သတင်းနှင့် လှုပ်ရှားမှုများ
တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၁၃-၆-၂၀၂၃) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ သင်္ဃန်းချောင်ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးလွင်နှင့် မုဒုံမြို့နယ်တာဝန်ခံတို့သည် (၁၃-၆-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်ရှိ ဖူးဖူးဆန်စက်နှင့် မြို့မ (၄) ရပ်ကွက်ရှိ မြန်မာ့တော်ဝင်ဆန်စက်ပိုင်ရှင်တို့အား သွားရောက်တွေ့ဆုံခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ၂၀၂၃ခုနှစ်၊ဇွန်လ ၈ ရက်နေ့ ၊မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ် ၂၂ မင်းကြီးညိုရပ်ကွက်၊ ရေခဲလမ်းရှိ ရာအိမ်မှူးနေအိမ်၌ ရေခဲလမ်းနေပြည်သူ(၁၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၁၄-၆-၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကို ဆွေးနွေး ကျင်းပပြုလုပ်ခဲ့ပါသည်။