ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖျာပုံမြို့ပြည်သူများအား စားအုန်းဆီရောင်းချပေး

         ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဖျာပုံမြို့နယ်ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ အခြေခံပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေး အတွက် စားအုန်းဆီ(၁)ပိဿာကို(၅၃၀၀)ကျပ်နှုန်းထားဖြင့် လူဦးရေ(၂၂၀) ဦးအားဩဂုတ်လ(၂၂) ရက်နေ့ ၊မနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက် ဆန်ကုန်သည်အသင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

       အဆိုပါစားအုန်းဆီရောင်းချပေးရာတွင် လူတစ်ဦးကို စားအုန်းဆီ(၅၀)ကျပ်သား ရောင်းချပေးခဲ့ကြောင်းသိရပြီး ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်များတွင်လည်း အခြေခံပြည်သူများဈေးနှုန်းချိုသာစွာ စားအုန်းဆီဝယ်ယူစားသောက်နိုင်စေရေးအတွက် ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်အသင်းမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

“(မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်း စားအုန်းဆီများကို စျေးကားဖြင့် လှည့်လည်ရောင်းချနေ”

          မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်မှ ဝန်ထမ်းများသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့်အစီအစဉ်ကို (၁၆-၈-၂၀၂၂) ရက်နေ့မှ (၂၁-၈-၂၀၂၂) ထိ ယာဉ်(၄)စီးဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ   မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများ တွင်လည်းကောင်း ၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများတွင်လည်းကောင်း တစ်ပိဿာလျှင် (၄၇၀၀) နှုန်းဖြင့် (၆) ရက်တိတိ စားသုံးဆီ (၁၂၀) ပီပါ ရောင်းချရာသို့ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

 

                     

 

ကလေးမြို့ပေါ်၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

          ကလေးမြို့သည် နယ်စပ်ဒေသမြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောမြို့တစ်မြို့ ဖြစ်ပါသည်။ လယ်ယာထွက်ပို့ကုန်သီးနှံများဖြစ်သည့် ဆန်/စပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သုံးသီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထွက်ရှိပြီး တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြသည့်ဒေသ ဖြစ်ပါသည်။

              ကလေးမြို့ပေါ်တွင် ဩဂုတ်လ၊ တတိယပတ်အတွင်းဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ဧည့်မထစပါး ( ၁ )တင်းလျှင် ( ၁၂၀၀၀ )ကျပ်၊ ငစိန်စပါး (၁)တင်းလျှင် ( ၁၁၀၀၀ )ကျပ်၊ ဧရာမင်းစပါး ( ၁ )တင်းလျှင် ( ၁၃၀၀၀ )ကျပ်၊ ဧည့်မထဆန် (၂၄ )ပြည် ( ၁ ) အိတ်လျှင် ( ၄၅၀၀၀ )ကျပ်၊ ငစိန်ဆန်( ၂၄ )ပြည်( ၁ )အိတ်လျှင် ( ၄၀၀၀၀ )ကျပ်၊ ဧရာမင်းဆန်( ၂၄ )ပြည် ( ၁ )အိတ်လျှင် ( ၅၇၀၀၀ )ကျပ်၊ ပဲဆီ( ၁ )ပိဿာလျှင် ( ၁၃၀၀၀ )ကျပ်၊ နေကြာဆီ( ၁ )ပိဿာလျှင် ( ၁၂၀၀၀ )ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ( ၁၁၀၀၀ )ကျပ်၊ ကြက်သွန်နီ( ဒေသထွက် ) တစ်ပိဿာလျှင် ( ၃၀၀၀ )ကျပ်၊ ကြက်သွန်နီ( မုံရွာ )တစ်ပိဿာလျှင် ( ၃၅၀၀ )ကျပ်၊ ကြက်သွန်ဖြူ( ရှမ်း )တစ်ပိဿာလျှင် ( ၃၂၀၀ )ကျပ်၊ ကြက်သွန်ဖြူ( ကြူကုတ် )တစ်ပိဿာလျှင် ( ၆၀၀၀ )ကျပ်၊ ဂျင်းတက် တစ်ပိဿာလျှင် ( ၁၈၀၀ )ကျပ်၊ ဆား တစ်ပိဿာလျှင် ( ၇၀၀ )ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ( ၁၆၀၀၀)ကျပ်၊ ငရုတ်ခြောက်ပု တစ်ပိဿာလျှင် ( ၂၀၀၀၀ )ကျပ်၊ အာလူး တစ်ပိဿာလျှင်(၂၅၀၀ )ကျပ်၊ မန်ကျည်းသီး(အစေ့လွတ်) တစ်ပိဿာလျှင် (၆၀၀၀ )ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၁၀၀၀၀ )ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ( ၁၆၀၀၀ )ကျပ်၊ အမဲသား တစ်ပိဿာလျှင် ( ၁၆၀၀၀ )ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ( ၂၄၀၀၀ )ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ( ၁၀၀၀၀ )ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

                ယခုလ တတိယပတ်၌ ဈေးကွက်အတွင်းရောင်းချနေသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ဈေးကွက်များအတွင်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ထိုင်ခုံခါးပတ်ပြဿနာကြောင့် Chevrolet၊ GMC နှင့် Cadillac SUV ကားပေါင်း၄၈၀၀၀၀ ကျော်ကို GM (General Motors) ကုမ္ပဏီ ပြန်လည်သိမ်းဆည်း

          GM ကုမ္ပဏီမှ အသစ်ထုတ်လုပ်ထားသောသော Suburbans၊ Tahoes နှင့် Escalades အမျိုးအစား မော်တော်ယာဉ်များသည် ၎င်းတို့၏ တတိယတန်းထိုင်ခုံခါးပတ်များကို ပြန်လည်စစ်ဆေးရန်နှင့် အစိတ်အပိုင်းအချို့ အစားထိုးပြုပြင်ရန်လိုအပ်ကြောင်း သိရှိရသည်။

          အဆိုပါနာမည်ကျော်ကြားလူကြိုက်များသည့် ထိုင်ခုံသုံးတန်းပါ SUV ကားအချို့တွင် ၎င်းတို့၏ တတိယတန်းထိုင်ခုံခါးပတ်များသည် ယာဉ်မတော်တဆဖြစ်ပွားပါက တတိယတန်းတွင်စီးနင်းလိုက်ပါသူများကို အကာအကွယ်မပေးနိုင်သောကြောင့် အခမဲ့ပြုပြင်မှု လိုအပ်မည်ဖြစ်ပါသည်။ ပြန်လည်သိမ်းဆည်းမှုတွင် ၂၀၂၁ ခုနှစ်နှင့်၂၀၂၂ ခုနှစ်ထုတ် Cadillac Escalade နှင့် Escalade ESV၊ Chevrolet Tahoe နှင့် Suburban၊ GMC Yukon နှင့် Yukon XL SUV များလည်းပါဝင်သည်။ ၎င်းကားများ၏ တတိယတန်းထိုင်ခုံခါးပတ်များကို စက်ရုံကမှားယွင်းစွာ တပ်ဆင်ထားခြင်းဖြစ်နိုင်ပြီး ခါးပတ်ခေါင်းများ ကွဲထွက်သွားသည့်ပြဿနာရှိနိုင်ကြောင်း သိရသည်။ အဆိုပါထိုင်ခုံခါးပတ်များသည် တတိယတန်းတွင် စီးနင်းလိုက်ပါသူများအား ကောင်းစွာမကာကွယ်နိုင်သည့်အတွက် ဘယ်ဘက်နှင့်ညာဘက် ခါးပတ်နှစ်ခုလုံးကို ပြန်လည်ပြုပြင်ရန်လိုအပ်ပါသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲရေးအေဂျင်စီ (National Highway Traffic Safety Administration-NHTSA)မှ ပေးပို့လာသောအထောက်အထားများအရ ထိုင်ခုံခါးပတ်ခေါင်းများ ကွဲထွက်သွားသည့်ဖြစ်စဉ် ရှစ်ခုရှိခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်များကြောင့် တစုံတရာထိခိုက်ဒဏ်ရရှိမှုမရှိခဲ့ကြောင်း GM ကုမ္ပဏီက ဆိုသည်။

         အဆိုပါမှားယွင်းမှုများအတွက် အစီရင်ခံတင်ပြခဲ့ပြီးနောက်၊ ထိုင်ခုံခါးပတ်ထုတ်လုပ်ရောင်းချပေးသွင်းသူများအနေဖြင့် ၎င်း၏ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြပြီး အလားတူဖြစ်စဉ်များ းနောက်ထပ်မဖြစ်စေရေး အစိတ်အပိုင်းအသစ်များကို ပြန်လည်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အရောင်းကိုယ်စားလှယ်များအနေဖြင့် ပြန်လည်သိမ်းဆည်းထားသောမော်တော်ယာဉ်များတွင် ထိုင်ခုံခါးပတ်ကြိုးများတပ်ဆင်မှုများကို ပြန်လည်စစ်ဆေး၍ လိုအပ်ပါကအစိတ်အပိုင်းအသစ်များဖြင့် အခမဲ့လဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

             ပြန်လည်သိမ်းဆည်းမည့် မော်တော်ယာဉ်များမှာ ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်းထုတ်လုပ်ခဲ့သည့် Cadillac Escalade SUV ကားများ၊၂၀၂၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်း ထုတ်လုပ်ခဲ့သည့် Cadillac Escalade ESV SUV ကားများ၊ ၂၀၂၀ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်အတွင်း ထုတ်လုပ်ခဲ့သည့် Chevrolet Suburban SUV ကားများ၊ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်း ထုတ်လုပ်ခဲ့သည့်Chevrolet Tahoe SUV ကားများ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်း ထုတ်လုပ်ခဲ့သည့် GMC Yukon SUV ကားများ၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၆ ရက် မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်အတွင်း ထုတ်လုပ်ခဲ့သည့် GMC Yukon XL SUV ကားများဖြစ်ပါသည်။ အဆိုပါမော်တော်ယာဉ်များကို ဝယ်ယူထားသူများအနေဖြင့် GM Recall Center သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိဝယ်ယူထားသောကားများသည် ပြန်လည်သိမ်းဆည်းရန်စာရင်းတွင် ပါ/မပါ NHTSA Website တွင် ဝင်ရောက်စစ်ဆေးနိုင်ကြောင်းနှင့်  မော်တော်ယာဉ်ထုတ်လုပ်သူများက ယခုကဲ့သို့ recall ပြုလုပ်ခြင်းများကို မကြာခဏဆောင်ရွက်လေ့ရှိကြသောကြောင့် ပုံမှန်စစ်ဆေးသင့်ကြောင်း NHTSA ကအကြံပြုထားပါသည်။

DOCA(စစ်ကိုင်း)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးဆီအရောင်းဆိုင်များအား  ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

                 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မြောင်းမြမြို့နယ်ဦးစီးမှူးတို့သည် (၂၁.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်က မြောင်းမြမြို့လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်းကုန်မျိုးစုံဆိုင်တွင် စားသုံးဆီများအား ရည် ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ စားသုံးဆီရောင်းချပေးခြင်း၏ရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအ တွက် ရောင်းချပေးခြင်းဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအနေဖြင့် ခွဲဝေရရှိသော စားသုံးဆီပိဿာ (၅၅၀၀)အား တစ်ပိဿာလျှင် ရည်ညွှန်းဈေး(၅၂၀၀)ကျပ်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း တန်းစီစနစ်ဖြင့် ရောင်းချနေမှုအား လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်း ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်နှင့်တွေ့ဆုံပြီး၊ စားသုံးဆီရောင်းချမှုအနေဖြင့် အချိန်အတွယ်မှန်ကန်စွာရောင်းချပေးနိုင် ရေး စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် အဓိကထားဆောင်ရွက်ရန် ကွင်းဆင်းကြပ်မတ်စိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စီးပွားရေးနှင့် ကုန်သွယ်ရေးသတင်းများ

ကောက်နှံစင်္ကြံ ထွက်ခွာသင်္ဘော ၂၇ စီး အထိရှိလာ

          ကောက်နှံစင်္ကြံ( Grain Corridor)စတင်ခဲ့သည့် ရက်ပေါင်းနှစ်ဆယ် ကြာမြင့်ချိန်တွင် ဂျုံ၊ ပြောင်း၊ နေကြာဆီ၊ ပဲပုပ်အစရှိသော ယူကရိန်းလယ်ယာထွက်ကုန်များတင်ဆောင်ထားသည့် သင်္ဘောများ ယူကရိန်းပင်လယ်ဆိပ်ကမ်းများမှ ထွက်ခွာသည်မှာ ၂၇ စီးအထိရှိလာပြီဟု ယူကရိန်း နိုင်ငံ အခြေခံ အဆောက်အအုံဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ၏ အကြံပြုချက်ဖြင့် ဇူလိုင်လ၂၂ ရက်က ကုလသမဂ္ဂ၊ ယူကရိန်း၊တူရကီနှင့်ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ်တို့က ယူကရိန်းပင်လယ်ဆိပ်ကမ်းများဖြစ်သော Odesa ၊ Chornomorsk ၊ Pivdennyi  ဆိပ်ကမ်းများမှ ကောက်ပဲသီးနှံအမျိုးမျိုးနှင့်စားသောက်ကုန် များ ဘေးကင်းစွာပို့ဆောင်ရေး ပဏာမလုပ်ဆောင်ချက်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ ကြပြီး ရေမြှုပ်မိုင်းများအပါအဝင် ဘေးရန်များမှကင်းဝေးစွာဖြင့် ခုတ်မောင်းသွားလာနိုင်မည့် ကုန် သွယ်ရေကြောင်းလမ်းကြောင်း“ကောက်နှံစင်္ကြံ”ကိုအကောင်အထည်‌ဖော်ခဲ့ကြောင်း၊“ကောက်နှံစင်္ကြံ” စတင်ပြီး ရက်ပေါင်းနှစ်ဆယ်အကြာတွင် လယ်ယာထွက်ကုန် စုစုပေါင်းတန်ချိန် ခြောက်သိန်းခုနစ် သောင်း တင်ဆောင်ထားသည့် သင်္ဘော ၂၇ စီးသည် ယူကရိန်းဆိပ်ကမ်းမှထွက်ခွာသွားပြီဟု ထုတ် ပြန်ချက်တွင်ဖော်ပြထားကြောင်း၊ယူကရိန်းပင်လယ်ဆိပ်ကမ်းများတွင် ကုန်တင်နေဆဲသင်္ဘော ၁၈ စီးရှိပြီး ကုန်တင်ရန်စာရင်း‌ပေးထားသည့်သင်္ဘော အစီး ၄၀ ရှိသည်ဟုလည်း အဆိုပါထုတ်ပြန်ချက် တွင်ဖော်ပြထားကြောင်း၊ အခြေခံဆောက်အအုံဝန်ကြီးဌာနက ယူကရိန်းသည် ကမ္ဘာလုံးဆိုင်ရာငတ် မွတ်ခေါင်းပါးမှုကိုတိုက်ဖျက်ရာတွင် ၎င်း၏တာဝန်များကို လိုက်နာကျေပွန်ကြောင်း၊ ပင်လယ်နက် တွင် လုံခြုံရေးအာမခံချက်များကိုဖြည့်ဆည်းပေးသည့်မဟာမိတ်များကို ကျေးဇူးတင်သည်ဟုပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide မှရရှိသည့်သတင်း)

အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီရောင်းလိုအား တိုးမြှင့်မည့်အလားအလာကြောင့် ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်း ကျဆင်းခဲ့

          အင်ဒိုနီးရှားနိုင်ငံ စားအုန်းဆီရောင်းလိုအား ကောင်းမည့်အလားအလာများကြောင့် ဩဂုတ် ၄ ရက် အစောပိုင်းကုန်သွယ်မှုတွင် မလေးရှား စားအုန်းဆီဈေးနှုန်းမှာ ၃% ကျော် ကျဆင်းသွားခဲ့ သည်ကိုတွေ့ရှိရကြောင်း၊ လာမည့် အောက်တိုဘာလတွင်  ကြိုပွိုင့်စားအုန်းဆီအရောင်းအဝယ် စာချုပ် စတင်ချိန်၌ Bursa Malaysia ကုန်စည်ဒိုင်တွင် ၇၆ ရင်းဂစ်(သို့) ၁.၉၇% ကျဆင်းသွားပြီး တစ်တန်လျှင်၃၇၈၈ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၈၅၀.၄၇)သို့ကျဆင်းသွားကြောင်း၊နေ့လယ်ပိုင်း၌ ကြိုရောင်းကြိုဝယ်စာချုပ်ဈေးနှုန်းမှာ တစ်တန်လျှင် ၃၈၀၇ ရင်းဂစ်(အမေရိကန်ဒေါ်လာ ၈၅၅.၁၂) ဖြစ်ခဲ့ကြောင်း၊ ယူကရိန်းဆိပ်ကမ်းများမှ ပို့ကုန်တင်ပို့မှုများ ပြန်လည်စတင်နေပြီဖြစ်ရာ ကမ္ဘာ့နေကြာဆီ ထုတ်လုပ်မှု၏ ၆၀% ခန့်ထုတ်လုပ်ပြီး ထုတ်လုပ်မှု၏ ၇၆ % ကို တင်ပို့သည့် ပင်လယ်နက်ဒေသ ဘက်မှနေကြာဆီများ ကမ္ဘာ့ဈေးကွက်ထဲရောက်ရှိလာလိမ့်မည့်မျှော်လင့်ချက်များ ရှိလာကြောင်း၊ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီအ‌ပေါ် ပို့ကုန်ခွန်လျှော့ချပေးခြင်းနှင့် စားအုန်းဆီတင်ပို့မှု မြင့်မား ခြင်းတို့ကြောင့် အင်ဒိုနီးရှား စားအုန်းဆီနှင့် မလေးရှားစားအုန်းဆီတို့အကြား ပြိုင်ဆိုင်မှုများဖြစ်ပေါ် နေစေပြီး စားအုန်းဆီဈေးကျလာသဖြင့် စားသုံးသူများအတွက် ကုန်ကျစရိတ် ပိုမိုသက်သာလာစေ ကြောင်း၊၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားတွင် စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းလုပ်ငန်းများ၌ ပြတ်တောက်မှုများကြောင့် စားအုန်းဆီထုတ်လုပ်မှုခန့်မှန်းခြေ တန်ချိန် ၄၆.၇ သန်းအထိ ကျဆင်း ခဲ့ကာ ယခင်နှစ်ကထက် ၃ % ကျဆင်းခဲ့ကြောင်း၊ မလေးရှားတွင်လည်း မျှော်လင့်ထားသည်ထက် အလုပ်သမားမလုံလောက်သည့်ပြဿနာများကြောင့် စားအုန်းဆီ ထုတ်လုပ်မှု ၂၀၂၁-၂၀၂၂ ရာသီ တွင် တန်ချိန် ၁၈ သန်းအထိ လျော့နည်းခဲ့ရာ ယခင်နှစ်အလားတူကာလထက် ၁.၆ % ကျဆင်းခဲ့ သည်ဟုသိရှိရသော်လည်း  မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်သိုလှောင်မှုမှာ ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လကုန်တွင် လစဉ် ၉.၈ % တိုးလာဖွယ်ရှိပြီး အဓိကအားဖြင့် ထုတ်လုပ်မှုတိုးလာခြင်းကြောင့် တန်ချိန် ၁.၈၂ သန်းအထိတိုးလာဖွယ်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ တွင် ကမ္ဘာ့စားအုန်းဆီတင်သွင်းမှုမှာ တန်ချိန် ၄၄.၉ သန်းအထိ ကျဆင်းနိုင်မည်ဟုခန့်မှန်းထားပြီး  ယခုနှစ် ဇူလိုင်လအတွင်း တင်သွင်းမှု မှ တန်ချိန် ၄၅ သန်းမှ ၁ % အောက် ကျဆင်းခဲ့ကာ ယခင်နှစ်ထက် ၅.၇ % ကျဆင်းခဲ့ကြောင်း၊ စားအုန်းဆီဈေးမှာ  ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်တွင် ဈေးကွက်ဝေစုလွှမ်းမိုးမှုရှိသော ကြောင့် ဩဂုတ်လအတွင်း  Dalian စတော့အိတ်ချိန်းတွင် ပဲပုပ်ဆီဈေး ၃.၃% နှင့် စားအုန်းဆီဈေး ၄.၁ % ကျဆင်းခဲ့ပြီး Chicago Mercantile Exchange တွင် ပဲပုပ်ဆီဈေး ၁.၂ % ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide မှရရှိသည့်သတင်း)

ရေချိုငါးမြစ်ချင်းများသားဖောက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရန်ဆောင်ရွက်မည်

          မင်းပြား‌‌-ပေါက်တောကားလမ်းဘေး ခေျာင်းရှည်ရွာ ငါးသားဖောက်စခန်းတွင် ဩဂုတ်လမှ စတင်ကာ ငါးမြစ်ချင်းသားဖောက်လုပ်ငန်းများကို မွေးမြူရေးဧက ၁၀၀၀ အထိဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ရခိုင်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာန အနေဖြင့် ရေချိုငါး၊ ပုစွန် မေွးမြူမှုနည်းသောနေရာ၌ ဝယ်လိုအားရှိနေသောငါးမြစ်ချင်းကို အနီးဆုံး ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာတင်ပို့နိုင်ရန် ရှေ့ပြေး Pilot Project အနေဖြင့် ငါးမွေးမြူ ရေးဇုန်ကို စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရေချိုမွေးမြူရေးဧက ၁၀၀၀ နှင့်ရေငန်မွေးမြူရေး ဧက ၁၅၀၀ ရှိသည့်အနက် ရေချိုမွေးမြူရေးကို ကနဉီးအကောင်အထည်ဖော်ခြင်းဖြစ်ပြီး  ဒေသခံ မွေးမြူရေးလုပ်သားများအနေဖြင့် ယင်းကိုစိတ်ဝင်စားပါက  တာဝန်ယူ‌ဆောင်ရွက်နေသော ကုမ္ပဏီ မှ နည်းပညာနှင့်အရင်းအနှီးစိုက်ထုတ်၍ ပူးပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊‌ မွေးမြူ‌ရေး ကန် ဧက ၁၀၀၀ မှထွက်ရှိသောငါးမြစ်ချင်းကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ပြီး  ရေချို ငါး ဈေးကွက်ကြီးတစ်ခု ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ရေချို / ရေငန်အမှန်တကယ် မွေးမြူမှု အဆင်ပြေစေရန်အတွက်  ပြည်နယ်အစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ငါးမြစ်ချင်းကို ပြည်ပပို့ကုန်အတွက်  ၂ နှစ်မွေးမြူလေ့ရှိပြီး ပထမတစ်နှစ်တွင် သားပေါက်မှ ငါးဖျန်းအရွယ် ၊ ဒုတိယနှစ်တွင် ငါးဖျန်းမှရောင်းတန်းဝင် ၂ ကီလို ကျော်အရွယ် မွေးမြူကြကြောင်း သိရှိရပါသည်။

(ရင်းမြစ်- Myanmar Food Guide မှရရှိသည့်သတင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

            ၂၀၂၂ခုနှစ် ဩဂုတ်လ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၅၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၀၀ကျပ်၊ (သေး) တစ်လုံး ၁၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၂၅၀)ကျပ်၊ (သေး)တစ်လုံး (၂၂၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၅၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၄၅၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၉၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေဘိုခရိုင်အတွင်း မြို့နယ်များရှိ ကုန်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

      ဩဂုတ်လ(၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေဦးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင် ဦးစီးမှူးဦးတင်စိုးနိုင်သည် ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ “ကြည်သာဦး” ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံပြီး ဆန်၊ စပါးဈေးနှုန်း၊ ဈေးကွက်နှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေး ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌လုပ်ငန်းရှင်မှ ရေဦးမြို့နယ်အနေဖြင့် ယခုအချိန်တွင်  ၂၀၂၁-၂၀၂၂ခုနှစ် ထွက်မိုးစပါး ရွှေဘိုပေါ်ဆန်းစပါးမှာ တောင်သူအများစုမှ လွန်ခဲ့သော (၃) လခန့်ကတည်းက ပေါက်ဈေးဖြင့် ရောင်းချကြသောကြောင့် တောင်သူများလက်ထဲတွင် လှောင်ထားသည့်စပါး လက်ကျန်  မရှိသလောက်ဖြစ်နေကြောင်း၊ လက်ရှိစပါး၊ ဆန်ပေါက်ဈေးများမှာ ၂၀၂၁-၂၀၂၂ ခုနှစ်ထွက် မိုးစပါး ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၂၃၀၀၀၀ဝိ/-)၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် (၁၃၀၀၀၀ဝိ/-)၊ နွေစပါးရွှေဝါထွန်းတင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-) ပေါက်ဈေးရှိပြီး  ရွှေဘိုပေါ်ဆန်းဆန် တစ်တင်းခွဲဝင် တစ်အိတ်လျှင် (၈၀၀၀ဝိ/-)၊ ဧရာမင်းဆန် တစ်တင်းခွဲဝင်တစ်အိတ်လျှင်(၅၈၀၀ဝိ/-)၊ ရွှေဝါထွန်းဆန် တစ်တင်းခွဲဝင် တစ်အိတ်လျှင် (၃၃၀၀ဝိ/-) ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ်ပါက ယခုနှစ်တွင် မိုးစပါးရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၁၀၀၀၀၀ဝိ/-)နှင့် ဧရာမင်း စပါးတင်း(၁၀၀)လျှင် (၁၀၀၀၀ဝိ/-)ခန့် ဈေးပို၍ပေးဝယ်ရကြောင်း၊ နွေစပါးမှာ ယခင်နှစ်တွင်မိုးရွာသွန်းမှုနည်း၍ ဆည်ရေမရသဖြင့် စိုက်ပျိုးမှုမရှိကြောင်း၊ လက်ရှိအချိန်တွင် မိုးစပါးမှာ ကာလတူထက် စပါးဈေးမြှင့်တက်နေသော်လည်း ပေါပေါများများဝယ်ယူ၍မရဘဲ တောင်သူအနည်းစုမှ မိမိလက်ကျန် စပါးများကို ကြိုက်ရောင်း၊ ကြိုက်ဝယ်အဆင့်သာရောင်းချလျက်ရှိကြောင်း၊ ဈေးသာရှိပြီး စပါးလက်ကျန် မရှိသလောက် နည်းပါးနေသည်ဟုသုံးသပ်ရသဖြင့် မိမိထံတွင် သိုလှောင်ထားသည့် စပါးများကိုသာ အဓိကကြိတ်ခွဲရောင်းချလျက်ရှိကြောင်း၊ နွေစပါးမှာ တစ်မြို့နယ်လုံးအထွက်တင်း၏ သုံးပုံတစ်ပုံခန့် ကျန်ရှိနိုင်သည်ဟု သုံးသပ်ရကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

         

 

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ တတိယပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၇၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၃၁၄၀၀၊ တန်အားဖြင့် ၆၅၇၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်း အိတ်ရေ ၁၃၅၀၀၀ ၊ တန်အားဖြင့် ၆၇၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၃၆၀၀၊ တန်အားဖြင့် ၁၈၀တန် ပို၍စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာရွှေဘို ပေါ်ဆန်းစပါး တင်း ၁၀၀လျင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ် ၈၂၀၀၀၊ ဧရာမင်းစပါး တင်း ၁၀၀လျင် ကျပ် ၁၃၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ် ၅၈၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း ၁၀၀လျင် ကျပ် ၁၀၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ် ၃၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                     

ဘိလပ်မြေဈေးနှုန်းများ  မြှင့်တက်လျှက်ရှိ

           ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ ပိုမိုဝင်ရောက်လာပြီး ယခု ဩဂုတ်လတွင် ဟိုပုံး၊ ပြည်ညောင်ဘက်မှ ဘိလပ်မြေအိတ်(၁၈၃၅၂) အိတ်ဝင်ရောက်ပြီး ယခုလက်ရှိဈေးကွက်အတွင်း ဩဂုတ်လတတိယ ပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး  ယခင် ဇူလိုင်လ တတိယ ပတ်တွင် ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၇၄၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၇၄၀၀) ကျပ်၊နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၇၃၀၀) ကျပ်သာ ရှိခဲ့ပြီး ယခင် ဇူလိုင်လ တတိယပတ်နှင့် ယခု ဩဂုတ်လတတိယပတ် နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ တစ်အိတ်လျှင် (၁၁၀၀) ကျပ်၊ အာပါချီ တစ်အိတ်လျှင် (၁၁၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၁၂၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လာ၍ သယ်ယူစရိတ် မြှင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ကိုကံခြား အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း