ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လားရှိုး လိုင်ချီးသီးများ ဈေးကွက်ရရှိနေ

           ယခုအချိန်တွင် လိုင်ချီးသီးများလှိုင်လှိုင်ပေါ်နေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်များဖြစ်နေကြောင်း သိရပါသည်။ လှိုင်ချီးသီးများကို မြန်မာပြည်အနှံ့အတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များတွင် စီပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရပြီး နောင်မွန်ကျေးရွာနှင့် နောင်လိုင်ကျေးရွာတို့မှ အများဆုံးစိုက်ပျိုးထွက်ရှိသော လိုင်ချီးသီးများသည် အလုံးကြီးပြီးအရသာချိုသောကြောင့် လူကြိုက်များ၍ အရောင်းတွက်ကြောင်းကို ခြံရှင်နှင့် လက်ကား ဝယ်ယူသူထံမှ သိရှိခဲ့ရပါသည်။

          ၎င်းအသီးများကိုလားရှိုးမြို့တွင်းသာမက မှာယူသည့်အပေါ်မူတည်၍ လောက်ကိုင်မြို့၊ မူဆယ်မြို့၊ ရန်ကုန်၊ မန်းလေးနှင့်စသည့်အခြားမြို့ များသို့လည်း တင်ပို့ရောင်းချကြောင်းနှင့် အသီးကို တစ်ပိဿာလျှင်စစပေါ်ချိန်တွင်(၆၀၀ဝိ/-)ကျပ်ရှိပြီး ယခုအချိန်တွင် တစ်ပိဿာလျှင်(၂၀၀ဝိ/-မှ ၂၅၀ဝိ/-)ကျပ်ဖြင့် ဈေးကွက်အတွင်း  ရောင်းချနေကြောင်း သိရှိရပါသည်။ လားရှိုးမြို့ပေါ်ရှိ အိမ်များတွင်လည်း တစ်ပိုင်တစ်နိုင်မိမိတို့၏ အိမ်ခြံဝန်းအတွင်းများတွင် စိုက်ပျိုးထားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ (၁၀)ရက်နေ့မှ ဇွန်လ (၁၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၃၀၀ မှ ၆၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၃၀၀ မှ ၂၁၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၁၇၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) ကျပ် ၁၀၀၀ မှ ၂၁၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၂၀၀၀ မှ ၃၈၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၄၀၀ မှ ၁၅၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၂၇၁၇၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၁၅၈၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၃၃၅၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၄၁၀၅)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၆၈၉၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၁၅၆၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၃၄၅၀)ကျော်၊ ဖရဲသီးလုံးပေါင်း(၅၀၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၈) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင် မှ နဂါးမောက်သီး(အနီ) တစ်ဖာ အလုံးကြီး ၁၈ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၈၀၀၀၊ ပုပ္ပါးမှ နဂါးမောက်သီး(အဖြူ) တစ်ဖာ အလုံးကြီး ၁၈ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၁၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၉၀၀၀၊ ရေးမှ ဒူးရင်းသီး အလုံးကြီးတစ်လုံး  ကျပ် ၇၀၀၀ မှ ၆၀၀၀၊ အလုံးလတ် ကျပ် ၅၀၀၀ မှ ၄၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀ မှ ၂၀၀၀၊ ကျိုက်ကော်မှ နာနတ်သီး အလုံးကြီး ကျပ် ၁၂၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ မှ ၈၀၀ ၊ အလုံးသေး ကျပ် ၆၀၀ မှ ၅၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀၊ မိုင်းရယ် (ရှမ်းပြည်)မှ ဖရဲသီး(855) အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးလတ် ကျပ် ၄၅၀၀၊  အလုံးသေး ကျပ် ၃၀၀၀ ၊ တပ်ကုန်း၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀ ၊ ကသာမှ သရက်သီး (ရင်ကွဲ) အလုံးကြီး တောင်းတစ်တောင်း အလုံး ၇၀ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် တောင်းတစ်တောင်း အလုံး ၉၀ ပါ ကျပ် ၁၁၀၀၀၊ အလုံးသေး တောင်းတစ်တောင်း အလုံး ၁၀၀ ပါ ကျပ် ၉၀၀၀၊ ကသာမှ သရက်သီး (မချစ်စု) အလုံးကြီး တောင်းတစ်တောင်း အလုံး ၆၅ လုံးပါ ကျပ် ၁၇၀၀၀၊ အလုံးလတ် တောင်းတစ်တောင်း အလုံး ၈၅ ပါကျပ် ၁၂၀၀၀၊ အလုံးသေး တောင်းတစ်တောင်း အလုံး ၁၁၀ ပါကျပ် ၁၀၀၀၀၊ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ တတိယပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၈၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၉၁၀၀၀၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀၊ မန္တလေးသို့ အိတ်ရေ ၃၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၇၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၉၃၀၀၀ ၊ တန်အားဖြင့် ၄၆၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၂၀၀၀၊ တန်အားဖြင့် ၁၀၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၀၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ျှပ် ၄၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စလင်းမြို့နယ် နှမ်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

           မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အနေဖြင့် နှမ်းသီးနှံကို မိုးနှမ်းနှင့်နွေနှမ်းဟူ၍ ယာမြေနှင့်လယ်မြေတို့တွင် ရေသွင်း၍ စိုက်ပျိုးလေ့ရှိကြပါသည်။ ၂၀၂၁ခုနှစ် -၂၀၂၂ခုနှစ်တွင် စလင်းမြို့နယ်အနေဖြင့် နှမ်းစိုက်ဧက (၂၁၇၅၃)ဧက စိုက်ပျိုးပြီး အထွက်နှုန်းအားဖြင့် (၁)ဧကလျှင် ပျမ်းမျှ(၈)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

            နွေနှမ်းကို နှစ်စဉ်မတ်လနှင့် ဧပြီလတို့တွင် စိုက်ပျိုးပြီး ဇွန်၊ ဇူလိုင်လများတွင် ရိတ်သိမ်းကြပါကြောင်း၊ နှမ်းကို ကျေးရွာအုပ်စု (၆၀)တို့တွင် စိုက်ပျိုးကြပြီး နှမ်းဖြူ၊ နှမ်းဝါ၊ နှမ်းနက်နှင့် စမုံ(နှမ်းနက်)တို့ အများဆုံးစိုက်ပျိုးကြကြောင်း၊ နှမ်းနက်(၁)တင်းကြိတ်ခွဲလျှင် ဆီ(၆)ပိဿာနှင့် (၆)ပိဿာခွဲခန့် ထွက်ရှိကြောင်း၊ (၁)ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ (၃၀၀ဝ၀ဝိ/-)ခန့်ကုန်ကျပြီး (၁)ဧက လျှင်(၇)တင်း၊ (၈)တင်းနှုန်းထွက်ရှိရာ တောင်သူများအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၅၀၀၀ဝိ/-) (၆၀၀၀ဝိ/-)ကျပ်ထိ အကျိုးအမြတ်ရရှိခဲ့ပါကြောင်း၊ ထွက်ရှိသည့် နှမ်းများကိုမျိုးနှင့် ဆီကြိတ်စားသုံး ရန်အတွက်ထားရှိပြီး ပိုလျှံသည်များကို မကွေး၊ မင်းဘူးမြို့ရှိ ပွဲရုံများသို့ ရောင်းချကြောင်း၊ ယခင်နှစ်က သီးနှံပေါ်ချိန်တွင် နှမ်း(၁)တင်းလျှင် (၄၅၀၀ဝိ/-)(၅၀၀၀ဝိ/-) ရောင်းချရ၍ ဈေးရရှိခဲ့ကြောင်း တောင်သူထံမှသိရှိရပါသည်။

          ယခင်နှစ်ကနှမ်းအထွက်နှုန်းနည်းခဲ့ပြီး ဈေးနှုန်းအသင့်အတင့်ရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုအကြိမ်ရေများခြင်း၊ မြေအစိုဓါတ်ရရှိ၍ အပင်ဖြစ်ထွန်းမှုများနှင့် နှမ်းအပွင့်အသီးများ တင်ခြင်း၊ ပိုးမွှားနှင့်မှိုရောဂါများ ကျရောက်မှုနည်းပါးခြင်းတို့ကြောင့် ယခုနှစ်အနေဖြင့် နွေနှမ်း အထွက်နှုန်းမှာ ယခင်နှစ်ကထက် တိုးလာနိုင်ကြောင်း၊ ဈေးနှုန်းမှာလည်း ယခင်နှစ်က (၃၀၀ဝ-၅၀၀ဝ) ကြား ပို၍ တောင်သူများ အကျိုးဖြစ်ထွန်းမှုကို ယခင်နှစ်ကထက်သာမည်ဟု မျှော်မှန်းရကြောင်း၊ ရွာတန်းရှည်ကျေးရွာရှိ နှမ်းစိုက်တောင်သူ ဦးငွေသောင်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဇွန်လ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်နှင့်မုံရွာခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ(နောက်ဆုံးပတ်)တွင်ဖြစ်ပေါ်နေသေ ာအခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၅၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ရေဦးမြို့မှပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၃၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင် ကျပ် ၅၂၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါတစ်အိတ်လျှင်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါတစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါတစ်အိတ်မှာ ကျပ် ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၃၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၃၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၄၁၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်တစ်အိတ်လျှင် ကျပ် ၅၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၈၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ်၃၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်တစ်အိတ်မှာ ကျပ် ၄၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၄၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်တစ်အိတ်လျှင် ကျပ် ၅၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ(ပထမ)ပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၈၆၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၄၅၀၀၊ စုစုပေါင်းအိတ်ရေ (၇၉၁၀၀) အိတ်၊ တန်အားဖြင့် (၃၉၅၅)စီးထွက်ခဲ့ပြီး၊ ယခုဇွန်လ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၉၂၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း (မြောက်)သို့ အိတ်ရေ ၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၉၂၂၀၀) အိတ်၊ တန်အားဖြင့် (၄၆၁၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၃၁၀၀)တန်အားဖြင့် (၆၅၅) ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                                              

ညောင်တုန်းမြို့နယ်တွင် ဧည်မထဆန်များ ဈေးကောင်းရ

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၆.၂၀၂၂) နေ့ နံနက်ပိုင်း(၁၀၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် (၄)ရပ်ကွက်ရှိ ရွှေပြည်စိုး ဆန်ပွဲရုံသို့ သွားရောက်၍ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရွှေပြည်စိုး ဆန်ပွဲရုံ ပိုင်ရှင်မှ ညောင်တုန်းမြို့နယ် ဆန်ဈေး ကွက် အခြေအနေများ မိုးစပါး၊ ဆင်းသုခ၊ မနောသုခ၊ ဆန်တစ်အိပ်လျှင် ၃၅၀၀ဝိ/- ဖြင့် အရောင်း အဝယ်ဖြစ်နေပြီး သီးထပ်ရင် ဆန်တစ်အိပ်လျှင် ၃၂၀၀ဝိ/- ဆန်ကွဲ တစ်အိပ်လျှင် ၂၈၀၀ဝိ/- ဖြင့် အရောင်း အဝယ်တွင်ကျယ်လျက်ရှိကြောင်း သိရှိရပါသည်။

           မြို့နယ်ဦးစီးမှူး ဦးအောင်လွင်မှ မြို့နယ် ဈေးကွက်မှ ရန်ကုန်ဈေးကွက် ထိုးဖောက်နိုင်ရေး အရည်အသွေးကောင်းသည့် ဆန်များ ပိုမိုထွက်ရှိနိုင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကယားပြည်နယ်အတွင်းသို့ ကုန်စည်များ စီးဝင်/စီးထွက်မှု အခြေအနေ 

          ၂၀၂၂ ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း ကုန်စည်စီးဆင်းမှုမှာ ပုံမှန် ရောင်းဝယ်လည်ပတ်လျက် ရှိကြောင်းသိရပြီး အခြား  ဒေသများမှ ပြည်နယ်အတွင်းသို့ လယ်ယာထွက်ကုန် သီးနှံများ ဖြစ်သည့် ဆန်တင်သွင်းမှုများမှာ (၃၄၅) အိတ်၊ (၁၇.၂၅)တန် ဝင်ရောက်လာကြောင်း ၊ အခြား လူသုံးကုန်အမျိုးမျိုး၊ စားသောက်ကုန်အမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ လယ်ယာသုံး ကုန်ပစ္စည်းများ၊ ဝင်ရောက်မှု အခြေအနေမှာ ကုန်စုံကား (၂၆)စီး၊ အချိုရည် ကား(၇)စီး၊ ကြက်သွန်နီ (၇၆၀)အိတ်၊ ခရမ်းချဉ် သီး(၃၅)အိတ်၊ ကြက်ဥ (၁၅၀)ကဒ်၊ ဘီယာကား(၁)စီး၊ ဘိလပ်မြေကား (၆)စီး၊ (၃၄၀၀)အိတ်၊ မြေဩဇာကား(၄)စီး၊ မြေဆီ ကား(၃)စီး၊ ဆီဘောက်ဆာကား ( ၈ )စီး အသီးသီး ကုန်စည်စီးဝင်လျက်ရှိကြောင်း၊ ပြည် နယ်မှ အခြားမြို့/ ဒေသများသို့ တင်ပို့မှု ကွမ်းခြင်းကား(၁)စီး၊ သံတိုသံစကား (၁၁) စီး၊ ငှက်ပျောကား(၁၀)စီး၊ ကြက်စာ(၈၅၀)အိတ်၊ မြေဩဇာကား(၁)၊ကုန်စုံကား(၁) စီးထွက် ရှိပါကြောင်း ပူးပေါင်း စစ်ဆေးရေး ဂိတ်စာရင်းများအရ သိရှိရပါတယ်။

DOCA(ကယား)

မကွေးမြို့ရှိ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ မြင့်တက်လျှက်ရှိ

           မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် သီးနှံများ စိုက်ပျိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် စျေးကွက်အတွင်း အ‌ရောင်းအဝယ်ဖြစ်နေသည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

        စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူသုံးများ‌သော ဓါတ်မြေသြဇာများမှ အာမို၊ MC ၊ တက်တိုးနှင့် ရွှေပုလဲတို့ဖြစ်ကြပြီး စျေးနှုန်းများမှာ ယခင်အပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင်(၉၆၅၀ဝိ/-) ကျပ်ရှိပြီး ယခုအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် (၉၈၀၀ဝိ/-)ကျပ်ဖြစ်၍ (၁၅၀ဝိ/-)ကျပ် စျေးတက်၊ MC (50kg) တစ်အိတ်လျှင် ယခင်အပတ် (၈၀၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ် (၉၂၀၀ဝိ/-)ကျပ်ဖြစ်၍ (၁၂၀၀ဝိ/-)ကျပ်စျေးတက်ခဲ့ပြီး တက်တိုး (၁၅:၇:၈) တစ်အိတ်လျှင် ယခင်အပတ် (၇၈၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ်(၇၈၀၀ဝိ/-) ကျပ်၊ ရွှေပုလဲ(မြင်းကျား) တစ်အိတ်လျှင် ယခင်အပတ် (၅၅၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ် (၅၅၀၀ဝိ/-)ကျပ်ဖြင့် ယခင်စျေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်းနှင့် လူသုံးများသော ပိုးသတ်ဆေးများမှာ ဆိုင်ကလုံး၊ ကင်ရွန်နှင့် အီရာပရိုသရင်း တို့ဖြစ်ပြီး ပိုးသတ်ဆေးစျေးနှုန်းမှာ ဆိုင်ကလုံး(၅၅၀EC)တစ်ဗူးလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ကင်ရှန့် (၅၅၀-EC)တစ်ဗူးလျှင် (၁၉၀၀ဝိ/-)ကျပ်နှင့် အီရာပရိုသရင်း(၅၀-CC)တစ်ဗူးလျှင် (၁၆၅၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ‌ဒေသထွက်ကြက်သွန်များ စျေးကောင်းလျှက်ရှိ

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၇၂)စုတွင် ကျေးရွာပေါင်း(၃၀၅)ရွာ၌  ကြက်သွန်နီ တောင်သူများသည် ယခုလက်ရှိပေါက်စျေးအရ စျေးကောင်း ရရှိလျှက်ရှိကြောင်း သိရပါသည်။ တောင်တွင်းကြီး မြို့နယ်တွင် ယခုနှစ်အတွင်း ကြက်သွန်နီ စိုက်ဧက (၆၂၂)ဧက လျာထားလျှက်ရှိသော်လည်း ယခင်နှစ်က ကြက်သွန်နီစျေးနှုန်း ကျဆင်းကာ ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်ခဲ့သဖြင့် ယခုနှစ်တွင်(၆၀၀)ဧက ခန့်သာစိုက်ပြီးခဲ့၍ စိုက်ဧကအပြည့်အဝ စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိကြောင်း သိရပါသည်။

         ယခင်နှစ်ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းလျှင် (၂၅ဝိ/-)မှ (၂၇ဝိ/-)ကျပ်ဝန်းကျင်ရှိပြီး ယခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာစျေးနှုန်းမှာ (၉၀ဝိ/-)မှ (၁၁၀ဝိ/-)အထိ မြှင့်တက်လာ၍ တောင်သူများ တွက်ခြေကိုက် လျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း