သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၂.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၈/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အ ထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၉) ဦး တက်ရောက်ခဲ့ပါသည်။
တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်တို့က သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် အသိပညာပေးဟောပြောကြပါသည်။
ဖြူးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံး၌ကျင်းပသည့် အသိပညာပေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းတက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်
၂၀၂၃ ၊ ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ (အ.ထ.က)ခွဲ ညောင်အိုင်ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု - ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်နှင့် ဝန်ထမ်း (၁) ဦးတို့သည် ၂၀၂၃ခုနှစ်၊ဇွန်လ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မခိုင် ဝက်အူချောင်း၊ ကြက်အူချောင်း လုပ်ငန်းရှင် မခိုင် နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။