HighLight News

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ စက်ဆီ၊ချောဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ( ၆ )ရက်နေ့၊ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ အရည်အသွေးပြည့်မီမှန်ကန်မှုမရှိသည့် စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များ၌ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ မှတ်ပုံတင်ထားသော ( PPRD )ကုဒ်ပါ စက်ဆီ၊ ချောဆီများအား အများဆုံးတင်သွင်းရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်ဆီ၊ ချောဆီရောင်းချသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန( PPRD )၌ မှတ်ပုံတင်ထားခြင်းမရှိဘဲ အရည်အသွေးမမှန်ကန်သော အာမခံချက်မရှိသည့် စက်ဆီ၊ ချောဆီများအား ရေသန့်ဘူးများ၊ ပြည်တွင်းထုတ်ဘူးများတွင် ထည့်သွင်း၍သော်လည်းကောင်း၊ တရားဝင်တင်သွင်းသည့် ကုန်အမှတ်တံဆိပ်များနှင့် ဆင်တူယိုးမှားကပ်နှိပ်၍သော်လည်းကောင်း ရောင်းချခြင်းမပြုကြရန်နှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း ရောင်းချခြင်းတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ Thursday Talk (၄/၂၀၂၂) အသိပညာပေးဆွေးနွေး

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၃၀) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC) ခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၂၄) ဦးတက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်ပြီး ဒု-ဦးစီးမှူး ဒေါ်ခင်သူဇာက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များနှင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများမှ လိုက်နာရမည့်တာဝန်များကို  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၂) ကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် " ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်" ဟူသော ဌာန၏မျှော်မှန်းချက်ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဝန်ကြီးဌာနနှင့်ဦးစီးဌာနတို့၏ မူဝါဒလမ်းညွှန်ချက်များ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအားလုံး အထက်ဌာနမှ ချမှတ်ပေးသောမူဝါဒများ၊ လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအပေါ် သိရှိနားလည်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် နိုဝင်ဘာလ (၂၈) ရက် နေ့မှ (၂၉) ရက်နေ့ထိ နေ့စဉ်နံနက် (ဝ၉:၃၀) နာရီမှ (၁၆:၀၀) နာရီအထိ ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၈.၁၁.၂၀၂၂) ရက်နေ့ နံနက် (ဝ၉:၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေအကြောင်းအရာတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် (တွဲဘက်)တာဝန်ထမ်းဆောင်လျက်ရှိသော ဂန့်ဂေါခရိုင် ဦးစီးမှူး ဒေါ်မွန်မွန်စိုးက (CICC) တိုင်ကြားမှုနှင့် လက်ခံဖြေရှင်းဆောင်ရွက်မှုများအကြောင်းတို့ကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက အာဆီယံစာသုံးသူအကာအကွယ်ပေးရေးဆိုင်ရာကော်မတီ(ACCP) အကြောင်းအရာများကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ (ထွေစီမံ) တာဝန်ခံက ဆောင်ရွက်ရသောလုပ်ငန်းများအကြောင်းတို့ကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံက ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ၏ ထုတ်လုပ်ကုန်ကျမှုနှင့် အကျိုးအမြတ်၊ အသင်းအဖွဲ့၊ ကုန်စည်ဒိုင်များ၏အချက်အလက်များကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံက သတင်းရေးသားနည်းအကြောင်းတို့ကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံက ငွေစာရင်းဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ (ဝန်ထမ်းစီမံ) တာဝန်ခံက ပျမ်းမျှလစာတွက်ချက်နည်းနှင့် လုပ်ငန်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) အကြောင်းအရာများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (၁/၂၀၂၂) သင်တန်းသို့ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁၉) ဦး တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်လှစ်ပို့ချခြင်းအားဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတများပိုမိုရရှိလာခြင်း၊ မိမိတာဝန်ယူဆောင်ရွက်နေရသောလုပ်ငန်းများအပြင် အခြားဌာနခွဲမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိနားလည်ခြင်း စသည့်အကျိုးကျေးဇူးများရရှိသဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို မကြာခဏဖွင့်လှစ်ဆောင်ရွက်သွားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)

“ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့”

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ ၊ နံနက် (၀၉း၃၀) နာရီအချိန်တွင်  စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများနည်းပညာပေးသင်တန်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်စုစုပေါင်း (၅၃) ဦးတက်ရောက်ခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ မြေသြဇာဥပဒေအကြောင်း၊ မျိုးစေ့ဥပဒေအကြောင်းနှင့် ပိုးသတ်ဆေးဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း (၁၅) ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုအကြောင်း၊ အခန်း (၁၇) ပါ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအချက်များအကြောင်း၊ အခန်း (၁၉) ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသောကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့်အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းနှင့် ပြစ်မှုပြစ်ဒဏ်များအရ အရေးယူနိုင်သည့်အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

 

 

မိတ္ထီလာနယ်တွင် ဆေးဈေးနှုန်းများ ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့် အရည်အသွေးနိမ့်ဆေးဝါးများ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေ‌ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဆေးစျေးနှုန်းမှာ အခြားကုန်စည်များနည်းတူ အတိုင်းအတာတစ်ခုထိ မြင့်တတ်လာသော်လည်း စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး အရောင်းဆိုင်လုပ်ငန်းရှင်များအား ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန့်မြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) စျေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းများဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၂၁/၂၀၂၀ အရ ဆေးဝါးများကို အ‌ရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်သဖြင့် အ‌ရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အ‌ရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

 

 

                                               

အ.မ.က ကန်နားကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက် အ.မ.က ကန်နားကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာများ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား စုစုပေါင်း (၉၄) ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အသိပညာဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အကြီးတန်းစာရေး ဒေါ်သိမ့်သူဇာမောင်က ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်ရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအားလည်းကောင်း၊စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) နှင့် DOCA Myanmar Mobile Application နှင့် Consumer Call Center 1535 သို့လည်းကောင်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ မြေသြဇာဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ စစ်ဆေးရေးအရာရှိတို့သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေး ဥပဒေ ၄၃ ပါ ပြဌာန်းချက်အား လိုက်နာမှုမရှိဘဲ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော  မြေသြဇာများကို စျေးကွက်အတွင်းတွင် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိကို မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်များရှိ မြေသြဇာဆိုင် (၅၃) ဆိုင်အား (၁၇-၁၁-၂၀၂၂) ရက်နေ့မှ (၁၈-၁၁-၂၀၂၂) ရက်နေ့ထိ စျေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် မြေသြဇာဆိုင်ပိုင်ရှင်များမှ မိမိတို့၏မြေသြဇာဆိုင်၌ သြဘာ၊ အာမို၊ ပုလဲသာ၊ တက်တိုး၊ ပန်းဖူး၊ စုစံ၊ ဝိစာရ (ပုလဲ) နှင့် ရွှေတောင် စသည့် မြန်မာစာအညွှန်းပါသော မြေသြဇာအိတ်အမျိုးအစား (၁၀) မျိုးခန့်အား ရောင်းချကြောင်း၊ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများက မြေသြဇာအရောင်းဆိုင်များအတွင်း စစ်ဆေးရာတွင် မြန်မာစာအညွှန်းပါဝင်သော မြေသြဇာအိတ်များသာ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ခရိုင်ဦးစီးမှူးမှ မြေသြဇာအရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၄၃ ပါ ပြဌာန်းချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်၊၊

DOCA(မန္တလေး)

                                     

စုပေါင်းပြောင်းရောင်းချခြင်းစနစ် မိတ်ဆက်ဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်

          ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ စုပေါင်းပြောင်းရောင်းချခြင်းစနစ် မိတ်ဆက်ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဒေါက်တာကြည်လွင်နှင့် အလုပ်အမှုဆောင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သည်မှုမြှင့်တင်ရေးအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနတို့မှ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ရှမ် (တောင်) ကုန်သည်အသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ ပြောင်းအသင်းဥက္ကဋ္ဌ ဒေါက်တာကြည်လွင်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြောင်းအသင်းအထွေထွေအတွင်းရေးမှူး ဦးစိုင်းဖြိုးလွင်ဦးမှ စုပေါင်းပြောင်းရောင်းချခြင်းစနစ်၏ အသေးစိတ်အစီအစဉ်များနှင့်ပတ်သက်၍ အရောင်းဈေးနှုန်းများသတ်မှတ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ငွေပေးချေရေး၊ ဈေးကွက်ရှာဖွေရေး၊ ပဋိပက္ခဖြေရှင်းရေးကိစ္စရပ်များကိုလည်းကောင်း၊ ရောင်းသူ/ဝယ်သူများမှ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်းကောင်း၊ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးချက်များအပေါ်  တက်ရောက်လာသော ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း အလုပ်အမှုဆောင်များမှ အကြံပြုပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

          စုပေါင်းပြောင်းရောင်းချခြင်းစနစ်၏ ရည်ရွယ်ချက်မှာ ဈေးကွက်ဈေးနှုန်း တည်ငြိမ်ခိုင်မာအားကောင်းလာစေရန်နှင့် စနစ်ကျပြီး ရေရှည်တည်တံ့သော အကျိုးအမြတ်ရှိသည့် ရောင်းဝယ်ရေးစနစ်တစ်ခုဖြစ်ပေါ် လာရေးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရွှေဘိုမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဗဟုသုတများးရရှိစေရန်ရည်ရွယ်ချက်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၄)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုမြို့နယ်တာဝန်ခံ ဦးသန့်ဇော်လင်းမှ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Mission များ၊ စားသုံးသူရေးရာဦးစီးဌာန (DOCA) နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဌာနကို ကွဲကွဲပြားပြားသိရှိနိုင်စေရန် ဌာန (၂) ခု၏လုပ်ငန်းဆောင်ရွက်ခြင်းအကြောင်းများ၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ စားသုံးသူအခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ဝယ်ယူသည့်သက်သေအထောက်အထားနှင့်တကွ အရေးဆိုတိုင်ကြားရမည်ဖြစ်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပါက Online ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် 1535 သို့ ရုံးဖွင့်ရက် ရုံးချိန်အတွင်းမည်သည့် Operator Ph No.က ဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၉၀) ဦးတို့အား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တောင်ငူခရိုင် ရေတာရှည်နှင့် ဖြူးမြို့နယ်များတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်သည့်အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ ၁၀၈ ဦးတက်ရောက်ခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဦးဇော်ဇော်ထွေးသည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသောအသင့်စားမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ယင်းနေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့နှင့်အတူ ဖြူးမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၅) သို့ တက်ရောက်လျက်ရှိသော သင်တန်းသူ ၃၅ ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - HighLight News