Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jun 2023

         စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင် ၊ ဒု-ဦးစီးမှုး ဒေါ်စောကြည်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၅.၆.၂၀၂၃)ရက်နေ့ နံနက် (၁ဝး၀၀)နာရီ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်ရတနာ (၂)ထပ်ဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

21 Jun 2023

                  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင် ၊ ဒု-ဦးစီးမှုး ဒေါ်စောကြည်နှင့် ဝန်ထမ်းများသည် (၁၅.၆.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ “GQ”  အမှတ်တံဆိပ်ပါ ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

21 Jun 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့် ဝန်ထမ်းများသည် (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်  အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့ကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

21 Jun 2023

          ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့၊ နံနက် ၀၉:၃၀ တွင် ညောင်ဦးခရိုင်စားသုံးသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မူးယစ် ဆေးဝါးတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) ၌ ဆောင်ရွက်ခဲ့ပါသည်။

21 Jun 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် (၉.၆.၂၀၂၃) ရက်နေ့၊ (၁၃:၃၀)နာရီတွင် မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာ၊ ကိုးပင်လမ်းဆုံ၌ ထုတ်လုပ်သော ရွှေစတား အမှတ်တံဆိပ် ဆိတ်သားခြောက် လုပ်ငန်းရှင် ဒေါ်တင်နီလာကြိုင်အား မကွေးခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရမည့် အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏

Pages