HighLight News

Powered by Drupal

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ၏ ယှဉ်ပြိုင်မှု

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ဒုတိယဆု ဆွတ်ခူးရရှိသော မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်အေးမဉ္ဇူခိုင်(ဦးစီးအရာရှိ)၏ ယှဉ်ပြိုင်မှုအား ကြည့်ရှုနိုင်ပါသည်-

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရုံးအမှတ် (၅၂) ၌ ကျင်းပပြုလုပ်သော “စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း‌ ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း စုံစမ်းစစ်ဆေးခြင်း၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ပြည်သူများသို့ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာမျှဝေခြင်းတို့ ဆောင်ရွက်ရာတွင် စကားပြောစွမ်းရည် ကောင်းမွန်ရန် အရေးကြီးသည့်အတွက် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းသည် ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရန် အထောက်အကူပြုသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးအတွက်သာမက အနာဂတ်တွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက်ပါ တိုးချဲ့ ဆောင်ရွက်ရမည်ဖြစ်ရာ တစ်ဦးချင်းစွမ်းရည်ကို မြှင့်တင်တိုးတက်အောင် ဆောင်ရွက်၍ အဆင် သင့်ဖြစ်အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို သုံးသပ်တင်ပြ၍ ဝန်ကြီးဌာန ၆ လပတ်ညှိနှိုင်းအစည်းအဝေးတွင် ပြန်လည် သုံးသပ်လမ်းညွှန်ထားပြီးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်ရမည့် ဝန်ကြီးဌာနဖြစ်ရာ ဝန်ထမ်းများ တစ်ဦးချင်း သည် မိမိတို့ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လတ်တလောအတွက်သာမက အနာဂတ် အတွက်ပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကိုဗစ် ၁၉ ကာလနောက်ပိုင်း တွင် Digital Platform များဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ဆိုင် ရာ Technical Skills များသာမက Digital Skills များ တိုးတက်စေရန်အတွက် လေ့လာဖြည့်ဆည်း ထားရန် လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲ အစီအစဉ်သည် Technical Skills မြှင့်တင်ခြင်းဖြစ်သည့် အတွက် ပြိုင်ပွဲဝင်များအနေဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့ဌာနသည် အနာဂတ်ကာလတွင် အရေးပါ သည့်အတွက် ကဏ္ဍအလိုက်လုပ်ငန်းများကို ကြိုးပမ်းလျက်ရှိကြောင်း၊ Technical Skills နှင့် Digital Skills များကို မြှင့်တင်နိုင်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အစီအမံများဖြင့် ဆောင် ရွက်လျက်ရှိကြောင်း၊ အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းများသာမက ဝန်ထမ်းများအားလုံး ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန် သင်တန်းဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနသည် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ပြေးညီ ဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးဆွဲ၍ ဆောင်ရွက်နေကြောင်း၊ ထို့အပြင် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (National Consumer Protection Program-NCPP) ကို အဓိကကဏ္ဍ (၅) ရပ်ဖြင့် ရေးဆွဲထားပြီး Action Plans များကို ကဏ္ဍအလိုက် ခွဲခြားသတ်မှတ်၍ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ NCPP အဓိကကဏ္ဍ (၅) ရပ်တွင် စားသုံးသူအသိပညာပေးအစီအစဉ်သည် လည်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ကြောင်း‌၊ ကုန်စည်များ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း၊ စားသုံးသူ အခွင့်အ‌ရေးများ အပြည့်အဝရရှိစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေဖြင့်သာမက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပေါ်ပေါက်လာပါက ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် ဆက်သွယ်ပြန်ကြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ထည့်သွင်း ရေးဆွဲထားကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် မူဝါဒများ၊ ဥပဒေများကို ရေးဆွဲပြင်ဆင်နိုင်ရေး အတွက် စားသုံးသူကာကွယ်ရေးမူဝါဒများဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုရေးအစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း၊ မိမိတို့အနေဖြင့် စားသုံးသူများ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူ သုံးစွဲရာတွင် ဘေးအန္တရာယ်‌ ကင်းရှင်း‌စေရေးအတွက် Regulations (မူကြမ်း) ရေးဆွဲခဲ့ပြီး လျှပ်စစ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအရ အဆိုပါမူကြမ်းကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်း၍  ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျောင်း၊ တက္ကသိုလ်၊ ရုံး စသည်ဖြင့် အသိပညာဆင့်ပွားမျှဝေနိုင်မည့်အုပ်စုများသို့ ဟောပြောခြင်းများ ဆောင်ရွက်ကြောင်း၊ အသိပညာပေးဟောပြောခြင်းများအတွက် စကားပြောစွမ်းရည်ကျွမ်းကျင်မှုရှိရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ပိုမိုကောင်းမွန်သည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ကျပန်းစကားပြော ပြိုင်ပွဲကို စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်နှင့် အသိပညာပေးလုပ်ငန်းများအတွက် ပိုမိုထိရောက်သော နည်းလမ်းသစ်များ ရှာဖွေဖော်ထုတ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအနေဖြင့် “ပြည်သူအများ စားသုံးသူ အခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့၊ ပြည်သူ့အတွက် စားသုံးသူရေးရာကဏ္ဍ၊ စားသုံးသူများ ဘေးကင်းဖို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးစို့” စသည့် ‌ခေါင်းစဉ် ၃ ခုဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ် ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ဌာနပုံရိပ် မြှင့်တင်နိုင်စေရန် အကောင်းဆုံးဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ကြစေကြောင်း‌ ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင် ၂၃ ဦးက သတ်မှတ် ပြိုင်ပွဲခေါင်းစဉ်များကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ကျပ်နှစ်သိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းခွဲ၊ တတိယဆု ကျပ်တစ်သိန်း၊ နှစ်သိမ်ဆု ၂ ဆုအတွက် ကျပ် ၅ သောင်းစီ၊ အထူးဆု ၁၈ ခု၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Consumer

ကွမ်းစားထုံးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

          ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း ကွမ်းစားထုံးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးသည်  ၎င်းထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေပြဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်သည်များသိရှိလို၍ (၉-၉-၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်ခရိုင် ခရိုင်ဦးစီးမှူးထံ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

              တွေ့ဆုံဆွေးနွေးမှုအရ လုပ်ငန်းရှင်သည် တောင်ကုတ်မြို့နယ်အတွင်း “စွဲ” အမှတ်တံဆိပ်ဖြင့် အသင့်စားကွမ်းစား ထုံးလုပ်ငန်းကို လုပ်ကိုင်ကြောင်း၊ ဒေသတွင်း ဖြန့်ဖြူးရောင်းချသူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရာ ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ အခန်း (၁၈) ပုဒ်မ (၄၁) (၄၂) (၄၃) ပြဌာန်းချက်များ၊ ကုန်စည်အုပ်စုအလိုက်၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြရန်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသောကုန်ပစ္စည်းများထုတ်လုပ်ရေး၊ စာသုံးသူများအသုံးပြုမည့်ကုန်စည်များ အတွက် သက်ဆိုင်ရာအစိုးရဌာနများ၏ စံသတ်မှတ်ချက်နှင့်အညီလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဩဂုတ်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

        စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ သြဂုတ်လအတွင်း လုပ်ငန်းရှင်ပေါင်း(၂၇)ဦးက အပ်နှံလာသော သီးနှံ အမျိုး အစား(၁၆)မျိုး၊ နမူနာအရေအတွက် (၆၉) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၆၇) ခုကို စမ်းသပ် စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပါသည်။

        စမ်းသပ်စစ်ဆေးခဲ့သည့် သီးနှံအမျိုးအစားများမှာ ပဲတီစိမ်း၊ ပဲယင်း၊ ဆန်ကွဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ပဲမှုန့်၊ နှမ်းနက်သိပ္ပံ၊ စားအုန်းဆီ၊ နှမ်းဖြူ၊ နေကြာစေ့၊ နွားစာဖွဲနု၊ ဖွဲနု၊ မုယောကြိတ်ဖတ်၊ ဆန်ကွဲဖတ်၊ ရှောက်ဘီလူးခွံနှင့် ငရုတ်သီးတို့ဖြစ်ပါသည်။

         ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲစမ်း သပ်မှု (၂၇) ခု၊ မှိုဆိပ်ဆိုင်ရာဓာတ်ခွဲစမ်းသပ်မှု (၅) ခု၊ ဆီနှင့်ဆီထွက်သီးနှံ ဓာတ်ခွဲစမ်းသပ်မှု (၁၂၁) ခုနှင့် သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှု (၁၄)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၆၇) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

ကလေးခရိုင်ရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အသိပညာပေးဟောပြောခြင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ( ၂၀ )ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဆရာ/ဆရာမ ( ၈ )ဉီး၊ ကျောင်းသား/ကျောင်းသူ ( ၇၀ )ဦး၊ စုစုပေါင်း (၇၈ )ဦးကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

      အသိပညာပေးဟောပြောရာတွင် ဦးစွာပထမ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးအောင်ထူးက အဖွင့်အမှာစကားနှင့်နုတ်ခွန်းဆက်ပြောကြားပြီး ကလေးခရိုင်ဦးစီးမှူး  ဒေါ်သန်းသန်းဝင်းက အစားအသောက်များကိုဝယ်ယူအသုံးပြုရာတွင် သတိပြုဝယ်ယူရမည့်အချက်များကိုလည်းကောင်း၊ ဒေါ်သိမ့်သိမ့်ထွန်း(ကြီး/ရေး)က ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်က မိမိတို့ဌာနနှင့်ပတ်သက်၍ စာပေများလေ့လာပြီး စာဖတ်ကြရန်၊ အသိပညာပေးဆွေးနွေးပြောကြားပြီး အဆိုပါဌာနရှိ ဝန်ထမ်းများမှ  ကျောင်းသား/ကျောင်းသူများကို စာအုပ်မျာလေ့လာဖတ်ကြားနိုင်ရန် ခင်းကျင်းပြသပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်မှဝန်ထမ်းများသည် စားသုံးသူရေးရာကော်မတီ ( ၂/၂၀၂၂ ) အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ အရည်အသွေးနှင့်အလေးချိန်အချင်အတွယ်မှန်ကန်စေရေးနှင့် ဥပဒေ၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုမရှိပါက အရေးယူနိုင်ရေးအတွက် တစ်နှစ်တာအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးစာပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစားများမှာ စားသုံးဆီ၊ အချိုရည်၊ အသင့်စား ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ စက်သုံးဆီ၊ အသားချောင်း၊ အသားလုံး စသည့်တို့ကို ဆုံးဖြတ်ခဲ့မှုအရ ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်းဆောင်ရွက်၍ ကလေးမြို့၊ ကလေးဝမြို့၊ တမူးမြို့၊ ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့များတွင် ဩဂုတ်လ၊ တတိယပတ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ စားသုံးဆီများနှင့်ပတ်သက်၍ တွေ့ရှိချက်များအနေဖြင့် ဆီဗူးများပေါ်တွင် အသားတင်အလေးချိန်ဖော်ပြချက်များအနေဖြင့် လီတာဖြင့် ဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်နိုင်မှုအခြေအနေ

        ၁။      စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(လှည်းကူး)သည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများအား ဓာတ်ခွဲစမ်းသပ်၍ အရည်အသွေးထောက်ခံချက်ပေးသော ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ဓာတ်ခွဲခန်းများအလိုက် ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်နိုင်မှုအခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ်

ဓာတ်ခွဲခန်း

အမည်

စမ်းသပ်မှု
ပေါင်း

စမ်းသပ်ခ

ရငွေ(ကျပ်)

မှတ်ချက်

(က)

ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း

၃၀

၁,၂၀၀,၀၀၀

 

(ခ)

ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်း

၁၈၆

၁,၅၇၆,၂၅၀

 

(ဂ)

မှိုဆိပ်ဓာတ်ခွဲခန်း

၁၇၅,၀၀၀

 

(ဃ)

သီးနှံဓာတုဓာတ်ခွဲခန်း

၂၈

၂၄၀,၉၀၀

 

(င)

သီးနှံရူပဓာတ်ခွဲခန်း

၃,၀၀၀

 

စုစုပေါင်း

၂၅၁

,၁၉၅,၁၅၀

 

        ၂။       ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဇူလိုင်လအတွင်း ကုန်ပစ္စည်းနမူနာအရေအတွက် (၇၆)ခု လက်ခံ ရရှိပြီး ဓာတ်ခွဲစမ်းသပ်မှုစုစုပေါင်း(၂၅၁)ခု ဆောင်ရွက်နိုင်ခဲ့ရာ ဓာတ်ခွဲစမ်းသပ်ခ ဝင်ငွေကျပ် ၃,၁၉၅,၁၅၀ိ/- (သုံးဆယ့်တစ် သိန်းကိုးသောင်းငါးထောင့်တစ်ရာ့ငါးဆယ်ကျပ်တိတိ) ရရှိခဲ့ပါကြောင်း တင်ပြလိုက်ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

“ပြည်သူ့အရေး ဆောင်ရွက်ပေး ၊ မနှေးကြည်ဖြူ စားသုံးသူ”

         “စားသုံးသူ”ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် (သို့) ဝန်ဆောင်မှု ကို ကုန်သွယ်ရောင်းဝယ်မှု ပြုရန် (သို့မဟုတ်) အသက်မွေးဝမ်းကျောင်း ပြုရန်မဟုတ်ဘဲ ကိုယ်တိုင် သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း ၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ (သို့မဟုတ်) ပေးကမ်းခြင်းခံရသူများ ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတိုင်း လူတိုင်းသည် မနက်အိပ်ရာထချိန် ၊မျက်နှာသစ်၊ သွားတိုက်ချိန် မှစ၍ ညအိပ်ရာဝင်ချိန်အထိ စားသုံးသူများ ဖြစ်ကြသကိုး။ လူဘောင်၊ လူ့လောက မှာ ကျင်လည်နေတဲ့ ကာလတစ်လျှောက်လုံး ကုန်စည်တွေ ဝန်ဆောင်မှု တွေကို သုံးစွဲနေကြရမှာဖြစ်သည့်အတွက် စားသုံးသူ ပြည်သူတွေ သုံးစွဲနေရတယ့် ကုန်စည် ဝန်ဆောင်မှုတွေကို -

“ပေးရတဲ့ ဈေးနဲ့ သုံးစွဲရတာ စိတ်ကျေနပ်မှုကို ရရှိကြရဲ့လား "

          ဒီခေါတ်ဒီအခါက အင်တာနက်ခေတ်ကိုး။ Telecom Internet ဝန်ဆောင်မှု တွေကလည်း အပြိုင်အဆိုင် ကြော်ငြာ ရင်တော့ လိုင်းဆွဲအား အရမ်းကောင်း၊ သုံးကြည့်တော့မှ အဝိုင်းကြီးပဲ လည်နေတာတွေက များလှပေဘိ။ ဉပမာပြောရရင်ဖြင့် စားသုံးသူတစ်ဦးက Internet Wifi    ကို အသုံး ပြုဖို့ရန်အတွက် Broad Band Telecom Internet ဝန်ဆောင်မှုတစ်ခုမှ ဝယ်ပြီး တပ်ဆင်ခဲ့ရော၊ အဲ့ဒီမှာတင်    wifi လိုင်းက ပြတ်တောက်တဲ့ အကြိမ်ရေ များလာတော့   အဲ့ဒီရုံးကို ဖုန်းတွေဆက်ပေါ့။ ဖုန်းဆက် တော့လည်း ဟိုနေ့လာပြင်မယ်၊ ဒီနေ့ လာပြင်မယ် ပြောပြီး စောင့်နေရော။ စောင့်ရတယ့်လူက မော ပြီး လာပြင်မယ့်လူတွေကတော့ ပေါ်မလာပေါ့။ ဒါက ပေးရတယ့် ဈေးနဲ့ သုံးစွဲရတယ့်အပေါ်  စိတ်ကျေနပ်မှု မရှိခြင်း သာဓကလေး တွေပေါ့ ။

“ပေးရတဲ့ ဈေးနဲ့ ကိုယ်ရရှိတဲ့ဝန်ဆောင်မှု စိတ်ကျေနပ်မှု ရှိကြရဲ့လား”

         နောက်တစ်ခု ဥပမာလေးကတော့ စာရေးသူ ကိုယ်တိုင်ကလည်း ပဲခူးကဆိုတော့ နေသာသော နေ့တစ်နေ့မှာ ရန်ကုန်သို့ သွားစရာ အကြောင်းအရင်းလေးပေါ်လာရော ။ အကြောင်းပေါ်တော့ လိုင်းကားလေးနဲ့ ပြန်တာပေါ့ ။ ပဲခူးကားတွေက လိုရာခရီး ရောက်တယ် ပြောပြီး လမ်းတဝက်ကြမှ လူပြန်ချိန်းကြတော့ အတက်အဆင်း မလွယ်တဲ့သူတွေ ၊ အဘိုးအဘွားတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အခက်အခဲလေး တေွပေါ့နော်။ ကားချိန်းတာ တွေက ကားသမားတွေ အဖို့ကလည်း သူတို့တွေရဲ့ တစ်နေ့တာ ဝင်ငွေတွက်ခြေ ကိုက်ခြင်း၊ မကိုက်ခြင်း က ရှိသေးတာကိုး၊ လူမရဘဲ ရန်ကုန်အထိ ဆွဲပေးရင် သူတို့အတွက် ဆီလည်းကုန် ၊ အချိန်လည်းကုန်ရော၊ ပဲခူးကားစီးရင်း မြင်ရတယ့် အတွေ့အကြုံလေးကို ပြောရမယ်ဆိုလျှင်ဖြင့် ပဲခူးကားစီးတယ့်နေ့တစ်နေ့မှာပေါ့  ဒူးနာနေတဲ့ အဒေါ်ကြီး တစ်ယောက်ပါလာရော၊ အဲ့အဒေါ်ကြီးကလည်း ကားမစီးခင် စပယ်ယာ လေးကို မေးတာပေါ့၊ သားလေး ကားချိန်းပေးမှာလား၊ ချိန်းရင်တော့ အဒေါ်ကြီး မလိုက်တော့ဘူး၊ အဒေါ်ကြီး ရန်ကုန် တိုက်ရိုက် ကားပဲစီးတော့မယ်လို့ ပြောတော့ ကိုရွှေတော်ချော ကားဆရာက အမေကြီး ရန်ကုန် တိုက်ရိုက်သွားမှာ၊ ဘာကားမှ မချိန်းပေးဘူး ၊ စိတ်ချလို့ အာမခံနဲ့ ခေါ်လာပါရော၊ ဟော ထောက်ကြန့် လည်းရောက်ရော ကိုရွှေတော်ချောတို့က ကားချိန်းပေးပါရော၊ ဆီမလောက်တာတို့၊ ဘာညာဆင်ခြေ တွေနဲ့ပေါ့ ၊ အဲ့မှာတင် ဒူးနာတယ့်အမေကြီး ဒေါသဖြစ်ပါရော၊ ဒါက ပေးရတယ့်ဈေးနဲ့ ကိုယ်ရရှိတယ့် ဝန်ဆောင်မှု စိတ်ကျေနပ်မှု မရှိတာပဲ။

“စားသုံးသူတွေအတွက် စားသုံးသူရေးရာဦးစီးဌာနရှိပါတယ်”

       ဒါမျိုးဖြစ်ရပ်တွေ မြန်မာပြည်မှာ ဘယ်လောက်များနေပြီလည်း၊ အဲ့လိုမျိုးတွေ ဖြစ်ပြီဆိုလျှင် 1535 ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါ။ စားသုံးသူပြည်သူများ အတွက် စားသုံးသူရေးရာဦးစီးဌာန အဆင်သင့်ရှိပါတယ်။ စားသုံးသူအတွက်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးရှင်။ လုပ်ငန်းရှင်တွေ အတွက်လည်း တစ်ဖက်တစ်လမ်းကနေ လိုရာခရီးရောက်အောင် ကူညီပံ့ပိုးပေးနေတယ့် ဌာနတစ်ခု ဖြစ်ပါတယ်ရှင်။

“ဘာတွေဆောင်ရွက်ပေးနေလဲ”

         စားသုံးသူပြည်သူအရေးကို ဘာတွေဆောင်ရွက်ပေးနေလည်း ဆိုရင်ဖြင့် စားသုံးသူပြည်သူလူထုကို အသိပညာပေး ဟောပြောတယ့်အစီအစဉ်တွေ၊ စားသုံးသူတွေလုံခြုံစိတ်ချရမှု ရရှိပြီး အရည်အသွေး မြင့်မားတယ့် ကုန်စည်နဲ့ဝန်ဆောင်မှု တွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ဖို့ အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို အသိပညာပေးတဲ့ အစီအစဉ် တွေ၊ ပြည်တွင်း ကပဲထုတ်ထုတ်၊ ပြည်ပကပဲ ထုတ်ထုတ်၊ ကုန်စည်နှင့် ဝန်ဆောင်မှုတွေကို ပုံမှန်   ဈေးကွက်စောင့်ကြည့်တာတွေ ရော စားသုံးသူ ပြည်သူလူထုအတွက် ရှေးရှုပြီး ဆောင်ရွက်ပေးနေတယ့် ဌာနတစ်ခုဖြစ်ပါတယ်ရှင် ။

“ဘယ်နေရာတွေမှာ အသိပညာပေးကြလည်း?

           အသိပညာပေးမယ်ဆိုရင် အဓိက ကတော့ ကျွန်မတို့က လူများများရှိတယ့်နေရာ၊ စားသုံးသူပြည်သူ အများ နားထောင်ဖို့ အဆင်ပြေနိုင်မယ့် နေရာလေးတွေ ရွေးချယ်ရတာပေါ့။ ပထမဉီးဆုံးကတော့ စာသင်ကျောင်းလေး တွေပေါ့၊ အနာဂတ်မှာ ထွန်းလင်း တောက်ပမယ့်ကြယ်ပွင့်လေးတွေက စားသုံးသူ မှာ ဘာအခွင့် အရေးတွေရှိတယ်။ ပြီးရင် စားသုံးသူတွေ အခွင့်အရေးပဲယူနေလို့တော့ မဖြစ်ပြန်ဘူး၊ တာဝန်တွေ လည်းရှိသေး။ ရုပ်ပုံလေးတွေ၊ ပိုစတာလေးတွေနဲ့ အသိပညာ၊ ဗဟုသုတတွေ တိုးပွားအောင် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ လူစည်ကားရာ နေရာလေးတွေဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာ၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံတွေ ၊ တက္ကသိုလ်ကျောင်းတွေမှာ လည်း စားသုံးသူတွေ အသိပညာ ရရှိအောင် စဉ်ဆက်မပြတ် ဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက် ရှိပါတယ်ရှင်။

“ဘယ်လိုမျိုးဝန်ထမ်းတွေနဲ့ ဈေးကွက်စောင့်ကြည့်နေလဲ”

        ကဲပြီးရင် ဈေးကွက် စောင့်ကြည့် အပိုင်းလေးလည်း ပြောပြချင်သေး။ ဈေးကွက် စောင့်ကြည့် စစ်ဆေးတာတွေ လုပ်ဖို့အတွက် အရင်ဘာတွေ လိုအပ်လည်းဆိုရင် စစ်ဆေးရေးအရာရှိတွေ လိုအပ် တာပေါ့။ စားသုံးသူရေးရာဦးစီးဌာန ကနေ ခန့်အပ်ထားတယ့် စစ်ဆေးရေးအရာရှိတွေက ဦးဆောင်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာတွေ နဲ့ ပူးပေါင်းပြီး အချိန် နှင့် တပြေးညီ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်ရှင်။ အဲ့ဒါဆိုရင်

“ဘယ်လိုကုန်စည်တွေကို စစ်ဆေးနေလဲ”

         “ဘယ်လိုကုန်စည်တွေကို စစ်ဆေးနေလဲ”ဆိုရင်ဖြင့် မိဘပြည်သူများနေ့စဉ် အသုံးပြုတဲ့ ကုန်စည်တွေ ဘေးအန္တရာယ် ရှိ/မရှိ ၊ ကုန်စည်တွေ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာ နေရာမှာ သတ်မှတ် စံချိန် ၊ စံညွှန်းတွေ၊ ညွှန်ကြားချက်တွေနဲ့ကော ကိုက်ညီမှု ရှိရဲ့လား ဆိုတဲ့ အခြေအနေတွေ ၊ ဒါပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဦးစီးဌာနကိုက စားသုံးသူကို ရှေးရှုတယ့် ဦးစီးဌာနဆိုတော့ ပြည်သူတွေ သတင်းပေးရင်လည်း ကုန်စည်၊ ဝန်ဆောင်မှုတွေ ဘေးအန္တရာယ် ရှိ၊မရှိ စောင့်ကြည့် စစ်ဆေးပေးသေး။ ဟော   အခုဆိုရင် Online ခေတ်ဆိုတော့     Talk Show  အစီအစဉ် တွေနဲ့လည်း အသိပညာပေးတာတွေ ကြည့်ရှုလို့ ရပြီဆိုတော့ အဆင်ပြေသွားတာပေါ့။

“ဘယ်သူတွေက ဘယ်နေရာကိုတိုင်ကြားနိုင်သလဲ?

          အထက်မှာပြောပြတဲ့ ကုန်စည် (သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတယ့်အခါ ထိခိုက် နစ်နာမှုတွေရှိရင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြု၍ ဘယ်သူတွေတိုင်ကြားနိုင်လည်းဆိုရင် စားသုံးသူပြည်သူတွေအနေနဲ့ ကုန်စည်(သို့) ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲကြတယ့်နေရာ မှာ ပေးရတဲ့ ဈေးနဲ့ရရှိတဲ့ဝန်ဆောင်မှု ၊ စိတ်မကျေနပ်မှုတွေ၊ ရောင်းတယ့် အစားအစာမသန့်လို့ အစာ အဆိပ် သင့်ဖြစ်မှုတွေ၊   ကြော်ငြာတော့ ကုန်စည်ပုံစံတစ်မျိုးနဲ့ လာပို့တော့ပုံစံတစ်မျိုး ဖြစ်နေတာတွေ၊ လိမ်လည် လှည့်ဖြားတဲ့ ကြော်ငြာတွေကြောင့် စားသုံးသူပြည်သူအများ စိတ်ကျေနပ်မှု မရှိတာတွေ ဉပမာ ပေးရမှာတွေကတော့ အများကြီးဆိုတော့ “ဘယ်သူတွေ တိုင်ကြားလို့ရလဲ”ဆိုတဲ့ အပိုင်းလေး ဆက်သွားကြပါစို့၊ နစ်နာတဲ့ စားသုံးသူကိုယ်တိုင်ဖြစ်စေ၊ နစ်နာသည့် စားသုံးသူ၏ မိသားစုဝင်များမှ ဖြစ်စေ၊ နစ်နာသည့် စားသုံးသူနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များမှ ဖြစ်စေ၊ အစိုးရဌာန အဖွဲ့အစည်းများမှ ဖြစ်စေ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့ များမှ ဖြစ်စေ၊ သတင်းပေးပို့ တိုင်ကြားလို့ရတာပေါ့။" ဘယ်သူတွေကနေ ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ ရနိုင်သလဲ" ဆိုရင်တော့ တိုင်ကြား လို့ရတယ့်နည်းလမ်း (၇) မျိုးရှိတယ်လို့ မှတ်သားကြပါစို့။ တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကတော့ DOCA Myanmar Application, www.doca.gov.mm, CICC Naypyi Tawလူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရတော့ လွယ်ကူတာပေါ့။ ပို၍ လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်း အရာတွေကို သိရှိလိုသည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရတယ်ဆိုတော့  အလွယ်ကူဆုံးနည်းလမ်းပေါ့။

ဟုတ်ပြီ “တိုင်ကြားရင်ကော အချိန်တွေ ကြာအုံးမှာလား? တိုင်ကြားမှုကို လက်ခံဖို့။

မဟုတ်ပါဘူးနော်။ (၄၈) နာရီအတွင်း တိုင်ကြားတယ့် သူတွေကို အကြောင်းပြန်ကြား ပေးပါတယ်ရှင်။ သတင်းအချက်အလက်တွေ ဖြန့်ဝေတယ့် နေရာတွေမှာဆိုရင်   www.doca.gov.mm, DOCA Facebook Page, CICC Naypyi Taw Facebook Page, DOCA Mobile Application      ကနေလည်း သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် တင်ပေးနေပါတယ်ရှင်။ ဌာနအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကော်မရှင်အကြောင်း၊ စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်းအရာ အချက်အလက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည် ထုတ်လုပ်ဖြန့်ဖြူးရာတွင် သိသင့်သည့် အကြောင်းအရာများ၊ ကုန်သွယ်မှု သတင်းများ၊ သတင်းနှင့် လှုပ်ရှားမှုများ၊ ကုန်ပစ္စည်း သတိပေးချက်များ၊ ဉပဒေနှင့် အမိန့်ညွှန်ကြားချက်များ၊ စားသုံးသူရေးရာမှ ဖြေရှင်းဆောင်ရွက်ပေးမှု များကို ဖြန့်ဝေပေးလျက်ရှိပါတယ်ရှင်။

          အချုပ်အားဖြင့်ဆိုသော် စားသုံးသူမိဘပြည်သူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲတဲ့နေရာမှာ အမှန်တကယ် ထိခိုက်နစ်နာမှုများရှိလာပါက  စားသုံးသူရေးရာဦးစီးဌာန၏  Consumer Call Center Hot Line  ဖုန်းနံပါတ် 1535 ကို လွယ်လင့်တကူခေါ်ဆို၍ တိုင်ကြား နိုင်ပါကြောင်း အသိပေးရင်း တင်ပြလိုက်ရပါတယ်။

DOCA(ပဲခူး)

The ASEAN Guidelines on Consumer Protection in E-commerce နှင့် The ASEAN Guidelines on Consumer Impact Assessment (CIA) တို့နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

         Validation Workshop for the Development of the ASEAN Guidelines on Consumer Protection in E-commerce နှင့် the ASEAN Guidelines on Consumer Impact Assessment (CIA) အား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ အာဆီယံ စားသုံးသူကာကွယ်ရေး ကော်မတီဥက္ကဌဖြစ်သူ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အာဆီယံ E-commerce ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဥက္ကဌ၊ အာဆီယံစားသုံးသူ ကာကွယ်‌ရေး ကော်မတီအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့် GIZ မှ တာဝန်ရှိသူ Ms.Sita Zimple၊  ကျွမ်းကျင်ပညာရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အာဆီယံ စားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၅) အရ ၂၀၂၂ ခုနှစ်အတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် The ASEAN Guidelines on Consumer Protection in E-commerce နှင့် The ASEAN Guidelines on Consumer Impact Assessment (CIA) တို့ နှင့်စပ်လျဉ်း၍ ထည့်သွင်းရမည့်အချက်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 Source : DOCA (ASEAN)

တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုး‌ရေးနှင့် စားနှပ်ရိက္ခာဖွံ့ဖြိုးရေးအသင်းနှင့် မြို့နယ် ပွဲစားကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးခြင်း

          မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖွံ့ဖြိုးရေးအသင်းနှင့် မြို့နယ်ပွဲစားကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ၃.၈.၂၀၂၂ နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ် ကုန်စည်ဒိုင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

            အဆိုပါဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖွံ့ဖြိုးရေးအသင်းအဖွဲ့ခေါင်းဆောင် ဦးဝင်းတင်မှ တောင်တွင်းမြို့နယ် ပွဲစားကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်ချိုအား ကောက်ပဲသီးနှံများနှင့်ပတ်သက်၍ တောင်သူများထံမှ ချိတ်ဆက်ဝယ်ယူမှုအခြေအနေ၊ ပြည်တွင်းစျေးကွက်အတွင်း ပြန်လည်ပေးပို့မှုအခြေအနေများကိုလည်းကောင်း၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍ ဆီကုန်သည်အသင်းမှ တာဝန်ရှိသူ ဦးစိုးသန်းလွင်အား ဆီထွက်သီးနှံများ လက်ရှိဝယ်ယူရရှိမှုအခြေအနေနှင့် ပြည်တွင်းသို့ ပြန်လည်တင်ပို့မှုအခြေအနေများကိုလည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးထွက်ရှိမှု၊ရာသီဥတုအခြေအနေ၊ ဈေးနှုန်း/ဈေးကွက်တင်ပို့ရောင်းချမှုစစ်တမ်းများ ကောက်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

                             

Pages

Subscribe to RSS - HighLight News