သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် မင်္ဂလာဈေးအတွင်းရှိ ဈေးတာဝန်ခံများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့် မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးများလက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Zabu Kan Tun Trading Co.,Ltd ၏ စားအုန်းဆီများရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။
ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိစေရေးရည်ရွယ်၍ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဒေသထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင် (၂၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များက
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် အန္တရာယ်ကင်းသည့်စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးရန်မသင့်ဟုတားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်များအကြောင်းတို့အား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် မြို့သစ်မြို့၊ စည်ပင်သာယာစျေး၏တောင်ဘက်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ
(၂၆-၆-၂၀၂၃) ရက်နေ့တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မော်လမြိုင်မြို့ နယ်မှ အအေးခန်းစက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အအေးခန်းလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း (၆) ဦးတက်ရောက်ခဲ့သည်။