သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းးပပြုလုပ်ခဲ့သော သဘာဝမြေဩဇာထုတ်လုပ်သူလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများ၊ သဘာဝမြေဩဇာထုတ်လုပ်သောလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း (၁၁) ဦးတက်ရောက်ခဲ့ကြသည်။
(၂၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းရှိ တိုင်းဆန်စက်ပိုင်ရှင်များအသင်းရုံးတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဒု-တိုင်းဦးစီးမှူး ဦးစိုးဦးသည် ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်နှင့် ဆန်စပါးအရောင်းအဝယ်ပြုလုပ်နေသူများအား သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သောလုပ်ငန်းများကိုထိန်းကျောင်းနိုင်ရန်နှင့် ဆန်စပါးသိုလှောင်မှုအခြေအနေအား စနစ်တကျဆောင်ရွက်နိုင်ရန် ဆန်စပါးသိုလှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရပုဂ္ဂလိကလုပ်ငန်းအဖွဲ့ ဖွဲ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ပုဂ္ဂလိကစက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဦး၊ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြား
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံတမံကျေးရွာ (အ-ထ-က) ကျောင်းတွင် ပြည်သူ့ကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ(၂၆၅)ဦး၊ ဆရာ/ဆရာမ(၁၇)ဦး၊ စုစုပေါင်း(၂၈၂)တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။