိန်နှင့် ကိုက်ညီကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ