HighLight News

Powered by Drupal

ကြံခင်းမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်၊ ( ၆-၁၂-၂၀၂) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ပေါက်တောကြီးကျေးရွာ၊ တလိုင်းကွင်းအုပ်စု အုပ်ချုပ်ရေးမှုးနေအိမ်၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက မုန့်ဖက်လုပ်ငန်းရှင်နှင့် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် ( ၇ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

        ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ( ၁၅ )ရက်နေ့တွင် အခန်း( ၂၅ )ခန်း၊ ပုဒ်မ( ၈၄ )ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသောစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ( ၄၁ ) ပုဒ်မခွဲ( ခ )နှင့်( ဆ )တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု( သို့ )တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊  မုန့်ဖက်လုပ်ငန်းရှင်များအနေဖြင့်  တားမြစ်ဓာတုဆေးဝါးမသုံးစွဲရေးအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက် မုန့်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် ( ၆.၁၂.၂၀၂၂ )ရက်နေ့ နံနက်( ၁၁:၃၀ )နာရီက  အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/မရှိ နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးလေးလွင်မှ ချောင်းဝရပ်ကွက်ရှိ All D အစုံကြော်မုန့်ဆိုင်များမှ ရောင်းချနေသောမုန့်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေပြဋ္ဌာန်းချက်များမှ ဥပဒေအခန်း အခန်း( ၁၈ )ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ - ၄၁ ပုဒ်မခွဲ( ခ )နှင့် ( ဆ )တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု( သို့ )တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနမှ ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်( ၇ )ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ( ၆-၁၂-၂၀၂၂ ) ရက်နေ့ နံနက် (၁၁း၃၀)နာရီက လပွတ္တာမြို့၊ အမှတ်(၇)   ရပ်ကွက်ရှိ ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်( ၇ ) ရပ်ကွက်ရှိ ကုန်မျိုးစုံ၊ မုန့်မျိုးစုံရောင်းချနေသော ဆိုင်( ၄ )ဆိုင်မှ ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း( ၁၈ )ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ( ၄၁ )ပုဒ်မခွဲ ( ခ )နှင့် ( ဆ )တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု( သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိအား ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

 

မြန်အောင်မြို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့၊ အမှတ်( ၄ )ရပ်ကွက်၊ စည်ပင်သာယာရေးရုံး၌ ( ၆.၁၂.၂၀၂၂ )ရက်နေ့ နေ့လယ်( ၁၃:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အလှကုန်အရောင်းဆိုင်လုပ်ငန်းရှင် ( ၂၅ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

       ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ( ၁၅ )ရက်နေ့တွင် အခန်း( ၂၅ )ခန်း၊ ပုဒ်မ( ၈၄ )ခုဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့်အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် အာမခံချက်ပေးနိုင်ခြင်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

“မိတ္ထီလာခရိုင်အတွင်းရှိ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စေ‌ရေး တပ်ဆင်ကူညီပေး’’

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်း၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ အမှတ် ( ၂ ) ညီနောင်ရပ်ကွက်၊ ၁၂/၁၉ အောင်မြေလမ်း၊ ကန်သာရပ်တွင် ထုတ်လုပ်တင်သွင်းရောင်းချနေသော “မြင့်မိုရ်ဦး” မိသားစုဆီစက်ပိုင်ရှင် ဦးရွှေလုံးမှ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ၍ ၎င်း၏ “မြင့်မိုရ်ဦး”မိသားစုအမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်နိုင်ရန် လာရောက်ဆွေးနွေးခဲ့ပြီး “မြင့်မိုရ်ဦး”မိသားစုမှထုတ်လုပ်သော မြေပဲဆီသန့်၊ နှမ်းဆီသန့်၊ နေကြာဆီသန့်နှင့် စားအုန်းဆီသန့်တို့အား ( ၁၀ ) ပိဿာပုံး၊ ( ၅ )ပိဿာပုံး၊ ( ၁ )ပိဿာပုံး၊ ( ၅၀ )ကျပ်သားဘူး၊ ( ၂၅ )ကျပ်သားဘူးများပေါ်၌ ဖော်ပြမည့်အမှတ်တံဆိပ်များတွင် စားသုံးသူကာကွ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်၍ လာရောက်လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“သာစည်မြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်”

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူထုအခြေပြုဗဟိုဌာနခန်းမ ( Community Center )၌ ( ၇.၁၂.၂၀၂၂ )ရက်နေ့ နံနက် ( ၁၀း၀၀ )နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

            ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းသင်းက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်ချိုဦး( ဒု-ကြီးကြပ်ရေးမှူး )က စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်ဖြစ်သည့် စားသုံးသူအခွင့်ရေးဦးစားပေးနှင့် ရည်မှန်းချက်တာဝန် ( ၃ ) ရပ်၊ ကုန်စည်( သို့ )ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ စားသုံးသူတို့၏အခွင့်အ‌‌ရေး ( ၈ )ချက်နှင့် လိုက်နာဆောင်ရွက်မည့်တာဝန် ( ၄ )ရပ် ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန် ( ၁၁ )ချက် ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရန်အတွက် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စျေးအတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်များ၌  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပြည့်စုံမှုရှိ/မရှိ  စျေးကွက်စောင့်ကြည့်စစ်ဆးမှုများပြုလုပ်လျက်ရှိကြောင်းနှင့် ကုန်ပစ္စည်းများကိုဝယ်ယူရာတွင် သေချာကြည့်ရှုဝယ်ယူကြရန် အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။

         စားသုံးသူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိပါက စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ( CICC )ရုံးခန်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ‌ပေါက်ချောင်းရပ်၊ မိတ္ထီလာမြို့ 064 2223102 ၊ 064 2223093 သို့လည်းကောင်း၊ ကိုယ်တိုင်ဖြစ်စေ( သို့ ) DOCA Myanmar Application နှင့် www.doca.gov.mm တွင်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကယားပြည်နယ် ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ( ၇ )ရက်နေ့ ၊ နေ့လယ် ( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ ကယားကြီးပွားကုမ္ပဏီလီမီတက်၊ အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ကူးသန်းရောင်းဝယ်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့်စပ်လျဉ်း၍ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်( ၁၆ ) ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်စပ်လျဉ်း၍ ဌာနမှဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များအားလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှ ဆောင်ရွက်ပေးနေရသည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ သက်ဝင်လှုပ်ရှားမှုရှိစေရန် အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ရရှိသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပြည်နယ်အတွင်း စက်မှုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးမြင့်မားစွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့အတွက် အသိပညာပေးနေမှုများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ ကုန်သည်၊ လုပ်ငန်းရှင်၊ အသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ဌာနအနေဖြင့် လိုအပ်သောအချက်အလက်များကို   လိုအပ်သလို  ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း လတ်တလောဒေသအခြေအနေအရ ကုန်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအားလုံးကို ဆောင်ရွက်ရာတွင် အခက်အခဲရှိပါကြောင်း၊ ကူးသန်းရောင်းဝယ်မှုပြုရာတွင် ပိုမိုခက်ခဲပါကြောင်း၊ ဒေသထွက်ကုန်များလည်း လျော့နည်းလာပါကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးသည် ချိတ်ဆက်ပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စိတ်ဆန္ဒရှိသော်လည်း လက်ရှိအခြေအနေအရ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အစိုးရဌာန၊ အသင်းအဖွဲ့များနှင့် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသီးသီးပြန်လည်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ရတနာဒီပ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ( ၇-၁၂-၂၀၂၂ )ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း ( ရတနာဒီပ )၌ နေ့လယ် ( ၁၃:၀၀ )အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဝင်းသွင်က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြင့်နိုင်က စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း( ၁၀၀ )ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ်( ၁၄း၀၀ )နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်‌တော်)

ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၇၅) အခြေခံပညာမူလတန်းလွန်ကျောင်း(ကမ်းနား)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

         စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ( ၆-၁၂-၂၀၂၂ )ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်( ၇၅ )အခြေခံပညာမူလတန်းလွန်ကျောင်း (ကမ်းနား)၌ နံနက် ( ၁၀:၀၀ )အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြင့်နိုင်က စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း( ၉၅ )ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ်( ၁၂း၀၀ )နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်တော်)

 

“ခရမ်းမြို့နယ်၊ စားသုံးသူရေးရာဦးစီး ဌာနမှ ပြည်သူများအတွက် စားသုံးသူရေးရာအသိပညာပေး ( Talk Show ) ကျင်းပ”

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူ များအတွက် စားသုံးသူရေးရာအသိပညာပေး ( Talk Show )ကို ယနေ့ နံနက်( ၁၀:၀၀ )နာရီက လူထုအခြေပြုဗဟိုဌာန ( Community Center )ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် အကာအကွယ်ပေးမှုများ၊ ပြည်သူအများသိရှိလိုက်နာသင့်သည့်အချက်အလက်များ၊ ကြုံတွေ့ရမည့်အခက်အခဲများကို အကျိုးရှိစွာအသုံးချတတ်စေရေးအတွက် အသိပညာပေး ( Talk Show )ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

          ဆက်လက်၍ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တရားမဝင်၊ ခွင့်ပြုမဲ့၊ သက်တမ်းလွန်၊ အန္တရာယ်ရှိသော စားသုံးကုန်ပစ္စည်းများထုတ်လုပ်၊ ရောင်းချခြင်းနှင့် သိုလှောင်ထားခြင်းများအတွက် ဆောင်ရွက်နေမှုများ၊ စားသုံးသူပြည်သူများသိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး၍ စားသုံးသူများကိုယ်တိုင်ကြုံတွေ့ပါက ဆက်သွယ်တိုင်ကြားရမည့်ဖုန်းနံပါတ်နှင့် Call Center  အကြောင်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့ပါသည်။

DOCA(ရန်ကုန်)

                  

Pages

Subscribe to RSS - HighLight News