ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်ကျည်းရွက်ဈေးနှုန်းဈေးကွက်

         မန်ကျည်းပင်သည် နွေရာသီဆိုလျှင် အေးမြသည့်အရိပ်ကိုပေးနိုင်ပါသည်။ နွေနေပူမှာ မန်ကျည်းရိပ်အေးအေးလေးတွင်ထိုင်ပြီး အကြမ်းရည်သောက်၍ အညာဓလေ့အတိုင်း ထန်းလျက်လေးစားပြီး စကားပြောကြသည်မှာ အညာဒေသ၏ချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်။ မန်ကျည်းပင်သည် အရွက်၊ အသီး၊ အခေါက်၊ အစေ့၊ တစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ ယခုအခါ နွေရာသီသို့ ရောက်ရှိလာသည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်နုနုကို ကြက်သွန်စိမ်း၊ ပုဇွန် ခြောက်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို၊ အငန် အရသာထည့်ပြီး သုပ်စားကြသလို ချဉ်ရည်ဟင်း ချက်စားကြသည်များလည်း ရှိပါသည်။ မန်ကျည်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်စသည့်  အာဟာရဓာတ်များစွာ ပါဝင်ပါသည်။မြင်းခြံမြို့၊ အေးမြသီတာဈေး တွင်ရောင်းချသည့် မန်ကျည်းရွက် ဈေးနှုန်းများအနေဖြင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောင်ဘို့မှို နှင့် ငှက်စွတ်မှို ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက် ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းများမှာ တောင်ဘို့မှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊ ငှက်စွတ်မှိုဈေးနှုန်းအနေဖြင့် ငှက်စွတ်မှို တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၂၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်း အဝယ်ကောင်းလျက် ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ပျားလိမ္မော်သီး နှင့် တည်သီး ဈေးနှုန်း

            ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရ သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဖသော ကျွန်းလှမြို့၏ တည်သီး ဈေးနှုန်းများမှာ တည်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၄)လုံး နှင့်  အလတ် တစ်လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၅)လုံး အသေး တစ်လုံးလျှင်(၁၇၀၀)ကျပ်၊ ငွေကျပ် (၁၀၀၀၀)ဖိုး(၆)လုံးတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ပျားလိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီး နှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက် နှင့် အခြားသစ်သီးများကိုမူ မြစ်ကြီးနားမြို့၊ မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော  ငါးရံ့ နှင့် ငါးရံ့ခြောက် ဈေးနှုန်း

                            ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ ငါးရံ့ နှင့် ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ငါးရံ့ ဈေးနှုန်းများမှာ ငါးရံ့ အကြီး တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၅၀၀)ကျပ် ဈေးနှုန်းဖြင့် လည်း ကောင်း၊ ငါးရံ့ခြောက် ဈေးနှုန်းများမှာ ငါးရံ့ခြောက် အကြီး လက်လီဈေး တစ်ပိဿာလျှင် (၈၅၀၀၀)ကျပ်၊ ငါးရံ့ခြောက်(၅၀)ကျပ်သားလျှင်(၄၃၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အ‌သေး)လက်လီဈေး တစ်ပိဿာလျှင်(၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ငါးပတ် နှင့် ငါးပေါက်စများ ရောင်းအားကောင်းလျက်ရှိ  

         ငါးပတ်နှင့်ငါးပေါက်စကို ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူ ရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများအနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၅၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ငါးပေါက်စဈေးနှုန်းများမှာ ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

  အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ(၁)ရက် နေ့မှ အောက်တိုဘာလ(၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 10၀၀ မှ 25၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 20၀၀ မှ 35၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 60၀၀ မှ 70၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 120၀၀ မှ 150၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 10၀၀ မှ 20၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 250၀ မှ 35၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် 5၀0၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 130၀၀ မှ 140၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 15၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1877050)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (70855) ကျော်၊ ဗူးသီးအလုံးပေါင်း (27110)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(14767)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (141950)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (72150)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (20980) ကျော်၊ ဖရဲသီးလုံးပေါင်း(49583)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၃.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၈၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၅၇ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၅၀ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၇ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၀၆၅ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၃၉၆၅ အိတ်၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၅၀၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၀၈၅၊  ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၆ ၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၂၇၉၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၇၅၄၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၀၀၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၃၆၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၂၀၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၅၁၇၈ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။     

            ၃.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(ရှေ့)၊ ပဲခူး(နောက်) နှင့် ဧရာဝတီတိုင်းတို့မှ စုစုပေါင်း အိတ် ၁၂၃၇၀၊ ဆန်ကြမ်းထိပ်စ ၉၇၈၁၊ လတ်စ ၇၆၄၆၊ ၂၅ မတ်ဆန် ၂၇၉၀၊ ဆန်ကွဲ ၁၆၂၄၉၊ စုစုပေါင်း ၄၈၈၃၆ အိတ်တို့ဝင်ရောက်ခဲ့ပြီး  ဈေးနှုန်းများမှာ ယခင်နေ့များအတိုင်း ပြောင်းလဲမှုမရှိ ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၁၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၇၄ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၅၄၀ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၅ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၃၄၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၄၀၅၃ အိတ်၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၄၃၈၆၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၄၈၆၊  ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၂၀ ၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၅၄၇၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၁၉၇၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၁၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၆၂၀၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၄၅၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၅၃၆၀ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။     

၂.၁၀.၂၀၂၅ ရက်နေ့တွင် ဆန်ဝင်ရောက်မှုမှာ ယခင်နေ့ကထက် အနည်းငယ်လျော့နည်းပြီး ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၄၈၂ အိတ်နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၈၇ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၉၈၅ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၂၀ နှင့် ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၆၄၂ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၄၅၆၃ အိတ်၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၉၅၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၀၅၄၊  ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၄ ၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၄၆၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၃၅၈၊ ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၂၀၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၇၄၅၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၇၊ ဈေးနှုန်းများမှာ ၅၀၀၀၀ မှ ၅၁၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၅၅၂၃ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။                  ၁.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(ရှေ့)မှ ဆန်မျိုးစုံ ၁၇၉၁၆ အိတ်၊ပဲခူး(နောက်)မှ ၁၇၆၂၂ အိတ်၊ ဧရာဝတီတိုင်းမှ ၁၆၉၉၃ အိတ်တို့ဝင်ရောက်ပြီး ယခင်လနောက်ဆုံးရက်ဖြစ်သော ၃၀.၉.၂၀၂၅ ရက်ထက် အနည်းငယ်ဝင်ရောက်မှု လျော့နည်းသွားသော်လည်း ဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိ ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

(၈.၁၀.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ်၂၅၀၀ မှ ၂၈၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၄၀၀ မှ ၃၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိလည်း ကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၇၈၅ မှ ၆၉၈၅ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချဉ်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၁၅၀၀ မှ ၁၈၀၀၊ ဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၆၀၀၀ မှ ၈၀၀၀၊ ဗူးသီးတစ်လုံး ကျပ် ၂၀၀၀ မှ ၃၅၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၅၅၀၀ မှ ၆၅၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀၀၀ မှ ၂၅၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၉၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၂၀၀၀ မှ ၂၅၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ၊ငါးခူတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၅၊ ဘဲဥတစ်လုံး ကျပ် ၅၀၀ မှ ၆၀၀ တို့ဖြင့်အရောင်း အဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း