HighLight News

Powered by Drupal

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊  မြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ဥပဒေ၂၀၁၉ ပါပြဌာန်းချက်အရ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသော ကုန်စည်များအား စိစစ်ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိမရှိ စစ်ဆေးဝယ်ယူရောင်းချရန် စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်အောင်မြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံဦးမြင့်အောင်သည် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၌ အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေးအတွင်းရှိ ဈေးခေါင်းရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအကြောင်း၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း  စသည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံဦးမြင့်အောင်သည် မြစ်ကျိုးကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် (၇.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၃၀) ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း  စသည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသိပညာပေးဟောပြောခြင်း

            ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း  (ဒု-ဦးစီးမှူး)သည် ၆-၆-၂၀၂၂နေ့ နံနက်( ၉:၀၀) နာရီအချိန်တွင် မင်းပြားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လျှပ်စစ်ဝါယာရိန်းသင်တန်းဖွင့်ပွဲတွင် သင်တန်းသား (၂၀)ဦးနှင့် တက်ရောက်လာသည့်ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ မင်းပြားမြို့နယ်တာဝန်ခံမှ ၂၀၁၉-စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်ချက်ပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများ၏ တာဝန်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများအား တောင်းဆိုတတ်ရန်လိုအပ်ပါကြောင်း  စားသုံးသူများသည် ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံမှုများနှင့် ပတ်သက်၍ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ကို ဖွင့်လှစ်ပြီး စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း စားသုံးသူများအနေဖြင့် သတင်းအချက်အလက်မှန်ကန်ပြည့်စုံသော  ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်ပစ္စည်းများအား ရှောင်ကြည်သင့်ကြောင်း အသိပညာပေး ဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဉပဒေပါ ပြဌာန်ချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ညောင်တုန်းမြို့နယ်တွင် ပြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြောင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

             စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူးရုံးခန်းမတွင် ၆.၆.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ပြောင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြောင်းတင်ပို့ရောင်းချမှု ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

             အဆိုပါ လုပ်ငန်းရှင်တွေ့ဆုံပွဲတွင် ညောင်တုန်းမြို့နယ် တာဝန်ခံ ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများပါ ဆောင်ရွက်လျှက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ပြောင်းများ စိုက်ပျိုး ထွက်ရှိလာပါက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများသို့ တင်ပို့လျှက်ရှိပြီး၊ ပြောင်းဈေးကောင်းနေပါကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်နိုင်ငံတို့၏ အစာစပ်စက်ရုံတွေကလည်း  ပြောင်းစံလိုအပ်နေသောကြောင့် ပြောင်းဝယ်ယူမှုမှာလည်း အရောင်းအဝယ်သွပ်နိုင်ပါကြောင်း၊ ပြောင်းဈေးကွက် ဈေးနှုန်းမြင့်နေ၍ ဒေသတွင်း လုပ်ငန်းရှင်များအနေဖြင့် ပြောင်းသိုလှောင်မှု ကောင်းမွန်ပါက ပြောင်းဈေးကွက်မှာ ဈေးကောင်း ပိုမိုရရှိနိုင်ကြောင်း ၊ ပြည်တွင်းပြောင်းဈေးမှာ ၁ပိဿာ ၁၁၀၀ ဈေးပေါက်နေပြီး ယခုနှစ်သည် ပြောင်းနှစ်လို့ ကုန်သည်များမှလည်း ပြောဆိုနေကြကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပြောင်းကို စိုက်ပျိုးနေကြပြီး တောင်သူများမှာလည်း ဝင်ငွေပိုမိုရရှိနေကြောင်း၊ ပြောင်းစိုက်ပျိုးမှုကို တောင်သူများမှ လာမဲ့နှစ်များတွင် ပိုမိုစိုက်ပျိုးသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ထနီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငါးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၆.၆.၂၀၂၂) နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်  မအူပင်မြို့နယ် ထနီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး  ဟောပြောဆွေးနွေးခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂)ပါရည်ရွယ်ချက်၏ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့် သဘာဝအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်ရန်၊စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များမှ ကုန်စည်(သို့)ဝန်ဆောင်မှုများ၏အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန် သောသတင်းအချက်အလက်များပေးပို့ခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိပဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းစသည့်အချက်များကို အလေးပေး၍ အသိပညာပေးဟောပြောခဲ့ပြီး ငါးလုပ်ငန်းရှင် (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“အောင်ချမ်းသာ” ဒိန်ချဉ်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၏ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး အစဉ်တွန်းအားပေး ဆောင်ရွက်လျှက် ရှိပါသည်။

        ထိုသို့ တွန်းအားပေးဆောင်ရွက်မှုကြောင့် (၆.၆.၂၀၂၂)ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင်  မုံရွာခရိုင်ဦးစီးမှူးရုံးသို့ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ “အောင်ချမ်းသာ” ဒိန်ချဉ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်မှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး လာရောက်မေးမြန်းခဲ့ပြီး ဌာနမှလည်း လိုအပ်သည်များ၊ မိမိတို့တံဆိပ်တွင် ထည့်သွင်းရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို မြှင့်တင်ကာ စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များတည်ဆောက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ  ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက် နံနက် (၉:၀၀) နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ခရိုင်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် လျာထားချက် ပြည့်မီရန်သာမက အရည်အသွေးမြင့်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်သော ထုတ်ကုန်ဖြစ်အောင် ကြိုးစား ထုတ်လုပ်ရန်လိုကြောင်း၊ ပြည်ပပို့ကုန်များအနေဖြင့် နိုင်ငံတကာဈေးကွက်အထိရောင်းချနိုင်ရန် မျှော်မှန်းကြိုးပမ်းရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်သားငါးကဏ္ဍနှင့်စပ်လျဉ်းပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေတိုးတက်ရရှိရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွေးမြူထုတ်လုပ်သော အသားများအတွက်‌ မျိုးကောင်းမျိုးသန့်ရရှိမွေးမြူထုတ်လုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

      ထို့နောက် တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် ဧပြီလကုန်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် နွေစပါးရိတ်သိမ်းပြီးစီးမှုအခြေအနေများ၊ ခရိုင်အလိုက် မိုးစပါးလျာထားချက်များ၊ ဆီထွက်သီးနံများ၏စိုက်ပျိုးထွက်ရှိမှု၊ စားသုံးပိုလျှံမှုများ၊ ဖရဲ၊ သခွား၊ သရက်များ၏ စိုက်ပျိုးထွက်ရှိမှု၊ ပြည်ပတင်ပို့မှုနှင့် တစ်ဧကကုန်ကျစရိတ်များ၊ နေ့စဉ်ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများ၊ စက်သုံးဆီ၊ စားအုန်းဆီ ဈေးနှုန်းများနှင့် လက်ရှိဖြစ်ပေါ်နေသောအခက်အခဲများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းတူညီဆောင်ရွက်ပေးထားမှုအခြေအနေများ၊ တမူးကုန်သွယ်ရေးစခန်းမှ လအလိုက်ကုန်သွယ်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တိုင်း/ခရိုင်အဆင့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ကဏ္ဍအသီးသီးအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ တင်ပြဆွေးနွေးကြပါသည်။

          တင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ (၂၃)ကြိမ်မြောက် ဆို၊က၊ရေး ပြိုင်ပွဲကိုလည်း ဝန်ထမ်းမိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး တိုက်တွန်းပေးစေလိုကြောင်း နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို (၁၃:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

သာပေါင်းမြို့နယ် ဆန်ကြိတ်ခွဲရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

              ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ (၃.၆.၂၀၂၂)ရက်နေ့နံနက်(၁၀:၀၀)နာရီတွင် သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဆွေးနွေးပြောကြားရာတွင် မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်မှ မိမိတို့ဌာနအနေဖြင့် စားသုံးသူရေးရာလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုပါဆောင်ရွက်နေကြောင်း၊ အသင်းအနေဖြင့် အသင်းဝင်  များတိုးတက်ရေး၊ ဆန်စက်များနှစ်စဉ်အဆင့်မြှင့်တင်ရေး၊ ဆန်ကြိတ်ခွဲရာတွင် အထွက်နှုန်း ကောင်းမွန်ရေး၊ စပါး၊ ဆန်သိုလှောင်မှုကောင်းမွန်စေရေး၊ ဈေးကွက်ဝေစုရရှိရေး၊ ပြည်သူများ အား အရည်အသွေးနှင့်ကိုက်ညီသော ဈေးနှုန်းများနှင့် သက်သာသောဈေးနှုန်းဖြင့် ဒေသတွင်း ဝယ်ယူစားသုံးနိုင်ရေး၊ တိရိစ္ဆာန်အစာများထုတ်လုပ်နိုင်ရေး၊ စပါးခွန်လောင်စာဖြင့် လျှပ်စစ် ထုတ်လုပ်နိုင်ရေး၊ စပါးခွန်လောင်စာဖြင့် စပါးကြိတ်ခွဲနိုင်ရေး၊ မိမိတို့ဆန်စက်အားမှီခိုနေသည့် လုပ်သားများ သက်သာချောင်ချိရေး အလုပ်အကိုင်အခွင့်အလမ်းများ အားဆွေးနွေးပြောကြား ခဲ့ကြောင်းသိရှိရပါသည်။ ဆန်ကြိတ်ခွဲ ရောင်းချသောလုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်းခဲ့ရာ ဆန်စက်လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးအောင်ကိုကိုဆန်းမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စက်ကြိတ်ခွဲရောင်းချသည့် လုပ်ငန်း ရှင် (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးပေး

            စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အတွင်းမြို့နယ်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်၍ (၃.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ကျောင်းကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ကျောင်းကုန်းမြို့နယ်စည်ပင်နှင့်အတူ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား ဈေးတာဝန်ခံရုံးတွင် တွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ အသိပညာပေးပြောကြားရာတွင် စားသုံးသူရေးရာဥပဒေပါ အခန်း(၁၈)တွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်များ၊ပြစ်မှုပြစ်ဒဏ်တို့၏အကြောင်းများအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ တက်ရောက်လာသော ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များကလည်း သိလိုသည်များကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကုန်း မြို့နယ်မြို့နယ်တာဝန်ခံ ဦးတင်ကိုမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News