Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jun 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းတွင်ပြုလုပ်သော  တိရိစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးအသိပညာပေးသင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

21 Jun 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

21 Jun 2023

     ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် (၁၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဒေးဒရဲမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ကုန်ခြောက်လုပ်ငန်း ရှင် (၁၅) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

21 Jun 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၉-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ (၁၂) ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူ (၃၆) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စားသုံးသူအခွင့်အရေးသိရှိစေရန်အတွက်  အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

21 Jun 2023

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(ဌာနခွဲတာဝန်ခံ) ဦးမင်းဇော် ဦးဆောင်၍ စစ်ဆေးရေးမှူး(ဌာနခွဲတာဝန်ခံ) ဦးစောသန်းထိုက်ကျော်၊ စစ်ဆေးရေးမှူး (မြို့နယ်တာဝန်ခံ)ဒေါ်အေးအေးခိုင် တို့ပါဝင်သော အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ရောင်းချနေသော အလှကုန်ပစ္စည်းများ၊

Pages