“အာလူးစျေးနှုန်းနှင့်စားသုံးခြင်း၏အကျိုးကျေးဇူး”

သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာကကျန်းမာရေးအတွက် နေထိုင်မှုပုံစံကို ပြောင်းလဲပေးနိုင်သောကြောင့် လူတို့သည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများကို စားသုံးသင့် ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမှထွက်ရှိသော အာလူးသီးများ ကျောက်ဆည်ခရိုင် အတွင်းသို့ ဝင်ရောက်လျှက်ရှိကြောင်း ၊ အာလူးကို စားသုံးသူပြည်သူများ အလွန်ကြိုက်နှစ်သက်ကြ ကြောင်း၊ အာလူးစျေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် လက်ကား တစ်ပိဿာလျှင် (၃၅၀၀/-)ကျပ် ၊ လက်လီတစ်ပိဿာလျှင် (၄၅၀၀-၅၅၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး အောက်တိုဘာလ ဒုတိယပတ်တွင် လက်ကား တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ် ၊ လက်လီ တစ်ပိဿာလျှင် အသေး(၄၀၀၀/-)ကျပ် ၊ အလတ်(၅၀၀၀/-)ကျပ် ၊ အကြီး (၆၀၀၀-)ကျပ်တို့ဖြင့် စျေးနှုန်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။ အာလူးသီးနှံတွင် ဗီတာမင် C ပါဝင်သောကြောင့် အရေပြားကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ကြောင်း ၊ အာလူးမှာ အရေးကြီးတဲ့ အာဟာရဓာတ်တွေပါဝင်ကြောင်း ၊ ချက်ပြုတ်ပြီး စားသုံးခြင်းဖြင့် လူသားတွေရဲ့ ကျန်းမာရေးကို နည်းလမ်းများစွာနဲ့ အကျိုးပြုကြောင်း ၊ အရိုးပွရောဂါ၊ နှလုံးကျန်းမာရေးနဲ့ ကူးစက်မှုအန္တရာယ်ကနေလျော့ချပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ ကြောင်း ကျန်းမာရေးစာစောင်များမှလေ့လာသိရှိရပါသည်။
DOCA(မန္တလေး)









