Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Jul 2023

   ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့‌ပေါ်ရှိ ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုး တင်သွင်းရောင်းချနေသော ဆေးဆိုင်များ၊ ဆေးဆိုင်နှင့်ဆေးခန်း တွဲလျက်ဖွင့်လှစ်ထားသည့်ဆိုင်များ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ လုပ်ငန်း(၂၈)ဦးနှင့် တွေ့ဆုံ၍ တင်သွင်းရောင်းချနေသော ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးတွင် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ် သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊

04 Jul 2023

 ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ Win Mini Mart နှင့် K & K စတိုး ဆိုင်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/ မရှိ   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆေ

04 Jul 2023

   ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၆/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

04 Jul 2023

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော် (လ/ထညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်၊  အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

04 Jul 2023

    ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီ၊ CMP လုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၆-၂၀၂၃)  ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (၄၇၉)၊ ပတ္တမြားလမ်း၊ ၁၅ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Royal Moon Star (လက်အိတ်) ချုပ်လုပ်ငန်းသို့သွားရောက်၍ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages