ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ် မတ်လ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည် ၃၃၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၂၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

    စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၃၅၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၈၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

    မုံရွာမြို့ သီရိမင်္ဂလာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်း သိရပါသည်။

    ယခုမတ်လ ဒုတိယအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၀၀၀၀)ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၅၀၀၀) ကြား၊ ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၂၀၀၀မှ ၂၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၉၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၅၀၀ မှ ၁၀၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၃၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၅၀၀မှ ၃၀၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၂၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၀၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၀၀၀၀)ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

   မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း သိရှိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ဈေးနှုန်းကွာခြားလျက်ရှိပါသည်။

   ယခုမတ်လ ဒုတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)မှ ကျပ်(၈၀၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၆၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀မှ ၂၄၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀မှ ၃၂၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၇၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၅၀၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၉၅၀-၁၂၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ)လျှင် ၇၀၅၀-၇၁၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၁၃၀၀ မှ ၁၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၂၀၀ မှ ၅၃၀၀ ကျပ်၊ အားလူး(တစ်ပိဿာ) ၂၄၀၀ မှ ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ)လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ)လျှင် ၅၂၀၀-၅၃၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၆၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၆၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၀၀၀ မှ ၁၅၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

       ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းများ အနည်းငယ်မြှင့်တက်နေပါကြောင်း၊ မန်ကျည်းသီး မှည့်အသစ်များ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဈေးအနည်းငယ်ကျဆင်းနေပါကြောင်း သိရှိရပါသည်။ ကြက်သွန်နီ(သစ်) ဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။ ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက် ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

   မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်၏ ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

       ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၄၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၃၉၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၄၀မှ ၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

        ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် သုံးသောင်းခွဲခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

      ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

     ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၃၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၄၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၉၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၆၃၅၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

     ယခင်နှစ် မတ်လ၊ ဒုတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၉၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၆၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မတ်လ၊ ဒုတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၈၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်မှ ငါးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၇၃.၀၀၀)ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ အထိ(၁၁)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၉.၃၃၃)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၅.၄၂၆)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၄.၇၅၉) ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ (၁)နှစ်စာ လျာထားချက်အပေါ်  (၂၀.၂၁၈)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၁)လတာ လျာထားချက်အပေါ် (၂၃.၀၆၁)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

    အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ စီးကရက်(အမျိုးမျိုး)၊ CMP ဖိနပ်နှင့် နန့်ဖာလုံကုန်စုံတို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ဖြစ်ကြောင်း သိရပါသည်။

  တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေ့နေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက်များ ပြည့်မီစေရေးတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

  စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင် စပါးဈေးအနည်းငယ်မြှင့်တက်နေပြီး၊ ကန့်ဘလူနှင့် မုံရွာခရိုင်တို့တွင် စပါးဈေး အနည်းငယ်ကျနေပါကြောင်း၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရှိရပါသည်။

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်လ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၆၀၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၁၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင် ကျပ် ၇၀၀၀၀၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၅၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည်ပါ တစ်အိတ်လျှင်  ၆၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ကျပ်၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၅၀၀၀၀၊ ငစိန်(စပါး)(သစ်) တင်း ၁၀၀ လျှင် ၁၃၀၀၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၄၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၆၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၅၀၀၀၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၇၃၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (ပထမ)ပတ်တွင် ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၇၇၂၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၉၃၂၀)အိတ်၊ တန်အားဖြင့် (၇၉၆၆)တန် စီးထွက်ခဲ့ပြီး၊ ယခု မတ်လ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၆၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၅၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၇၈၀၀)အိတ်၊ တန်အားဖြင့် (၇၈၉၀)တန် စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၅၂၀)အိတ်နှင့်  တန်အားဖြင့် (၇၆)တန် လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                                                            

ပခုက္ကူကုန်စည်ဒိုင်၏ ပဲမျိုးစုံနှင့်မန်ကျည်းသီး ရောင်းဝယ်မှုအခြေအနေ

     ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်လ ပထမပတ်တွင်  ပဲဈေးများမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

  ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သောပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ(ပဲမာ)တစ်တင်းလျှင် ကျပ်(၆၇၃၀၀)၊ ကုလားပဲ (V6) တစ်တင်းလျှင် ကျပ်(၆၃၀၀၀)၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ်(၆၁၄၀၀)၊ ပဲယင်း(မြစ်ခြေ)တစ်တင်းလျှင် ကျပ်(၄၉၅၀၀)၊ ပဲယင်း(နီ)တစ်တင်းလျှင် ကျပ်(၇၄၀၀၀)၊ စွန်တာနီ(ကျွန်း)တစ်တင်းလျှင် ကျပ်(၅၀၀၀၀)၊ ထောပတ်ပဲဖြူ(ကျွန်း)တစ်တင်းလျှင် ကျပ်(၇၆၀၀၀)၊ ထောပတ်ပဲဖြူ(ယော)တစ်တင်းလျှင် ကျပ်(၇၀၀၀၀) အသီးသီးဈေးနှုန်းရှိခဲ့ပါသည်။

     ယခု မတ်လ ပထမပတ်တွင် ပဲစဉ်းငုံနီ(ပဲမာ)တစ်တင်းလျှင် ကျပ်(၆၈၇၀၀)၊ ကုလားပဲ V6 တစ်တင်းလျှင် ကျပ်(၆၃၀၀၀)၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ်(၆၂၅၀၀)၊ ပဲယင်း(မြစ်ခြေ)တစ်တင်းလျှင် ကျပ်(၄၉၅၀၀)၊ ပဲယင်းနီတစ်တင်းလျှင် ကျပ်(၇၄၈၀၀)၊ စွန်တာနီ(ကျွန်း)တစ်တင်းလျှင် ကျပ်(၅၁၀၀၀)၊ ထောပတ်ပဲဖြူ(ကျွန်း)တစ်တင်းလျှင် ကျပ်(၇၈၅၀၀)၊  ထောပတ်ပဲဖြူ(ယော)တစ်တင်းလျှင် ကျပ်(၈၁၀၀၀)ဖြစ်သောကြောင့် ဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

     ရောင်းဝယ်မှုအနေဖြင့် ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်မှ မတ်လ ပထမပတ်အတွင်း ပဲစဉ်းငုံနီ (ပဲမာ)တစ်တင်းဝင်အိတ် (၁၅၀၀)အိတ်၊ ကုလားပဲ (V6) တစ်တင်းဝင်အိတ် (၉၀၀)အိတ်၊ ကုလားပဲ (929) တစ်တင်းဝင်အိတ် (၈၅၀)အိတ်၊ ပဲယင်း(မြစ်ခြေ)တစ်တင်းဝင်အိတ် (၁၃၅၀)အိတ်၊ ပဲယင်းနီတစ်တင်းဝင်အိတ် (၅၀၀)အိတ်၊ ထောပတ်ပဲဖြူ(ကျွန်း)တစ်တင်းဝင်အိတ် (၂၀၀၀)အိတ်၊ ထောပတ်ပဲဖြူ(ယော )တစ်တင်းဝင်အိတ် (၁၆၅၀)အိတ်နှင့် စွန်တာနီ(ကျွန်း)မှာ အများ အိတ်ရေ(၂၂၆၀)အိတ်ရှိ၍ အများဆုံးရောင်းဝယ်မှုရှိခဲ့ပါသည်။

   ယခုအချိန် ပခုက္ကူနယ်ဘက်တွင် မန်ကျည်းသီးလှိုင်လှိုင်ပေါနေသောအချိန်ဖြစ်၍ တစ်ပိဿာလျှင် (၁၃၅၀)ကျပ်နှင့် ပိဿာ(၇၇၀၀၀)အထိ အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း