ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

Super Shine ငရုတ်ဆီကိစ္စ

 ၁၉.၆.၂၀၁၈ ရက်နေ့၌ ရန်ကုန်တောင်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေးရာ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကွင်းဆင်း စစ်ဆေး စဉ်က တားမြစ်ထားသော Super Shine အမှတ်တံဆိပ် ငရုတ်ဆီအား သုံးခွမြို့မစျေးတွင် ပစ္စည်းဖြန့်ဖြူးရောင်းချရန်ကားဖြင့် လာရောက်သည်ကို စစ်ဆေးတွေ့ရှိရ၍ Super Shine အမှတ်တံဆိပ် ငရုတ်ဆီအိပ်(၈၄)လုံးပါဖာ(၁၅၀)ခန့်ပါရှိ၍ အမှတ် တံဆိပ်တွင် သက်တမ်းကုန်ဆုံး ရနှင့် ဖုန်းနံပါတ်သာပါရှိ၍ စားသုံးရန်သင့်/မသင့် ရန်ကုန်တိုင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၆/၂၀၁၈)၏ ဆုံးဖြတ်ချက်အရ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉၊ ပုဒ်ခွဲ(ဃ)အရ ရန်ကုန်တိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲသို့ စားသုံးရန်သင့်/မသင့် စစ်ဆေးပေးရန် ပေးပို့ခဲ့ပါသည်။

ကျင်းထုံခြင်ဆေးဗူး ဖျက်ဆီးခြင်း

ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင်(၁၅.၅.၂၀၁၈) ရက်နေ့တွင် လှိုင်မြို့နယ် လှိုင်ရတနာစျေးအတွင်း xxxကုန်စုံဆိုင်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ မသုံးစွဲရန် တားမြစ်ထုတ်ပြန်ထားသော ကျင်းထုံတံဆိပ်ဖြင့် ခြင်ဆေးခွေဗူးပေါ်တွင် ဖော်ပြထားသည့် အမျိုးအစားဓါတုပစ္စည်း၏ ပါဝင်ရာခိုင်နှုန်း ၀.၀၈% ပါဝင်သော ကျင်းထုံခြင်ဆေးဗူးများ စစ်ဆေးတွေ့ရှိ၍ စျေးတာဝန်ခံရုံးတွင် ကွင်းဆင်းအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ချက်ဖြင့် ကွင်းဆင်းအဖွဲ့၏ရှေ့မှောက်တွင် ခြင်ဆေးခွေများ အား ဖျက်ဆီးပြီး ရောင်းချသောဆိုင်ရှင်အားခေါ်ယူပြီးနောက်နောင်တွင် ရောင်းချခြင်း မပြုစေရန် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ခ)အရ ဝန်ခံဂတိလက်မှတ်ရေးထိုးစေခဲ့ ပါသည်။

မာရိုးနစ်သက်တမ်းလွန်နေခြင်း

စားသောက်ကုန်နှင့် ပတ်သက်၍တိုင်ကြားမှုတွင် မာရိုးနစ်(mayonnaise) ဝယ်ယူရာတွင် သက်တမ်းလွန်၍ ပြန်လဲခိုင်းရာတွင် ဆိုင်မှရိုင်းပြစွာဆက်ဆံခြင်း၊ ဆိုင်မှရောင်းချနေသော စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ၊ သက်တမ်းကုန်ပစ္စည်း ရှိ/မရှိ စစ်ဆေး ပေးရန် တိုင်ကြားလာခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေး၍ နောင်တွင်သက်တမ်းလွန်ပစ္စည်းများမရောင်းချရန် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ၁၉၊ ပုဒ်မခွဲ(က)အရ ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ၄/၂၀၁၈ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်ကြားခံရသည့် ဆိုင်ကို တရားဝင်သတိပေးစာထုတ်ပြန်သွားရ န်ဆုံးဖြတ်ခဲ့ပါသည်။

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ