သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် (၁၂.၆.၂၀၂၃) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်အတွင်းရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦး ဦးဆောင်သော စိုက်ပျိုးရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့နှင့်အတူ (၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု၊ တောင်ငူ-ထန်းတပင်လမ်းမပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်၍ တရားမဝင်ဓာတ်မြေဩဇာများရောင်းချခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေး
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် (၅.၆.၂၀၂၃)ရက်နေ့တွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုခန်းမတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြော ဆွေးနွေးခဲ့ပါသည်။
၉.၆.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ မဟာမြိုင်ရပ်ကွက်ရှိ အကောက်ခွန်ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ ပြုလုပ်သည့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသော စားသုံးရန်မသင့်သည့် စားသောက်ကုန်များအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
၂၀၂၃ခုနှစ် ဇွန်လ ၁၀ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ကြည်၊ အငယ်တန်းစာရေး ဒေါ်ခင်လေးနွယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာတို့သည် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။