ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံဈေးကွက်သို့ မုံရွာကြက်သွန်နီ တိုက်ရိုက်ဝင်ရောက်

      ဘားအံဈေးကွက်အတွင်းသို့ မုံရွာကြက်သွန်နီများ ၂၀၂၃ခုနှစ်၊စက်တင်ဘာဒုတိယအပတ်တွင် ဝင်ရောက်လျက်ရှိကြောင်းနှင့် ကြက်သွန်ဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

     ဘားအံမြို့တွင် စက်တင်ဘာပထမအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ကြက်သွန်ဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် ၃၇၀၀ကျပ် ဖြစ်ခဲ့ကြောင်းနှင့် ယခုစက်တင်ဘာ ဒုတိယအပတ်တွင် ၃၃၀၀-၃၅၀၀ ကျပ်သို့ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

    မုံရွာမြို့မှကြက်သွန်များ ဘားအံဈေးကွက်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခြင်းကြောင့် ကြက်သွန်နီဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်းနှင့် မော်လမြိုင်ဈေးကွက်မှ ဝယ်ယူဖြန့်ဖြူးသော ကြက်သွန်နီမှ တစ်ဆင့်ခံဖြစ်ခြင်း၊ သယ်ယူပိုဆောင်ခနှင့် အထွေထွေစရိတ် ထပ်ဆောင်းကုန်ကျခြင်းကြောင့် ၁၀ ပိဿာ ၁ အိတ်လျှင် ၅၀၀ ကျပ် ပျမ်းမျှ ဈေးပိုကြောင်းသိရသည်။

     စာရင်းများအရ ကရင်ပြည်နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ၁ ပိဿာ ၄၅၀၀/ ကျပ်ထိ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ်၂၀၂၃ ဧပြီလ သင်္ကြန်မတိုင်မီတွင် ၁ ပိဿာ ၁၂၅၀ ကျပ် ဈေးနှုန်းဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

ကန့်ဘလူမြို့၊  အမှတ်(၂)ရပ်ကွက်တွင် မြေအောက်ရေတင်စနစ်ဖြင့် မုံညှင်း စိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း မုံညှင်း/ ကန်စွန်းတို့ကို စိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၁)လကျော်လျှင် စတင်ခူးဆွတ်ရပါသည်။

   မုံညှင်းပင်ကို ဝါဆိုလတွင် စိုက်ပျိုးကာ တော်သလင်းလကျော်လျှင် စတင်ခူးဆွတ် ရောင်းချ ရပါသည်။ မုံညှင်းပင်ကို မြေဘောင်များပြုပြင်၍ စိုက်ပျိုးပြီး တစ်ခါစိုက်လျှင် ဘောင် (၂/၃)ဘောင်ခန့် စိုက်ပျိုးထားပါသည်။ မုံညှင်းပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကာ မုံညှင်းပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓါတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀)ကျော် ကျပ်(၃၀၀၀၀)ခန့် ကုန်ကျပြီး  တစ်ခါစိုက်ပျိုးလျှင်(၂)လကြာအောင် ခူးဆွတ် ရောင်းချရပါသည်။ တစ်ခါခူးဆွတ်လျှင် အစည်း (၂၀/၃၀)အထိ ပုံမှန်ခူးဆွတ်ရပြီး ရက်ခြားခူးဆွတ် ရပါသည်။

   ထို့ကြောင့် မုံညှင်းပင်သည် သူ့ရာသီအလိုက် စိုက်ပျိုးနိုင်ပြီး ရာသီချိန်ဆိုလျှင် အမြဲမပြတ် စိုက်ပျိုးနိုင်သော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် မုံညှင်းတစ်စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်း (၅၀၀)ကျပ်ဈေးရောင်းရကာ စိုက်ပျိုးသင့်ကြောင်းနှင့် မုံညှင်းဖူးများကို မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင်ရောင်းချကာ အရောင်းအဝယ်ဖြစ်ပြီး မိသားစု ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ မုံညှင်း၊ ကန်စွန်းစိုက်တောင်သူဒေါ်ကြည်ခင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အေးသာယာဈေးရှိ ကုန်ဈေးနှုန်းအခြေအနေ

   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အေးသာယာဈေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်) အတွင်း ရောင်းချသောကုန်စည်များ၏ ဖြစ်ပေါ်လျက်ရှိသောဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်နေမှုတို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

  ထိုရောင်းချသည့်အမယ်မျိုးစုံများမှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ဘူးသီး၊ သခွားသီး၊ ရုံးပတေသီး၊ ကြက်ဟင်းခါးသီး၊ ပဲတောင့်ရှည်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်း၊ ခရမ်းသီး၊ သံပရာသီး၊ ပန်းသီး၊ နဂါးမောက်သီး၊ လိမ္မော်သီး၊ ကန်စွန်းဥ၊ မျှစ်ပြုတ်၊ ပဲလင်းမြွေသီး၊  ကန်စွန်းဥ၊ ပိန်းဥတို့ရောင်းချလျက်ရှိသည်။

   အဆိုပါကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၂၂၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်၄၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၁၀၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ်၈၀၀၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ်၁၂၀၀၊ ရုံးပတီသီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ကြက်ဟင်းခါးသီးတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ပဲတောင့်ရှည်တစ်စည်းလျှင် ကျပ် ၂၅၀၀၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်၂၀၀၊ မြင်းခွာရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၂၅၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၁၀၀၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ပန်းသီးတစ်လုံးလျှင် ကျပ်၅၀၀မှ ကျပ်၁၅၀၀အတွင်း၊  နဂါးမောက်သီးတစ်ကီလိုလျှင် ကျပ်၆၀၀၀၊ သံပရာသီးတစ်လုံးလျှင် ကျပ်၅၀မှ ကျပ်၁၀၀အတွင်း၊ လိမ္မော်သီးတစ်ကီလိုလျှင် ကျပ်၃၀၀၀မှ ကျပ်၇၀၀၀အတွင်း၊ မျှစ်ပြုတ်တစ်စည်းလျှင် ကျပ်၄၀၀မှ ကျပ်၆၀၀အတွင်း၊  ကန်စွန်းဥတစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ပိန်းဥတစ်ပိဿာလျှင် ကျပ်၄၀၀၀ဖြစ်ကြောင်းသိရှိရသည်။

    သို့ဖြစ်၍   တချို့ကုန်စည်များသည် ယခင်ဩဂုတ်လအတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်မှုအရ ဈေးနှုန်းအနည်းငယ်မြှင့်တက်ခဲ့ကြောင်းနှင့် ၎င်းကုန်စည်များမှာ ခရမ်းချဉ်သီး (၅၀၀ကျပ်)၊ ဂေါ်ဖီထုပ်(၂၀၀ကျပ်) မုန်လာဥနီ(၁၀၀၀ကျပ်)၊ ကန်စွန်းရွက်(၁၀၀ကျပ်)၊  ခရမ်းသီး (၅၀၀ကျပ်)၊ လိမ္မော်သီး (၁၀၀၀ကျပ်မှ ၂၅၀၀ကျပ်အတွင်း) ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

  

မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်/ဆီ ရောင်းချမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကြည့်ရှုအားပေး

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်မှစတင်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့ပူးပေါင်း၍ ဆန်(၁)ပြည်လျှင် ကျပ်(၂၆၅၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ် (၄၅၀၀)တို့ဖြင့် မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်၊ ဓမ္မာရုံရှေ့၌ အိမ်ထောင်စု(၁၁၀၀)စုအတွက် ဆန်(၃၀၀) ပြည်၊ စားအုန်းဆီ(၁၁၀၀)ပိဿာ၊ မင်္ဂလာစျေးရှေ့တွင် အိမ်ထောင်စု(၁၁၀၀)စုအတွက် စားအုန်းဆီ (၁၁၀၀)ပိဿာ၊ ဆန်(၇၂၀)ပြည်၊ ဆားရွှေကင်းရပ်ကွက်၊ ကင်းကျောင်းဓမ္မာရုံရှေ့တွင် အိမ်ထောင်စု (၅၅၀)စုအတွက် ဆန်(၁၈၀)ပြည်၊ စားအုန်းဆီ (၅၅၀)ပိဿာနှင့် မယ်လှတောင်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ၊ ရွာလယ်ဓမ္မာရုံရှေ့တွင် အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာတို့ အားရောင်းချပေးခဲ့ရာ စုစုပေါင်းအိမ်ထောင်စု(၃၃၀၀)စုအား ဆန်(၁၂၀၀)ပြည်၊ စားအုန်းဆီ(၃၃၀၀) ပိဿာတို့ရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ရောင်းချပေးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် မကွေးမြို့၊ ဆန်ကုန်သည်များအသင်းတို့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခဲ့ကြပြီး ဆန်၊ ဆီရောင်းချပေးရာနေရာများသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်အတွင်းရှိ စားသုံးသူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချလျက်ရှိ

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(ပထမပတ်)တွင် ပခုက္ကူမြို့ပေါ်ရှိ စားအုန်းဆီရောင်းချလျက်ရှိသော ဈေးကားများသို့ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေးအတွက်  ကွင်းဆင်းကြပ်မတ်ခဲ့ပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားအုန်းဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ရောင်းချသွားရမည်ဖြစ်သောကြောင့် ပခုက္ကူမြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားသုံးသူမိဘပြည်သူများအတွက် စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းရောင်းချပြီး စုစုပေါင်း(၁၀၁၂၀)ပိဿာခန့်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၅.၉.၂၀၂၃ )

၁၅.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၅.၉.၂၀၂၃ )

   ၁၅.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၅.၉.၂၀၂၃ )

၁၅.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူကုန်စည်ဒိုင်၌ အညာဒေသထွက် ပဲစဉ်းငုံနီများ ဈေးကောင်းရလျက်ရှိ

    ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် အညာဒေသမှ စိုက်ပျိုးထွက်ရှိသောပဲများမှာ ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲကြီး၊ ပဲယင်း၊ ပဲနီပြား၊ ပဲလွန်းပြာ၊ စွန်တာနီ စသည့်အခြားပဲမျိုးစုံများစိုက်ပျိုးလျက်ရှိပါသည်။ အညာဒေသ၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံနီမှာ ဈေးကောင်းရနေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှသိရှိရပါသည်။  ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းများမှာ (၂၈-၈-၂၀၂၃)ရက်နေ့တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၉၅၀၀)၊ (၂၉-၈-၂၀၂၃) ရက်နေ့၌ တစ်တင်းလျှင် ကျပ်(၁၁၁၄၀၀)နှင့်  (၁-၉-၂၀၂၃) ရက်နေ့နှင့် (၂-၉-၂၀၂၃)ရက်နေ့တွင် တစ်တင်းလျှင် ကျပ်(၁၂၃၀၀၀-၁၂၄၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ စက်တင်ဘာလ (ပထမပတ်) တွင်  ကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိုးမျိုး၊ ပဲလွန်းပြာနှင့် နှမ်းမျိုးစုံတို့အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ ပဲတီစိမ်းသေးတစ်တင်းလျှင် ကျပ်(၆၁၀၀၀)၊ ပဲလွန်းပြာတစ်တင်းလျှင် ကျပ်(၆၁၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ နှမ်းညိုတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှသိရှိရပါသည်။

   ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသောအိတ်ရေများမှာ ပဲစဉ်းငုံနီ(၂၅၀၀)အိတ်၊ ပဲတီစိမ်းသေး(၇၅၀)အိတ်၊ နှမ်းဝါ(၅၀၀)အိတ်၊ နှမ်းညို(၇၀၀)အိတ်ဖြစ်ခဲ့ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံများသို့တင်ပို့ကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)                                                                                                                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း