HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ်၌ စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ ကော့မှူးမြို့နယ် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်ကွက်များရှိ စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံတို့သည် အမှတ်(၂၂)၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးကိုလေးကုန်စုံဆိုင်၊ အမှတ်(၃၀) စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်းလွင် (ရတနာလွင်) ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် စားသုံးသူရေးရာဦးစီးဌာနမှသတ်မှတ်ထားသော ကုန်စည်အုပ်စု(က) အစားအသောက်များအုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရမည့် အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့အား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးကိုသာ မိမိတို့၏ဈေးဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စား ခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိကိုစစ်ဆေးရာ၌ စားအုန်းဆီများကို အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏သည် Door to Door စနစ်ဖြင့် မြို့နယ်များသို့ ကြီးကြပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အတွက် ဈေးကွက်အတွင်း ဝယ်ယူသူနည်းပါးသွားသည့်အတွက် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းကိုတွေ့ရှိရပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြီးကြပ်ပေးရန် ဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ တောင်ဒဂုံမြို့ နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်တို့၏ ဈေးများရှိ စားအုန်း ဆီအရောင်းဆိုင်တို့အား (၁၁-၁၀-၂၀၂၄) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းကိုတွေ့ရှိရပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြီးကြပ်ပေးရန် ဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

ဈေးကွက်အတွင်း စားအုန်းဆီများ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

အထက်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများသည် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားချက်အရ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်တို့၏ ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်တို့အား (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/ မရှိကိုစစ်ဆေးရာ၌ သက်ဆိုင်ရာဈေးစည်ပင်ရုံးမှ တာဝန်ရှိသူများက ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

ဆန်ဆိုင်ကြီးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိ

၁၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေဘဲ အလွယ်တကူဝယ်ယူရရှိစေရေးအတွက် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

၁၁-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒေါ်မြင့်မြင့်စန်း၊ ဒု-ဦးစီးမှူးသည် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များဖြစ်သော ခိုင်သဇင်၊ ဦးထက်မောင်ဆိုင်များ၌ xcite, Jumbo, Wah-Wah, mameeနှင့် Yum Yum အမှတ်တံဆိပ်ပါ ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ထောက်ခံချက်ပါ/ မပါတို့ကိုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကိုပြည့်စုံစွာဖော်ပြထားကြောင်း၊ ထောက်ခံချက်များပါဝင်ကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာရောင်းချဖြန့်ဖြူးကြစေရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

MSME ချေးငွေစိစစ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး

တိုက်ကြီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၀-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့အစည်းအဝေးကျင်းပရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးမြှင့်တင်နိုင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထူးကြိုစားဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာတိုင်းခရိုင်၊ မြို့နယ်အဆင့်အကြီးအကဲများနှင့် စိုက်ပျိုးတောင်သူစုစုပေါင်း (၇၀)ဦးပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါသည်။ DOCA(ရန်ကုန်)

မြို့နယ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုအစည်းအဝေးကျင်းပ

(၉-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းအစည်းအဝေးနှင့် စုပေါင်းသံဃာမဟာပဝါရဏာပြုပွဲကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် အထွေထွေအုပ်ချုပ်ရေးမှူးက စီမံကိန်းလုပ်ဆောင်နေသော ဌာနဆိုင်ရာများကို လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်အခြေအနေများအား ၂၅-၁၀-၂၀၂၄ ရက်နေ့အရောက် အမြန်ဆုံးတင်ပြရန် ဆွေးနွေးပြီး ကျန်ဌာနများနှင့်လည်း အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ (၅၀)ဦးခန့်တက်ရောက်၍ နံနက်(၁၁:၃၀)နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။ DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း ”

၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် ဦးစားပေးကုန်စည်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအားစစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့မဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်များသို့ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်းရောင်းချနေသော ကုန်ခြောက်ဆိုင်များဖြစ်သည့် ဦးအောင်ပု-၂(ကုန်မျိုးစုံရောင်းဝယ်ရေး)၊ မခိုင်(ကုန်မျိုးစုံရောင်းဝယ် ရေး)၊ ဒေါ်ကျင်ဆန်း(ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်တို့တွင် Yum Yum (အသင့်စားနန်ပြားခေါက်ဆွဲ)၊ Jumbo (ပုစွန်ချဉ်စပ်အရသာ)၊ Wah Lah အုန်းနို့ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲခြောက်ထုပ်များ၊ ဦးဦးခေါက်ဆွဲခြောက်နှင့် ထပ်ကီးကြက်ဥခေါက်ဆွဲတို့အားစစ်ဆေးခဲ့ရာတွင် ၎င်းခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိပြီး သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟုသိရှိရပါသည်။ DOCA(ရန်ကုန်)

တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးခရိုင်အတွင်း စားအုန်းဆီဈေးနှုန်းအား ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

(၁၀-၁၀-၂၀၂၄)ရက်နေ့တွင် မြို့မဈေးအတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော စားအုန်းဆီဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ၊ စားသုံးသူပြည်သူများမြင်သာအောင် သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းဖြင့် ချိတ်ဆွဲထားခြင်းရှိ/ မရှိကိုစစ်ဆေးပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများကိုတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီအရောင်းဆိုင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News