မိုးစပါးသီးနှံစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ
၂၀၂၂-၂၀၂၃ မိုးစပါးသီးနှံအနေဖြင့် ရွှေဘိုခရိုင်တွင် ဧက(၃.၅)သိန်းကျော်နှင့်ရေဦးခရိုင်တွင် ဧက(၂.၉)သိန်းကျော်၊ စုစုပေါင်း ဧက(၆.၄)သိန်းကျော် စိုက်ပျိုးရန် လျာထားမှုအပေါ် အောက်တိုဘာလ ဒုတိယပတ်တွင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ ရွှေဘိုပေါ်ဆန်းနှင့် ဧရာမင်းကို အဓိကထား၍ စိုက်ပျိုးပြီး ရွှေသွယ်ရင်၊ ဆင်းသုခ၊ မနော်ဟရီ၊ IR 747စသည့် စပါးမျိုးများလည်း စိုက်ပျိုးကြကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ရွှေဘိုခရိုင်အတွင်း နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၂၄၀၀၀၀၀)ကျပ်၊ ဆန်တစ်အိတ် လျှင် (၈၅၀၀၀)ကျပ်၊ ဧရာမင်း စပါးတင်း(၁၀၀) လျှင် (၁၄၅၀၀၀၀)ကျပ်၊ ဆန်တစ်အိတ် လျှင် (၆၅၀၀၀)ကျပ်၊ ရွှေဝါထွန်းစပါး တင်း(၁၀၀) လျှင် (၁၀၅၀၀၀၀)ကျပ် ၊ဆန်တစ်အိတ် လျှင် (၄၃၀၀၀)ကျပ်ဖြင့် အသီးအသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ရွှေဘိုခရိုင်မှ ထွက်သော ဆန်များကို ဒေသတွင်းသာမက ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်)စသည့်မြို့များသို နေ့စဉ် တင်ပို့ရောင်းချလျက်ရှိရာ အောက်တိုဘာ လတွင် အိတ်ရေ (၄၉၄၇၀၀) စီးထွက်ခဲ့ပြီး ယခင်လက အိတ်ရေ (၅၀၆၂၀၀)စီးထွက်ခဲ့သဖြင့် ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လအောက် (၁၁၅၀၀)အိတ် လျော့၍ စီးထွက်ခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)