သတင်းနှင့် လှုပ်ရှားမှုများ
မိတ္ထီလာခရိုင်အတွင်း မိုးသီးနှံအဖြစ် နှစ်စဉ် နှမ်းမြေပဲ ၊ဝါ၊ ပဲစင်းငုံတို့ကို အဓိကစိုက်ပျိုးပြီး တချို့ကျေးရွာများတွင် ပဲတီစိမ်းကိုလည်းစိုက်ပျိုးကြပါသည်။ ယခုအခါ စားသုံးဆီဈေးကောင်းရသဖြင့် နေကြာဆီမှာလည်း ကျန်းမာရေးအရ ကောင်းမွန်ခြင်းကြောင့် စားသုံးမှုများပြားလာရာ စိုက်ပျိုးမှုလည်းများပြားလာပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် မိတ္ထီလာခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရန်လျာထားချက်မှာ မိုးနှမ်း (၉၉၄၀၉) ဧက၊ မိုးနေကြာ (၄၅) ဧက၊ မိုးကြိုဝါ (၂၇၃၂) ဧက၊ မိုးဝါ (၂၅၇၄) ဧက၊ မိုးကြိုပဲတီစ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ မြို့နယ်တာဝန်ခံသည်(၉.၆.၂၀၂၃)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျောက်ရဲကျေးရွာ၊ အိုင်သပြုဆွမ်းလောင်းဓမ္မာရုံ၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အလှကုန်ဆိုင်နှင့်ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသောအလှကုန်ပစ္စည်းများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကတားမြစ်ထားသော သုံ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တာဝန်ခံ သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် (၇.၆.၂၀၂၃) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီ အချိန်တွင် ဆန်တန်းရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ ပဲပြား၊ မုန့်ဖက်၊ မျှစ်နှင့် ငရုတ်သီးအရောင်တင်မှုန့် အရောင်း ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်အရ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ (CICC) ခန်းမ၌ “စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃) ၏ သင်ခန်းစာများအား ဆင့်ပွားရှင်းလင်းဆွေးနွေးပို့ချခြင်းကို (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။