HighLight News

Powered by Drupal

မော်လမြိုင်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show )ကျင်းပ

         မော်လမြိုင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့သည် စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

        အဆိုပါ TalK Showတွင် စားသုံးသူများအတွက် စားသုံးသူအသိပညာပေးခြင်းကို ဌာနဆိုင်ရာကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့်  စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်း၊ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ပြည်သူများကို အသိပညာပေးသည့်ကဏ္ဍတစ်ရပ်အဖြစ် ထုတ်လွှင့်လျက်ရှိသည့် ပြည်သူ့အတွက်အကျိုးရရှိရန် စားသုံးသူကာကွယ်ရေး အသိပညာပေးရသည့်ရည်ရွယ်ဆောင်ရွက်မှုဖြစ်ပါကြောင်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။  ထို့နောက်  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်နှင့် အကြီးတန်းစာရေး ဒေါ်အိအိစမ်းတို့က ဆွေးနွေးချက်များတွင်  စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူတို့၏အခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် မတ်လ ၁၅ ရက်နေ့ "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" အထိမ်းအမှတ်အဖြစ် ကျင်းပသည့်ဆောင်ပုဒ်များနှင့် ၂၀၁၆ ခုနှစ်မှစတင်၍ အထိမ်းအမှတ်ပွဲများ ပြုလုပ်လျက်ရှိကြောင်း၊ စားသုံးသူအခွင့်အရေးများကိုသိရှိပြီး နစ်နာမှုရှိလာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Webiste www.doca.gov.mm တွင် လေ့လာနိုင်ကြောင်းနှင့် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းအရာများနှင့် စားသုံးသူများအတွက် ဌာနအတွင်း လုပ်ဆောင်မှုများအား ပိုမိုတိုးချဲ့ဆောင်ရွက်ရသည့်အကြောင်းများ၊ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင်  ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မွန်)

 

မော်တော်ယာဉ်လိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် ၂၀.၁၂.၂၀၂၂ ရက်နေ့ နေ့လယ် ၁၁း၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်ရှိ (မိုးညှင်း- မြစ်ကြီးနား) မော်တော်ယာဉ်လိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်ဆိုသည် မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကိုတန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့်ဆောင်ရွက်မှုကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှုပေးခြင်းနှင့်စပ်လျဉ်းသည့် ဖော်ပြရမည့်အာမခံချက်များဖြစ်သော မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူများသိရှိစေရန်ကြိုတင်အသိပေးခြင်း၊ မှန်ကန်သောသတင်းအချက်အလက်နှင့် ပြည့်စုံသောဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန်ကာလအတွင်း   ပြီးမြောက်‌အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

စားသုံးသူရေးရာကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးလိုသည့် ရုပ်ပုံများအား မြန်မာ့အသံ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ရုပ်မြင်သံကြားနှင့် မြန်မာ့အသံရေဒီယိုတို့တွင် ပညာပေးအစီအစဉ်အဖြစ်ထုတ်လွှင့်ခြင်းဖြင့် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ နစ်နာဆုံးရှုံး မှုများရှိလာပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ တောင်းဆိုနိုင်သည့် အခွင့်အရေးများကို စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စားသုံးသူဆိုတာဘာလဲ? သတင်းခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း မြန်မာ့အသံ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသနိုင်ခဲ့ပါသည်-

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့၊ ခမောက်စုဈေး၊ ကြာသပတေးပတ်၊ ဆွမ်းချက်ဓမ္မာရုံ၌ (၇.၁၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင် (၁၃) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အာမခံချက်ပေးနိုင်ခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ( CICC )ရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ (၇.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် ရှားတောကျေးရွာအုပ်စုရှိ အ-မ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ( ၁၀၀ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကထား၍ ဖတ်ရှုရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ‌)

 

 

 

ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တိုက်ကျောင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဟင်းသီးဟင်းရွက်အရောင်းဆိုင်များအား ( ၇.၁၂.၂၀၂၂ )ရက်နေ့ နံနက် (  ၀၈:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ဆေးဝါး ကွက်ကဲရေးဦးစီးဌာန FDA တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိခြင်း၊ စားသောက်ကုန်စည်ဖြစ်သော ပဲပြား၊ မုန့်ဟင်းခါးအဖက်၊ ပဲသွေးများတွင် တာရှည်ခံဓာတုဆေးဝါးများ၊ ဖော်မလင်သုံးစွဲထားမှုရှိ/မရှိခြင်းတို့ကို နမူနာကောက်ယူစစ်ဆေးခြင်းများနှင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု( သို့ )တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် ( ၆ )ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် "မင်းသား"ပေါင်မုန့်လုပ်ငန်းသို့ကွင်းဆင်း

      ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် အသေးစား စက်မှုလက်မှုဌာနနှင့်ပူး‌ပေါင်း၍ “မင်းသား”ပေါင်မုန့်လုပ်ငန်းမှ ထုတ်လုပ်သောပေါင်မုန့်များ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ( ၆ )ရက်နေ့၊ နံနက် (၁၁:၃၀ ) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ “မင်းသား”ပေါင်မုန့်တွင် ပါဝင်ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် အလုံးရေ( ၂၅၀ )ခန့် ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအပေါ်လိုက်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ ပေါင်မုန့်တစ်လုံး အနုလျှင် ၇၀၀ ကျပ်ဖြစ်ပြီး အကြမ်း ၆၀၀ ကျပ်နှုန်းဖြင့် ရောင်းပေးပါသည်။ လုပ်သားဦးရေ( ၂ )ဦးရှိပြီး၊ တစ်ဦးလျှင် တစ်နေ့လုပ်သားခ ၇၀၀၀ ကျပ်ပေးရပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိပါသည်။

    ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သောထုတ်ကုန်များဖြစ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အခန်း ( ၁၈ ) ပုဒ်မ ၄၁၊ ၄၃ အရ ကုန်အညွှန်းအမှတ်အသားကိစ္စရပ်များနှင့်ပတ်သက်ပြီး သိရှိစေ‌ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်လုပ်ခွင်တွင် သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် ရှင်းလင်းဆွေး‌နွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဇလွန်မြို့နယ်၊ (၆.၁၂.၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့မဈေး ဈေးခေါင်းရုံး၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ( ၁၅ )ရက်နေ့တွင် အခန်း( ၂၅ )ခန်း၊ ပုဒ်မ( ၈၄ )ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ( ၄၁ ) ပုဒ်မခွဲ( ခ )နှင့်( ဆ )တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု( သို့ )တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ ( ၅-၁၂-၂၀၂၂ )ရက်နေ့ နံနက်( ၁၀:၀၀ ) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီဌာနတို့ပူးပေါင်း၍ သပြုကွင်းကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ ( ၃၈၀ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ( ၁၅ ) ရက်နေ့တွင် အခန်း( ၂၅ ) ခန်း၊ ပုဒ်မ (၈၄ )ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ကုစားမှုရရှိရေး ဝန်ဆောင်မှုများအကြောင်းနှင့် ကျောင်းသူများအား အသင့် စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်( ၁၀:၀၀ )နာရီအချိန်၌ ကွင်းကောက်မြို့ရှိ “စိန်သုံးလုံး” စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ၎င်းစက်သုံးဆီဆိုင်တွင် စက်သုံးဆီယာဉ်များဖြင့် ပုံမှန်ဝင်ရောက်လျက်ရှိခြင်း၊  စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီများကို ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနေကြောင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News