ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးစျေးကွက်ရှိမာလကာသီးစျေး

          မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်အသီးများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက် သည့်မာလကာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမယပတ်အတွင်း ဖြစ်ပေါ်သည့်   စျေးနှုန်းများမှာ မာလကာသီး ၁ လုံး လျှင် အလုံး(ကြီး)၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၂၀၀၀ ကျပ်၊ အလုံး (သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊   အလုံးအရွယ်အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲတော်များ၊ အလှူ ပွဲများ ရာသီချိန်ဖြစ်သည့် မာလကာသီးများအား   စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးရှိ  သစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပျားလိမ္မော်သီး ဈေးနှုန်း

    ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော ပျားလိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၂၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စားပွဲတင် အုန်းပွားပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

     ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင် အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်  တစ်နိုင် တစ်ပိုင် စိုက်ပျိုးလာကြသည်။

       စားပွဲတင်အုန်းပွားပျိုးပင်များကို အလှပန်းအိုများဖြင့် စိုက်ပျိုးကာ Indoor/Outdoor စိုက်လို့ရသည့် အပင်လေးဖြစ်ပြီး လေထုညစ်ညမ်းမှု မကောင်းတဲ့ ဓါတ်ငွေ့တွေကိုစုပ်ယူပြီး  သန့်စင်တဲ့ အောက်ဆီဂျင်ကို ထုတ်ပေးသည့် အပင်ဖြစ်၍  အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၏ ရောင်းချနေသော စားပွဲတင်အုန်းပွားပျိုးပင် ဈေးနှုန်းများမှာ စားပွဲတင်အုန်းပွားပျိုးပင် ပန်းအိုပါပြီး တစ်အိုးလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သစ်သီးမျိုးစုံစျေးကွက်ရှိဂဗ္ဗလာသီး

              မန္တလေးစျေးကွက်သို့    မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက် လျက် ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ် သည့်   စျေးနှုန်း များမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊   အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။ ဂဗ္ဗလာသီးများအားအသီးအတိုင်း စားသုံးခြင်းနှင့် ကျမ္မာရေးဓါတ်စာဖျော်ရည်အဖြစ်စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်းအရောင်း သွက်လျက်ရှိကြောင်း ရှမ်းစျေးရှိသစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း အောက်တိုဘာ လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၁၄)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၀၈၂)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၇၂၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၉၈)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု အောက် တိုဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၉၁၈) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၈၈)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၈၆) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၂၃၆)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသော ကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင်(၉၆)ကျပ်၊ 95တစ်လီတာလျှင်(၉၄)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၃၉)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၆၂)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ငါးဖယ်ခြစ် နှင့် ငါးဖယ် ဈေးနှုန်း  

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေး ကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    အောက်တိုဘာလ ဒုတိယပတ်တွင် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ငါးဖယ် ဈေးနှုန်းအနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့တွင် စတင်ထွက်ရှိလာပြီဖြစ်သော ဓနိရည်ချိုစျေးနှုန်းစျေးကွက်

  မြိတ်ခရိုင်တွင် ပင်လယ်ဝန်းရံလျက်ရှိသည့်အတွက် ရေထွက်ကုန်ပစ္စည်းများပေါများသလို ရေငန်ဒေသတွင်ပေါက်ရောက်သော ဓနိပင်များပေါများစွာပေါက်ရောက်လျက်ရှိသည်။ ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတောများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်ဖြစ်သည်။ တစ်ချို့ မှာ ဓနိပင်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ယခုအောက် တိုဘာလတွင် မြိတ်မြို့၌ ဓနိရည် စတင်ထွက်ရှိ နေပြီဖြစ်ကြောင်း သိရှိရပါသည်။ စတင်ထွက်ရှိလာချိန်တွင် ဓနိရည်ချိုစျေးနှုန်း ကောင်းမွန်လျက်ရှိပြီး ယခင်နှစ်က ရာသီပေါ်ရောဂါများကြောင့် အရောင်းပါးခဲ့ကြောင်း သိရှိရပါသည်။

   ယခင်နှစ် ၂၀၂၄ခုနှစ်တွင် ဓနိရည်ချို တစ်ဗူးလျှင် ကျပ် (၃၀၀၀)ခန့်သာစျေးရရှိပြီး ယခု ‌၂၀၂၅ခုနှစ်၊ အောက်တိုဘာလတွင် မြိတ်မြို့ရှိ ဓနိရည်ချိုတစ်ဗူးလျှင် ကျပ်(၄၅၀၀)ခန့်ရှိနေကြောင်းသိ ရှိရိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကွမ်းရွက်စျေးနှုန်း အနည်းငယ်မြင့်တက်လာ

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးသူများ များပြား ကြောင်းသိရှိရပါသည်။ ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံးစားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိကပါဝင်ပစ္စည်း တစ်မျိုးဖြစ်သည်။ မိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့်ဆောင်းကာလ များတွင် ဈေးကောင်း ရရှိကြောင်း သိရှိရပါသည်။ ယခုအောင်တိုဘာလတွင် ကွမ်းရွက်စျေးနှုန်းအနည်းငယ်မြင့်တက်လာပြီး စျေးကောင်း ရရှိလျက်ရှိကြောင်းသိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော လက်ကား ကွမ်းရွက်အကြီး တစ်စည်းလျှင် (၁၂၀၀) ကျပ်ရှိပြီး ကွမ်းရွက်အငယ်တစ်စည်းလျှင် (၀၀)ကျပ် ဖြစ်ကြောင်း ယခင်က ကွမ်းရွက်အကြီးတစ်စည်းလျှင် (၈၀၀)ကျပ်ခန့်ရှိကြောင်း၊ လက်လီဈေး ကွမ်းရွက် အကြီးတစ်စည်းလျှင် (၁၅၀၀)ကျပ်ရှိပြီး အငယ်တစ်စည်းလျှင် (၈၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းသီးဈေးကွက်

   ထန်းသီးကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ် ဘုရားကြီးတန်းလမ်းမတွင် အရောင်းသွက်လျက်ရှိပါသည်။ ကျန်းမာရေးအတွက်များစွာအထောက် အကူဖြစ်စေပါသည်။ ထန်းသီး၏ ဆိုးကျိုးမှာ ဌက်ပျောသီးနှင့် စားသုံးရန်မသင့်တော်သော အသီး တစ်မျိုးဖြစ်သည်။ မိတ်ရောဂါပေါ်တွင် ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့် မိတ်ရောဂါကို သက်သာ စေပါသည်။ တပို့တွဲလနှင့် တပေါင်းလတွင် စတင်သီးချိန်ဖြစ်ပြီး တန်ခူးလတွင် ကွဲချိန်ဖြစ်သည်ဟု သိရှိရပါသည်။ ထန်သီးတစ်လုံလျှင် ထန်းသီးဆံကို ၃ခုမှ ၄ခု အထိပါရှိပြီး အရည်ရွှမ်း၍ ချိုမွှေးသော အရသာရှိပါသည်။

   ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် အများအပြား ရောင်းချ နေသော ထန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း နှင့် ငါးပြေမ ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ ဒုတိယပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် ငါးဖန့်ဝိုင်း တစ်ပိဿာလျှင်(၁၄၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း အလားတူပင် ငါးပြေမ ဈေးနှုန်းအနေဖြင့် ငါးပြေမ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း