သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခု နှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝန်းကျောက်ရပ်ကွက်ရှိ “နွား”အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၇)ရက်၊နံနက်(၁၁:၀၀)နာရီတွင် ဘိုကလေးမြို့နယ်(Top One)သုံးထောင့်မုန့်ဆိုင်၌လုပ်သားပြည်သူ(၈)ဦးအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် Top One သုံးထောင့်မုန့်လုပ်ငန်းမှထုတ်လုပ်သောကုန်ပစ္စည်းများ ဈေးကွက်ရောက်ပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ဈေးကွက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့နယ်တာဝန်ခံ သည်(၈.၆.၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဇွန်လ(၇)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ နွားသက္ကယ်ကုန်း၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။