သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ဇွန် ၁၅ ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(၁၆.၆.၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မြို့မစည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၁၆.၆.၂၀၂၃ ရက်နေ့၊ ၁၀း၃၀ နာရီအချိန်တွင် အောင်နန်းရပ်ကွက်ရှိ လက်လီ/လက်ကား ကုန်စုံဆိုင် လုပ်ငန်းရှင် (၂)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မြို့နယ်တာဝန်ခံသည် (၁၃.၆.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ဂဗျဉ်းကျေးရွာအုပ်စုရှိ အ.လ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကဉ္ဇနကျွန်းသာ ကုမ္ပဏီလီမီတက်မှ ၂၀၂၃-၂၀၂၄ မိုးစပါး (ကန်ထရိုက်လယ်ယာ) စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။