Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Jul 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံသည် (၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်း၍ မြို့သစ်မြို့၊ မြို့မစျေးအတွင်းရှိ စားသောက်ကုန်နှင့် မုန့်မျိုးစုံရောင်းချနေသောဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိတို့ကို  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် အသိပညာပေးမှုများဆောင်ရွက်ခဲ့ပါသည်။       

11 Jul 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့်( ၅.၇.၂၀၂၃ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ရာပြည့်စံကိုယ်ပိုင် အထက်တန်းကျောင်း၌အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ (၁၂၀) ဦးနှင့် ဆရာ၊ ဆရာမ (၂၀) ဦး စုစုပေါင်း (၁၄၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

11 Jul 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၇-၇-၂၀၂၃)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) နံနက် (၀၉:၀၀)အချိန်တွင် ပြုလုပ်ခဲ့သည်။ နေပြည်တော်ဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအသိပညာ ပေးသိကောင်းစရာများနှင့် အပင်ပိုးမွှား(Bio Hazard) ဓါတုဓါတ်ကြွင်းများကို ကုန်သွယ်ရေးနှင့် စားသုံးသူရှုထောင့်ဘက်မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး လက်ထောက

11 Jul 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်ရှိ “ဦးအုန်းငွေ” လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ 

11 Jul 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၅-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ “ဦးကျော်အောင်” လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင်ကြည့်စစ်ဆေးခဲ့ပါသည်။ 

Pages