ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရေစကြိုမြို့ရှိ “ကောင်းသန့်” ပဲကြော်လုပ်ငန်း ထုတ်လုပ်ပုံ အဆင့်ဆင့်အား ကွင်းဆင်းလေ့လာခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရေစကြိုမြို့နယ် တာဝန်ခံ ဦးမြတ်မင်းနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ကြည်ကြည်စိုးတို့သည် (၉.၈.၂၀၂၂) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့အမှတ်(၈)ရပ်ကွက်၊ “ကောင်းသန့်” ပဲကြော် လုပ်ငန်းသို့သွားရောက်၍ ကုန်ကြမ်းများဝယ်ယူရသည့် အခြေအနေ၊ ထုတ်လုပ်မှု အခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ သုံးစွဲသည့် ဆီအမျိုးအစား၊ ဆီဝယ်ယူရရှိမှုနှင့် သုံးစွဲမှု အခြေအနေများကို ကွင်းဆင်းမေးမြန်းခဲ့ပါသည်။ မေးမြန်းရာတွင် ကောင်းသန့်ပဲကြော် မန်နေဂျာ ဦးမျိုးလွင်မှ ပဲကြော်ရာတွင် သုံးသည့်ပဲမှာ တရုတ်ပဲနှင့် စွန်တာနီပဲများဖြစ်ကြောင်း၊ ယခုအချိန်တွင် တရုတ်ပဲများကိုသာ အများဆုံးကြော်နေရကြောင်း၊ တရုတ်ပဲကို မန္တလေးမှ ဝယ်ယူပြီး ဈေးနှုန်းမှာ (၅၀)ပိဿာပါ (၁)အိတ်လျှင်(၂၁၀၀၀၀/-)ကျပ်ပေးရကြောင်း၊ စွန်တာနီဆိုလျှင် (၃၀)ပိဿာပါ (၁)အိတ်ကို (၁၂၀၀၀၀/-)ကျပ်ပေးရကြောင်းပြောပြခဲ့ပါသည်။

          ဆက်လက်၍ ထုတ်လုပ်မှုအဆင့်ဆင့်ကို ပြောပြရာတွင် ပထမဦးစွာ ပဲဆံများကို စက်ဖြင့် အခွံချွတ်ကြောင်း၊ (၃၀) ပိဿာပါ (၁) အိတ်ကို အခွံချွတ်ရာတွင် တရုတ်ပဲဆို (၂၃) ပိဿာကျန်ပြီး၊ စွန်တာနီဆိုလျှင် (၂၃)ပိဿာ (၅၀)ကျပ်သား ကျန်ရှိကြောင်း၊ ကြော်မည်ဆိုလျှင် (၁)ညရေစိမ် ထားရကြောင်း၊ မနက်မှစက်များဖြင့် ကြော်ကြောင်း၊ (၁)ဒယ်လျှင် (၁၅)ပိဿာ ထည့်ကြော်ကြောင်း၊ စကြော်ရာတွင် ကြော်စက်ထဲသို့ ဆီပေပါ (၇) လုံးခန့် ထည့်ရကြောင်း၊ (၁)ရက်လျှင် စက် (၁) လုံးကို ပဲအိတ်အလုံး(၅၀) ကြော်ရကြောင်း၊ စက်(၃)လုံးရှိသော်လည်း (၂)လုံးသာ ကြော်ကြောင်း၊ (၁)လုံးမှာ အရန်ထားကြောင်း၊  တစ်နေ့လျှင် ပိဿာ(၃၀)ပါ အိတ်(၁၀၀)ကြော်ရကြောင်း၊ (၁)ရက် (၃၀) ပိဿာပါ ပဲအိတ် (၁၀၀)ကြော်ရာတွင် တရုတ်ပဲဆိုလျှင် ဆီပေပါ (၁၈) လုံးခန့် ကုန်ပြီး စွန်တာနီ ဆိုလျှင် ဆီပေပါ (၁၀)လုံးခန့် ကုန်ကြောင်း၊ (၃၀)ပိဿာပါ ပဲ(၁)အိတ်ကြော်လျှင် တရုတ်ပဲ ဆို (၄၀) ပိဿာရပြီး၊ စွန်တာနီပဲဆိုလျှင် (၃၁)ပိဿာရကြောင်း၊ ပဲကြော်ရာတွင် လောင်စာအဖြစ် ဇီးခွဲကြမ်းများကိုသုံးကြောင်း၊ (၁)ပိဿာကို (၁၅၀/-)ကျပ်ပေးရကြောင်း၊ (၁)ရက်လျှင်(၂၀)အိတ် ကုန်ကြောင်း သိရပါသည်။

         ပဲကြော်ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအနေဖြင့် (၁)ပိဿာကို တရုတ်ပဲကြော် ဆိုပါက (၆၅၀၀/-) ကျပ်ရှိပြီး ရိုးရိုးပဲမှာ (၅၅၀၀/-)ကျပ် ဖောက်သည်ပေးရကြောင်း၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ (၃၀)ပိဿာအိတ်ကြီးများဖြင့် တင်ပို့ရကြောင်း၊ အလုပ်သမား (၃၀) ကျော်ရှိ ပြီး (၁)ရက်လျှင် အလုပ်သမားခမှာ(၁)ဦးကို (၁၀၀၀၀/-)ကျပ်ပေးရကြောင်း ယခုအခါတွင် ပဲကြော်ရန် ဆီ(၁)ပိဿာကို(၈၈၀၀/-)ကျပ်ပေးဝယ်ရ၍ အခက်အခဲရှိနေကြောင်း ဈေးကွက် အနေဖြင့် ထုတ်လုပ်နိုင်သလောက် တင်ပို့ရောင်းချရကြောင်း၊ ဒါပေမဲ့ ဆီအလုံအလောက် ဝယ်ယူ၍မရသောကြောင့် မကြော်နိုင်ကြောင်း၊ အလုပ်သမားများမှာလည်း တွက်ချေကိုက်မှုမရှိပဲ အခက်အခဲများရှိနေကြောင်း၊ ရေစကြိုမြို့အနေဖြင့် မိမိအပါအဝင် ပဲကြော်ဖို (၅) ဖို ရှိပါကြောင်း၊ ပဲဖို(၁) ဖိုတွင် (၁) ရက် သုံးစွဲဆီ (၂၀၀၀) ပိဿာနှင့် (၁) လလျှင် (၆၀၀၀၀) ပိဿာခန့် လိုအပ်ကြောင်း၊ ပဲကြော်ဖို (၅)ဖို ရှိသည့်အတွက် (၁)ရက်လျှင် သုံးစွဲဆီ (၁၀၀၀၀) ပိဿာနှင့် (၁) လလျှင် (၃၀၀၀၀၀) ပိဿာခန့် လိုအပ်မည်ဖြစ်ကြောင်း၊ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာဖြင့်အလွယ်တကူ ဝယ်ယူရရှိပါကအဆင်ပြေပြီး အလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ကြောင်း၊ စားသုံးသူများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း မန်နေဂျာ ဦးမျိုးလွင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

          အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၁.၈.၂၀၂၂)နှင့် ယခု အပတ် (၁၇.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၁၉၅၀၀ဝိ/-)ယခုအပတ်(၂၂၀၀၀ဝိ/-)ဖြစ်၍ (၂၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ နှမ်းနီ ယခင်အပတ် (၁၉၅၀၀ဝိ/-)ယခုအပတ် (၂၂၅၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၂၀၀၀ဝိ/-)ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

           ပဲမျိုးစုံစျေးကွက်တွင် မတ်ပဲ(၂၀)ပိဿာ တစ်တင်းလျှင် ယခင်အပတ်(၅၈၀၀ဝိ/-) ယခုအပတ် (၅၈၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ပဲကြီး ယခင်အပတ်(၇၁၀၀ဝိ/-) ယခုအပတ်(၇၂၀၀ဝိ/-) ဖြစ်၍(၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲမှာ ယခင်အပတ်(၅၃၀၀ဝိ/-) ယခုအပတ် (၅၈၀၀ဝိ/-) ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၇၀၀ဝိ/-) ယခုအပတ် (၄၂၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင်အပတ်(၄၈၀၀ဝိ/-) ယခုအပတ် (၄၉၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်(၆၀၀၀ဝိ/-) ယခုအပတ် (၆၁၂၀ဝိ/-) ဖြစ်၍ (၁၂၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) ယခင်အပတ်(၅၆၀၀ဝိ/-) ယခုအပတ် (၆၅၅၀ဝိ/-) ဖြစ်၍ (၉၅၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၅၆၀၀ဝိ/-) ယခုအပတ် (၆၄၅၀ဝိ/-) ဖြစ်၍ (၈၅၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခင်အပတ်(၅၉၅ဝိ/-) ယခုအပတ် (၆၁၀ဝိ/-) ဖြစ်၍ (၁၅ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၅၉၀ဝိ/-) ယခုအပတ် (၆၁၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲတောင့်(စို) တစ်တင်း ယခင်အပတ်(၂၁၅၀ဝိ/-) ယခုအပတ် (၂၂၀၀ဝိ/-) ဖြစ်၍ (၅၀ဝိ/-) ဈေးမြင့်တက်ခဲ့ကာ  အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၂၈၀)အိတ်၊ နှမ်းနီ(၃၅၀)အိတ်၊ နှမ်းနက်(စမုံ)(၄၈၀၀) အိတ်၊ ပဲတီစိမ်း(၁၇၅၀)အိတ်၊ ပဲစဉ်းငုံနီ(၂၃၀၀)အိတ်၊ မတ်ပဲ(၁၃၀)အိတ်၊ ကုလားပဲ(HL) (၁၆၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၁၂၀၀)အိတ်၊ ဘိုကိတ်ပြာ (၃၄၀)အိတ်၊ ပဲကြီး(၇၀၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၃၂၀)အိတ်၊ မြေပဲလုံး ဆံ(နီ) (၄၅၀)အိတ်၊ မြေပဲတောင့်(အစို)(၃၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

ရေနံချောင်းမြို့၏ ဒေသထွက်ကုန်ကြက်သွန်နီ စျေးနှုန်းမြင့်တက်

              ဩဂုတ်လ တတိယအပတ်တွင် ရေနံချောင်းမြို့၏ ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမြင့်တက်လာကြောင်း သိရပါသည်။ ဇူလိုင်လတွင် ကြက်သွန်နီသည် အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင်(၁၄၀၀-၁၆၀၀-၁၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုဩဂုတ်လ တတိယအပတ်တွင် (၁)ပိဿာလျှင် (၁၉၀၀-၂၁၀၀-၂၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်၍ ကြက်သွန်နီ စိုက်တောင်သူများ စျေးကောင်းရနေကြောင်း သိရပါသည်။

            ရေနံချောင်းမြို့နယ်အတွင်း  ကြက်သွန်နီစိုက်ဧကစုစုပေါင်း (၃၄၉၉)ဧကရှိပြီး တောင်သူအများစုမှာ ပဲခူးရိုးမမှ ချောင်းဖျားခံပြီး ဧရာဝတီမြစ်သို့စီးဝင်သော ပင်းချောင်းတစ်လျှောက်တွင် အပင်စိုက် စနစ်ဖြင့် စိုက်ပျိုးကြကြောင်းနှင့် မန်ပြေရွာ ၊ ဘုရားကုန်းရွာနှင့် ပင်းဝရွာများမှ  တောင်သူအနည်းစုသည်လည်း ရွာအနီးနားရှိ ကျွန်းများပေါ်တွင် ဥစိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

            ဒေသထွက်ကုန် ကြက်သွန်နီများကို ပွဲရုံများမှတဆင့် မြို့တွင်းနှင့်အနီးအနားရှိ မြို့များသို့ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပြီး ရန်ကုန်၊ ပြည်နှင့် ရခိုင်ပြည်နယ်များသို့ နေ့စဉ် ပိဿာ(၁၅၀၀၀)ခန့် တင်ပို့ရောင်းချနေရကြောင်း နေ့စဉ်ပိဿာ စုစုပေါင်း(၂၀၀၀၀)ခန့်ရောင်းချရကြောင်း ကြက်သွန်ကုန်သည် တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)

မကွေးစျေးကွက်အတွင်း ငရုတ်သီးခြောက်စျေးနှုန်းများ မြင့်တက်လျှက်ရှိ

           ဩဂုတ်လ ဒုတိယအပတ်တွင် မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံး ပစ္စည်းတစ်မျိုးဖြစ်သည့် ငရုတ်သီးခြောက်စျေးနှုန်းများ မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

          ဩဂုတ်လဒုတိယအပတ်တွင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၅၀၀၀-၁၇၀၀၀)ကျပ် ဖြစ်ပြီး တတိယအပတ်တွင် ငရုတ်သီးခြောက်(၁)ပိဿာလျှင် (၁၉၅၀၀-၂၀၀၀၀)ကျပ်အထိ မြင့်တက်လာကြောင်း၊ မကွေးဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုတ်သီးခြောက်မှာ မိတ္ထီလာမြို့မှဝင်သည့် ငရုတ်ဖြစ်ကြောင်း၊ ငရုတ်သီးစိမ်းမှာ မင်းလှ၊ မိကျောင်းရဲနှင့် တောင်တွင်းကြီးတို့မှဖြစ်ပြီး အစိမ်း(၁)ပိဿာလျှင် (၈၀၀၀)မှ (၁၀၀၀၀)ကျပ်ကြားရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၏ ၂၀၂၂-ခုနှစ်၊ ဩဂုတ်လ ပထမအပတ်နှင့် ဒုတိယအပတ် စက်သုံးဆီစျေးနှုန်းအခြေအနေ

             စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအားနေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

            မကွေးမြို့ပေါ်တွင် စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိပြီး  ပုံမှန်ဖွင့်လှစ်ရောင်းချလျှက်ရှိရာ၂၀၂၂-ခုနှစ် ဩဂုတ်လအတွင်း ပထမအပတ်နှင့် ဒုတိယအပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ  ဒီဇယ်ရိုးရိုး (၁) လီတာလျှင် ယခင်အပတ်(၂၅၉၅)ကျပ်၊ ယခုအပတ်(၂၇၄၅)ကျပ်ဖြစ်၍ (၁၅၀)ကျပ် စျေးတက်၊ ဒီဇယ် ပရီမီယမ်(၁)လီတာလျှင် ယခင်အပတ်(၂၆၇၀)ကျပ်၊ ယခုအပတ်(၂၈၂၀)ကျပ်ဖြစ်၍ (၁၅၀) ကျပ် စျေးတက်၊ ဓါတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်(၂၂၉၀)ကျပ်၊ ယခုအပတ်(၂၄၁၀) ကျပ်ဖြစ်၍ (၁၂၀)ကျပ် စျေးတက်၊ ဓါတ်ဆီ(95) (၁)လီတာလျှင် ယခင်အပတ်(၂၃၅၅)ကျပ်၊ ယခုအပတ်(၂၄၉၀) ကျပ်ဖြစ်၍ (၁၃၅)ကျပ် အသီးသီးစျေးတက်လျှက်ရှိကြောင်း စက်သုံးဆီအရောင်း ဆိုင်များမှ သိရှိရပါ သည်။

DOCA(မကွေး)

ဝန်ကြီးဌာနနှင့် ဦးစီးဌာနများတွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများ

            (၁၇-၈-၂၀၂၂) ရက်နေ့တွင် Diamnd Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ “ရာသက်ပန်” အမှတ်တံဆိပ် စားသုံးဆီများကို တစ်ပိဿာလျှင် (၃၉၀၀) ကျပ်နှုန်းဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့တွင် ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ပါတယ်။

          ထိုရောင်းချမှုတွင် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) တွင် ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဝန်ကြီးဌာနနှင့် ဝန်ထမ်းအိမ်ယာတို့တွင် ပိဿာချိန် (၈၉၀)ရောင်းချပေးခဲ့ကြောင်း၊ ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂)တွင် ပိဿာချိန် (၁၀၈၀)ရောင်းချပေးခဲ့ကြောင်းနှင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂-D)တွင် ပိဿာချိန် (၄၃၀)ရောင်းချပေးခဲ့ပြီး စုစုပေါင်း ပိဿာချိန် (၂၄၀၀) ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

          ထိုသို့ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစေရန်အတွက် သက်သာသော ဈေးနှုန်းဖြင့် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများတွင် စားသုံးဆီရောင်းချပေးနေမှုများကို အတတ်နိုင် ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးက ပြောကြားခဲ့ပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

              အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၁၂)ရက်နေ့မှ ဩဂုတ်လ(၁၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၀၀၀ မှ ၁၂၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၃၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၄၀၀ မှ ၂၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၈၀၀ မှ ၄၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၈၁၉၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၉၈၀၅)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၅၉၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၈၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၁၅၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၁၃၅၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၆၆၅၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၄၄၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

             ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၉) ရက်နေ့မှ ဩဂုတ် လ (၁၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ မှ ဖရဲသီး (211) အလုံး ကြီး ကျပ် ၁၈၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၂၀၀ မှ ၁၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီး၊ ပုပ္ပါး မှ မာလကာသီး(ကီလို) အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံးသေး ၂၀၀ မှ ၁၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၈၀၀ မှ ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ မှ ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀၊ မော်လမြိုင်၊ တိုက်ကြီး မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ မှ ၁၀၀၀၊ အလုံးသေး ကျပ် ၈၀၀ မှ ၅၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၅ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၇၀ ပါကျပ် ၁၂၀၀၀၊ အလုံး သေး သေတ္တာ အလုံး ၈၅ မှ ၉၀ ပါကျပ် ၉၀၀၀၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၅၅ လုံးပါ ကျပ် ၂၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၇၀ ပါကျပ် ၂၂၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၈၅ မှ ၉၀ ပါကျပ် ၁၈၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

Diamond Dragon Co.,Ltd မှ ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”တို့နှင့် ပူးပေါင်း၍ ၁၅.၈.၂၀၂၂ ရက်နေ့၌ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများနှင့် မြန်မာ့မီးရထားရုံးရှိ ဝန်ထမ်းများနှင့် အလုပ်သမားများအား တစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားတစ်ဘူး လျှင် ၂၄၅ဝိ/-နှုန်းဖြင့်  Diamond Dragon Co.,Ltd မှ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဝယ်လိုအားကောင်းခြင်းကြောင့် နှမ်းစျေးမြင့်”

           မိတ္ထီလာခရိုင်အတွင်း နှမ်းညို၊ နှမ်းဖြူတို့မှာ ရန်ကုန်နှင့် မူဆယ်တို့မှ ဝယ်လိုအားကောင်းခြင်း စျေးမြင့်လာကြောင်း သိရသည်၊၊ နှမ်းသီးနှံ စတင်ထွက်ရှိစဉ်က တစ်တင်းလျှင် (၆၀၀၀၀ိ/-)(၆၂၀၀၀ိ/-)ရှိ ခဲ့ရာမှ ယခုအခါ နှမ်းညိုတစ်တင်းလျှင် (၇၀၀၀၀ိ/-)နှင့် နှမ်းဖြူတစ်တင်းလျှင် (၇၅၀၀၀ိ/-) ရှိကြောင်း သိရသည်။ နှမ်းညိုတစ်တင်းကြိတ်ခွဲလျှင် နှမ်းဆီ(၇)ပိဿာ အထိရရှိပြီး နှမ်းဆီစျေးမှာ တစ်ပိဿာလျှင် (၁၂၀၀၀ိ/) ရှိပါသည်။ တောင်သူများ နှမ်းသီးနှံအတိုင်းရောင်းချမှုရှိပြီး အချို့မှာ ဆီအနေနှင့် ကြိတ်၍ ရောင်းချကြပါသည်။ ဆီကြိတ်ခမှာ နှမ်းတစ်တင်းလျှင် (၅၀၀၀ိ/-) ပေးရပြီး နှမ်းဖက်ကိုလည်း တိရိစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ယခုနှစ် နှမ်းစိုက်တောင်သူများ တွက်ခြေကိုက်ကြောင်း သိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း