Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jun 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့နယ်တာဝန်ခံသည်  ၂၀၂၃ခုနှစ်၊ ဇွန် လ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လယ်တော်ကျေးရွာအုပ်စုရှိ “MAX” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

22 Jun 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ ဒု-ခရိုင် ဦးစီးမှူးသည်(၁၉.၆.၂၀၂၃) ရက်နေ့ ၊နံက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်၊ “အောင်ဇေယျ” ပဲလှော်လုပ်ငန်း၌ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

22 Jun 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ဦးစီးမှူးရုံး၌ (၁၃.၆.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၃၀) နာရီ တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။

22 Jun 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးပါ ဝန်ထမ်းများသည်  ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ၁၈-၆-၂၀၂၃ ရက်နေ့ ၊(၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ခနိမ်းဒို ကျေးရွာရှိ  ဦးစောရွှေလှရီ၏ ရွှေနေလဆန်း ဆန်စက်တွင် တွေ့ဆုံ၍ အခြေခံစားကုန်ဖြစ်သည့် ဆန်စပါး ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံစေရေးအတွက် ဒေသအလိုက်ဖြစ်ထွန်း အောင်မြင်ပြီး ဈေးကွက်ရှိစပါးမျိုးများ တိုးတက်စိုက်ပျိုးနိုင်စေရေး၊

22 Jun 2023

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး နှင့် ဝန်ထမ်း(၁)ဦးသည် ၁၆.၆.၂၀၂၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက် ၊ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

Pages