ပြည်တွင်းကုန်သွယ်မှုသတင်း
Powered by Drupal
နာနတ်သီး ဈေးနှုန်းဈေးကွက်
၁.၇.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ
ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

ဇွန်လ (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီး ထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၇၁၉၅၇၊ မန္တလေး သို့ အိတ်ရေ ၂၂၉၂၆၄၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၊ပဲခူးသို့ အိတ်ရေ ၂၇၁၅၊ ပြည်သို့ အိတ်ရေ ၇၉၅၊ တောင်ငူသို့ အိတ်ရေ ၂၃၅၅၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၂၂၂၃၊ မိတ္ထီလာသို့အိတ်ရေ ၃၅၆၈၊ ဘားအံသို့ အိတ်ရေ ၂၅၇၀၊ ရှမ်း(တ) သို့ အိတ်ရေ ၂၂၅၁၅၊ ကချင်သို့ အိတ်ရေ ၅၉၂၊ မွန်သို့ အိတ်ရေ ၁၃၃၀၅၊ မူဆယ်သို့ အိတ်ရေ ၁၈၀၊ ဧရာဝတီသို့ အိတ်ရေ ၁၈၀၊မကွေးသို့ အိတ်ရေ ၁၈၀၅ စုစုပေါင်း အိတ်ရေ (၁၅၅၀၂၄) အိတ်၊ တန်အားဖြင့် (၇၇၅၁)စီးထွက်ခဲ့ပြီး၊ ဇွန်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၅၂၅၀၊ မန္တလေးသို့ အိတ်ရေ ၂၀၆၆၀၊ နေပြည်တော်သို့ အိတ်ရေ ၈၂၂၊ပဲခူးသို့ အိတ်ရေ ၁၁၉၆၊ ပြည်သို့ အိတ်ရေ ၇၄၀၊ တောင်ငူသို့ အိတ်ရေ ၅၄၅၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၇၀၊ မိတ္ထီလာသို့အိတ်ရေ ၁၉၇၄၊ ဘားအံသို့ အိတ်ရေ ၂၃၇၅၊ ရှမ်း(တ) သို့ အိတ်ရေ ၁၀၈၄၅၊ ကချင်သို့ အိတ်ရေ ၃၀၆၀၊ မွန်သို့ အိတ်ရေ ၉၁၄၀၊ မကွေးသို့ အိတ်ရေ ၃၈၀ စုစုပေါင်း အိတ်ရေ ( ၈၇၅၅၉) အိတ်၊ တန်အားဖြင့် (၄၃၇၈) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၆၇၄၆၅) အိတ်၊ တန်အားဖြင့် (၃၃၇၃)တန် လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
မုံရွာမြို့၊ သာစည်ဈေးရှိ ဆူးပုတ်ကြီးရွက်ဈေးနှုန်းအခြေအနေ
ကျွန်းလှမြို့နယ်အတွင်း စိန်တစ်လုံးသရက်သီးနှင့် သကြားသရက်သီးအမှည့် ဈေးနှုန်း မြင့်တက်

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၈၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၅၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈)လုံးနှင့် တစ်လုံး(၁၀၀)ကျပ် (၁၀၀၀)ကျပ်ဖိုး(၁၀)လုံးဖြင့်ရောင်းချကြောင်း ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၇၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀/၂၀၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈/၅)လုံး တို့ဖြင့်ရောင်းချကြောင်း ယခင်အပတ်ထက် စိန်တစ်လုံးသရက်သီးမှည့် ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။
DOCA(စစ်ကိုင်း)








